Friday, September 6, 2013

ပြည်ပကစားသမားနှစ်ဦးနှင့် လမ်းခွဲရန် ရန်ကုန်အသင်းစီစဉ်ထား သတင်း / 2 hours ago

  မြန်မာနေရှင်နယ်လိဂ်သုံးနှစ်ဆက်ချန်ပီယံ ရန်ကုန်ယူနိုက်တက်အသင်းသည် ပြီးခဲ့သည့်နှစ်ကခေါ်ယူထားသော ပြည်ပကစားသမားလေးဦး ... မြန်မာနေရှင်နယ်လိဂ်သုံးနှစ်ဆက်ချန်ပီယံ ရန်ကုန်ယူနိုက်တက်အသင်းသည် ပြီးခဲ့သည့်နှစ်ကခေါ်ယူထားသော ပြည်ပကစားသမားလေးဦးထဲမှ အိုင်ဗရီကို့စ်တိုက်စစ်မှူးကိုနေးအဒမ်မာ၊ သြစတြေးလျနောက်ခံ လူဆီဗက် ကော့ဗ်စကီးတို့နှင့်လမ်းခွဲရန်စီစဉ်ထားကြောင်းမန်နေဂျာဦးကျော်လင်းထွေးက မဇ္ဈိမသို့အတည် ပြုပြောကြားသည်။ ကိုနေးအဒမ်မာနှင့် ဆီဗက်ကော့ဗ်စကီးတို့မှာပြီးခဲ့သည့်နှစ်က ရန်ကုန်အသင်းချန်ပီယံဖြစ်ရန် ကူညီစွမ်းဆောင် ပေးနိုင်ခဲ့ သူဖြစ်သော်လည်းလာမည့်နှစ် AFC Cup ပြိုင်ပွဲတွင်အောင်မြင်မှုရရန်အတွက် အရည်အသွေးမြင့် ကစားသမားများကိုထပ်မံအားဖြည့်လိုသဖြင့် ယင်းကစားသမားများနှင့်လမ်းခွဲရန်စီစဉ်ခဲ့ခြင်း ဖြစ်ကြောင်း ဦးကျော်လင်းထွေး ကဆိုသည်။ “ကျွန်တော်တို့လာမယ့်နှစ်ဘောလုံးရာသီအတွက် ပြည်ပ ကစားသမားနှစ်ဦးနဲ့ လမ်းခွဲမှာပါ။ ဒီကစားသမားတွေကတော့ ကိုနေး၊ ဆီဗက်ကော့ဗ်စကီးတို့ပါ။ သူတို့ရဲ့ ခြေစွမ်းကိုနှစ်သက် ပေမယ့် အရည်အသွေးမြင့် ကစားသမားသစ်တွေခေါ်ယူလိုတဲ့အတွက်လမ်းခွဲဖို့ စီစဉ်ခဲ့ တာပါ။” ဟု၎င်းက ပြောသည်။ ရန်ကုန်ယူနိုက်တက်အသင်းသည် အဆိုပါကစားသမားနှစ်ဦးနှင့် လမ်းခွဲရန် စီစဉ်ထားသော်လည်း ဘရာဇီး တိုက်စစ် မှူး ဆီဇာ၊ အိုင်ဗရီကို့စ်နောက်ခံ လူဂနိုဆီယန်တို့နှင့်မူ ဆက်လက်လက်တွဲမည်ဖြစ်သည်။ ဘရာဇီး တိုက်စစ်မှူး ဆီဇာမှာ၂၀၁၂ဘောလုံးရာသီကတည်းက ရန်ကုန်အသင်းတွင်ကစားနေသူဖြစ်ပြီး ပြီးခဲ့ သည့်နှစ်က မြန်မာ နေရှင်နယ်လိဂ် ဂိုးအများဆုံးသွင်းယူနိုင်သူဖြစ်သလို ရတနာပုံကစားသမားဟောင်း ဂနိုဆီယန်မှာ လည်း မြန်မာနေရှင်နယ်လိဂ်၌ဆုဖလားအများဆုံးဆွတ်ခူးရယူထားနိုင်သော ကစားသမား ဖြစ်သည်။ Post by Mizzima - News in Burmese. Visit website 

http://pktkmk.blogspot.com/?m=1

No comments:

Post a Comment