ရတနာပုံအသင်းပိုင်ရှင် ဒေါက်တာစိုင်းဆမ်ထွန်းက လာမည့်နှစ်ဘောလုံးရာသီတွင် ပြည်ပကစားသမား မခေါ်ယူ ဘဲ ပြည်တွင်း ... ရတနာပုံအသင်းပိုင်ရှင် ဒေါက်တာစိုင်းဆမ်ထွန်းက လာမည့်နှစ်ဘောလုံးရာသီတွင် ပြည်ပကစားသမား မခေါ်ယူ ဘဲ ပြည်တွင်းကစားသမားများဖြင့် ပြိုင်ပွဲဝင်ရန် စီစဉ်ထားသည်ဟု ပြောကြားခဲ့သော်လည်း အသင်းနည်းပြချုပ် ဦးဇော်လေးအောင်က နိုင်ငံခြားသားကစားသမား မခေါ်ယူလျှင် အသင်း အဆင့်နိမ့် သွားနိုင်သည်ဟု သုံးသပ် ပြောကြားခဲ့သည်။ ရတနာပုံအသင်းသည် ပြီးခဲ့သည့် ဘောလုံးရာသီက လက်ရွေးစင်အဆင့် ကစားသမားများဖြစ်သော သီဟစည်သူ (ဂိုး)၊ ရန်အောင်ဝင်း၊ ကောင်းစည်သူ၊ ဇော်မင်းထွန်း စသည့် ကစားသမားများကို ခေါ်ယူ အားဖြည့်နိုင်ခဲ့သော်လည်း အသင်းတွင် လိုအပ်ချက်များ ရှိနေဆဲဖြစ်ကြောင်း ဦးဇော်လေးအောင်က မဇ္ဈိမသို့ ဖွင့်ဟသည်။ “လာမယ့်နှစ်မှာ အသင်းပိုင်ရှင်က နိုင်ငံခြားသားမသုံးဘူးလို့ ပြောထားပါတယ်။ သူ့ရဲ့ဆုံးဖြတ်ချက်ကို လေးစားရ မှာပါ။ ဒါပေမယ့် အသင်းရဲ့လိုအပ်ချက်အရ နိုင်ငံခြားသားခေါ်ဖို့ လိုအပ်ပါသေးတယ်။ နိုင်ငံခြား သားမခေါ်ရင် အသင်းခြေစွမ်းနဲ့ အဆင့်နိမ့်သွားနိုင်ပါတယ်” ဟု ၎င်းကဆိုသည်။ ရတနာပုံအသင်းသည် စက်တင်ဘာ (၂၁) ရက်တွင်ကျင်းပမည့် MNL Cup ပြိုင်ပွဲအတွက် ပြင်ဆင်ရာတွင် လေ့ကျင့်ရေးကွင်း အခက်အခဲနှင့် ရင်ဆိုင်နေ ရသဖြင့် စက်တင်ဘာ(၁၃)ရက်မှစတင်ကာ မန္တလေးမြို့သို့ သွားရောက်လေ့ ကျင့်ရန် စီစဉ်ထားသည်။ “လေ့ကျင့်ရေးကွင်း အခြေအနေကတော့ တော်တော်ကို ဆိုးရွားနေတာပါ။ ဒီ အခက်အခဲက အသင်းတိုင်း ကြုံတွေ့နေရတဲ့ အခက်အခဲလေ။ ဒါတောင် ကျွန်တော်တို့ကွင်းက ရန်ကုန်မှာ အကောင်းဆုံးလို့ ပြောလို့ရတယ်။ ဒါကြောင့် မန္တလေးကို သွားလေ့ကျင့်ဖို့ စီစဉ်နေတာပါ” ဟု ၎င်းက ဆိုသည်။ ရတနာပုံအသင်းသည် MNL Cup ပြိုင်ပွဲ အုပ်စု(ဃ)တွင် ရန်ကုန်၊ ချင်း၊ ရခိုင်ယူနိုက်တက်တို့နှင့် တစ်အုပ်စုတည်း ကျရောက်နေပြီး အုပ်စုပွဲစဉ်များကို မန္တလေးမြို့ ဗထူးကွင်းတွင် ကစားရမည် ဖြစ်သည်။ Post by Mizzima - News in Burmese. Visit website http://pktkmk.blogspot.com/?m=1
No comments:
Post a Comment