Friday, September 20, 2013

ဝိုင်တစ်ခွက်နဲ့ Intel Processor ကို အားသွင်းနိုင်

် ဝိုက်တစ်ခွက်နဲ့ Intel Processor အားသွင်းနိုင်တယ်ဆိုတာ တကယ်ပါ။ အမေရိကန်ပြည်ထောင်စု၊ ဆန်ဖရန်စစ္စကို မှာ ပြုလုပ်တဲ့ Intel Developer Fourm မှာ မိတ်ဆက်ပြသ သွားတဲ့ Intel ရဲ့  Processor အသစ် တစ်ခု ဖြစ် ပါတယ်။ အီလက်ထရုတ် ၂ ချောင်းကို ဝိုင်ခွက်ထဲ ထည့်ပြီး Processor ကို တိုက်ရိုက်အားသွင်းပြခဲ့ပါတယ်။ Low Powered processor ဖြစ်ပြီး စပျစ်ဝိုင်တစ်ခွက်နဲ့တင် အားဖြည့်လို့ရတယ်ဆိုတာကို သက်သေ ပြ ခဲ့ခြင်း ဖြစ်ပါတယ်။ အရင်က အာလူး တစ်လုံးနဲ့တင် ဖုန်းအားသွင်းလို့ ရတယ်ဆိုတာကို သက်သေပြ သလိုမျိုးပါပဲ။ ယခု စပျစ်နဲ့ အားသွင်းတဲ့ Processor ဟာ အားအစား သက်သာသလို စွမ်းဆောင်ရည်ပါ ပိုမြင့်တယ်လို့ ဆိုပါတယ်။ အလားတူပဲ Chip အသစ်များ မိတ်ဆက်ပြသခဲ့ပြီး အရွယ်အစားသေးငယ်မှု နဲ့ CPU, GPU ပိုမြန်တဲ့ အပိုင်းတွေကို ပြသသွားခဲ့ ပါတယ်။ နောက်ဆိုရင် အရေအပြာ အပူချိန်ကို အာရုံခံရုံနဲ့ အားသွင်းနိုင်မယ့် Processor နဲ့ Chip များကို ထုတ်လုပ်သွားဖို့ရှိတယ်လို့တောင် ကြေညာသွားခဲ့ ပါတယ်။ . Ref: pocketlint Aung Kham (TSJ team) အေးချမ်းမွန် Credit To > TechSpace Journal < Thanks Re-posted By ACM 16-9-2013 https://www.facebook.com/excellencemedia  

http://pktkmk.blogspot.com/?m=1

No comments:

Post a Comment