နေပြည်တော် စက်တင်ဘာ ၁ ဩဂုတ် ၂၈ ရက် ည ၁၁ နာရီခွဲခန့်တွင် မွန်ပြည်နယ် မော်လမြိုင်ခရိုင် ရဲတပ်ဖွဲ့မှူးရုံးနှင့် မြိုင်သာယာ နယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် မော်လမြိုင်မြို့ မြိုင်သာယာရပ်ကွက်ရှိ မ..၏နေအိမ်တွင် အမျိုးသမီး ငယ်များဖြင့် တရားမဝင်အနှိပ်ခန်းပြုလုပ်နေကြောင်း သတင်းအရ သက်သေ များနှင့်အတူ ဝင်ရောက်ရှာဖွေစစ်ဆေးခဲ့ရာ အမျိုးသမီး ငါးဦးနှင့် အနှိပ်ခန်း ပြုလုပ် ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများနှင့်အတူ တွေ့ရှိဖမ်းဆီး ရမိသဖြင့် အနှိပ်ခန်းပြုလုပ်သူ မ.....ပါ ခြောက်ဦးအား ပြစ်မှုပုဒ်မ ၁၈၈ဖြင့် အမှုဖွင့်အရေးယူခဲ့ပြီး သက်သေခံပစ္စည်းများနှင့်အတူ မြို့နယ် တရားရုံးသို့ တရားစွဲတင်ပို့ခဲ့ရာ မြို့နယ်တရားရုံးမှ မ...အား ထောင်ဒဏ် ၁၅ ရက်နှင့် အခြားအမျိုးသမီး ငါးဦးအား ထောင်ဒဏ်ခုနစ်ရက် ပြစ်ဒဏ် ချမှတ်ခဲ့ကြောင်း သိရသည်။ (သတင်းစဉ်) အေးချမ်းမွန် Credit To >သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း < Thanks Re-posted By ACM 2-9-2013 https://www.facebook.com/excellencemedia MrCopy Blogaway
No comments:
Post a Comment