Sunday, September 1, 2013

မိမိတို့ Facebook ရဲ့ Newfeed ကို Organize လုပ်ကြည့်ကြမယ် Facebook မှာ မိမိနဲ့  အပြင်မှာတကယ်ခင်သူ သူငယ်ချင်းတွေ ရှိသလို မသိတဲ့  သူငယ်ချင်းတွေလည်းအများကြီးရှိမှာပါ။


  အဲဒီအတွက် ကိုယ့် ရဲ့  News Feed မှာ Post တွေ များပြားနေပြီး မိမိ နဲ့ ခင်မင်သူသူငယ်ချင်းတွေ ရဲ့  Posts တွေ၊ သတင်းတွေကို ဦးစားပေးအနေနဲ့ တွေ့ မြင်ချင်ရင်ပဲဖြစ်ဖြစ် မသိသူတွေရဲ့  Posts တွေကို သိပ်မတွေ့ ချင်ရင်ပဲဖြစ်ဖြစ် ဒီနည်းကို သုံးပါ။Facebook မှာ သိပ်ပြီးအဆက်အသွယ်မလုပ်ဖြစ်တဲ့သူတွေရဲ့  Posts တွေကို သိပ်မတွေ့ မြင်နိုင်အောင် သူတို့ ကို Acquaintances List ထဲထည့်ထားလို့ ရပါတယ်။ Acquaintances List ထဲကို Manual ထည့်လို့ ရသလို Facebook ရဲ့  Organize Tool ကို အသုံးပြုလို့ ရပါတယ်။Organize Tool က မိမိနဲ့  အဆက်အသွယ် သိပ်မရှိတဲ့ သူငယ်ချင်းတွေကို Suggest လုပ်ပေးနိုင်တဲ့အတွက်လွယ်ကူအဆင်ပြေစေပါတယ်။ facebook.com/friends/organize ကိုသွားပြီး Suggest လုပ်ထားတဲ့သူငယ်ချင်းတွေ ထဲက ရွေးချယ်ပြီး Acquaintances List ထဲထည့်နိုင်ပါတယ်။ Credit to:ဆော့ဝဲမြို့တော် အေးချမ်းမွန် Credit To >:ဆော့ဝဲမြို့တော် < Thanks Re-posted By ACM 2-9-2013 https://www.facebook.com/excellencemedia  

MrCopy Blogaway

No comments:

Post a Comment