မြန်မာပြည် လူဦးရေ၏ ၁၁ ဒသမ ၁ ရာခိုင်နှုန်းသာ မိုဘိုင်းဖုန်း သုံးစွဲနိုင်သေးသည့် အတွက် လာမည့် ၂၀၁၅-၂၀၁၆ တွင် တယ်လီဖုန်း သိပ်သည်းဆကို ၇၅ ရာခိုင်နှုန်းမှ ရာခိုင်နှုန်း ၈၀ အထိ တိုးမြှင့်သွားမည် ဖြစ်ကြောင်း သိရသည်။ လက်ရှိတွင် ပြည်တွင်း၌ မိုဘိုင်းဖုန်း သုံးစွဲသူ စုစုပေါင်း ခြောက်သန်းကျော်ရှိပြီး ထိုထဲတွင် GSM နှင့် WCDMA မိုဘိုင်းဖုန်း သုံးစွဲသူ စုစုပေါင်းမှာ သုံးသန်းကျော် ဖြစ်ကြောင်း သိရသည်။ ''လာမယ့် ၂၀၁၅-၁၆ မှာ တယ်လီဖုန်း သိပ်သည်းဆကို ၇၅ ရာခိုင်နှုန်းကနေ ရာခိုင်နှုန်း ၈၀ အထိ မျှော်မှန်းထားပါတယ်။ အဲဒီအတွက် အော်ပရေတာ လေးခုလုံး ပူးပေါင်း ဆောင်ရွက်သွားမှာပါ။ အခုက လူဦးရေ သန်း ၆၀ ရဲ့ ၁၁ ဒသမ ၁ ရာခိုင်နှုန်းပဲ သုံးနိုင်သေးတယ်'' ဟု မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ မန်နေဂျင်းဒါရိုက်တာ ဦးအောင်မော်က ပြောကြားသည်။ ပြည်တွင်း၌ ကျပ် ၁၅၀၀ တန် မိုဘိုင်းဖုန်း အပါအ၀င် မိုဘိုင်းဖုန်း အလုံးရေ စုစုပေါင်း ၅ ဒသမ ၂ သန်း ရောင်းချပြီး ဖြစ်သော်လည်း အိမ်ထောင်စုတိုင်း ဖုန်းသုံးစွဲနိုင်ရန် လိုအပ်နေသေးကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း၏ ထုတ်ပြန် ကြေညာချက်အရ သိရသည်။ မြန်မာနိုင်ငံတွင် အိမ်ထောင်စုပေါင်း ၈ ဒသမ ၇ သန်းကျော်ရှိပြီး ရောင်းချပြီး မိုဘိုင်းဖုန်း အရေအတွက်နှင့် အချိုးကျ တွက်ကြည့်ပါက အိမ်ထောင်စု ၁ ဒသမ ၇ စုလျှင် မိုဘိုင်းဖုန်း တစ်လုံးနှုန်း ရရှိရမည် ဖြစ်သော်လည်း လက်ရှိတွင် အိမ်ထောင်စုတိုင်း မိုဘိုင်းဖုန်း သုံးစွဲနိုင်ရန် လိုအပ်နေသေးကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ ထုတ်ပြန်ထားသည်။ အဆိုပါ တယ်လီဖုန်း သိပ်သည်းဆအား ရာခိုင်နှုန်း ၈၀ အထိ တိုးမြှင့်ဆောင်ရွက်ရာတွင် MPT၊ Ooredoo၊ Telenor နှင့် အခြား အော်ပရေတာ တစ်ခုတို့မှ ပူးပေါင်းဆောင်ရွက် သွားမည်ဖြစ်ပြီး ၎င်းကွန်ရက်များ တိုးချဲ့ရန်အတွက် မိုဘိုင်းဖုန်း တာဝါတိုင် ရှစ်သောင်းကျော်ကို စိုက်ထူသွားမည် ဖြစ်ကြောင်း သိရသည်။ နေပြည်တော်တွင် Myanmar Connect 2013 သို့ တက်ရောက် ဆွေးနွေးသူများအား တွေ့ရစဉ် (ဓာတ်ပုံ-နွဲ့ယဉ်အေး) အေးချမ်းမွန် Credit To >Eleven Media Group < Thanks Re-posted By ACM 13-9-2013 https://www.facebook.com/excellencemedia http://pktkmk.blogspot.com/?m=1
No comments:
Post a Comment