Wednesday, September 11, 2013

စင်ကာပူကိုအနိုင်ယူပြီး မြန်မာ ယူ-၂၃ အသင်း မာဒေးကားဖလား ဗိုလ်လုပွဲတက်ပြီ သတင်း / 52 mins ago

 မလေးရှားနိုင်ငံတွင် ကျင်းပလျက်ရှိသော မာဒေးကားဖိတ်ခေါ်ဖလားပြိုင်ပွဲ၏ အုပ်စုနောက်ဆုံးပွဲစဉ်များကို ယမန်နေ့က  ... မလေးရှားနိုင်ငံတွင် ကျင်းပလျက်ရှိသော မာဒေးကားဖိတ်ခေါ်ဖလားပြိုင်ပွဲ၏ အုပ်စုနောက်ဆုံးပွဲစဉ်များကို ယမန်နေ့က ယှဉ်ပြိုင်ကစားခဲ့ရာ မြန်မာ ယူ-၂၃ အသင်းသည် စင်ကာပူအသင်းအား ၂-၀ ဂိုးဖြင့်အနိုင်ရပြီး ဗိုလ်လုပွဲသို့ တက်ရောက်နိုင်ခဲ့ပြီဖြစ်သည်။ အုပ်စုအစောပိုင်းပွဲစဉ် ၂ ပွဲတွင် ထိုင်းအသင်းကို သရေ၊ မလေးရှားအသင်းကို ရှုံးနိမ့်ခဲ့သော မြန်မာအသင်းသည် နောက်ဆုံးပွဲစဉ်ဖြစ်သော စင်ကာပူအသင်းကိုအနိုင် ရရှိခဲ့ပါကလည်း မလေးရှားနှင့်ကစားခဲ့သည့် ထိုင်းအသင်းရှုံးနိမ့်မှသာ ဗိုလ်လုပွဲစဉ်သို့ တက်ရောက်နိုင်မည် ဖြစ်သည်။ ထို့ကြောင့် မြန်မာနည်းပြပက်ဆောင်ဟွာသည် မလေးရှားနှင့်ပွဲစဉ်တွင် အနီကတ်ထိခဲ့သည့် ကြည်လင်းနှင့် ဒဏ်ရာပြဿနာရှိနေသည့် အသင်းခေါင်းဆောင် ကျော်ဇေယျာဝင်းတို့မှအပ အခြားအားထား ရသည့်ကစားသမားများ ထည့်သွင်းပြီး စင်ကာပူကိုရင်ဆိုင်ခဲ့သည်။ မြန်မာအသင်းသည် ပွဲစကတည်းက စင်ကာပူဖက်ကို ဖိအားပေးကစားနိုင်ခဲ့ပြီး ပွဲချိန် ၁၅ မိနစ်တွင်ပင် ဦးဆောင်ဂိုး ရရှိခဲ့သည်။ ထိုဂိုးကို အသင်းခေါင်းဆောင်အဖြစ် ပွဲထွက်လာသည့် တိုက်စစ်မှူးကျော်ကိုကိုက ခေါင်းတိုက်သွင်းယူ ပေးခဲ့ခြင်းဖြစ်သည်။ ဦးဆောင်ဂိုးပေးလိုက်ရသည့် စင်ကာပူအသင်းသည် ချေပဂိုးရရှိရန် မြန်မာဘက်ကို ထိုးဖောက် တိုက်စစ်ဆင်ခဲ့သော်လည်း အခွင့်အရေးကောင်းများ မရရှိခဲ့ပဲ ပထမပိုင်းအ ပြီးတွင် မြန်မာအသင်းက ၁-၀ ဂိုးဖြင့် ဦးဆောင်ထားနိုင်ခဲ့သည်။ ဒုတိယပိုင်းတွင်လည်း မြန်မာအသင်းကပင် ပွဲကိုစိုးမိုးကစားနိုင်ခဲ့ပြီး ပွဲချိန် ၈၉ မိနစ်တွင် ကောင်းစည်သူအစား လူစားဝင်လာသည့် တိုက်စစ်မှူး စိုးကျော်ကျော်ကပင် ဒုတိယဦးဆောင်ဂိုးကို ခေါင်းတိုက် သွင်းယူနိုင်ခဲ့သည်။ အိမ်ရှင်မလေးရှားအသင်းနှင့် ထိုင်းအသင်းတို့၏ ပွဲစဉ်တွင် မလေးရှားအသင်းက ၃-၀ ဂိုးဖြင့်အနိုင်ရရှိခဲ့ သောကြောင့် မြန်မာအသင်းမှာ ထိုင်းအသင်းနှင့်ရမှတ် ၄ မှတ်ချင်းတူသော်လည်း ဂိုးကွာခြားချက်အသာဖြင့် ဗိုလ်လုပွဲစဉ်သို့ တက်ရောက်နိုင်ခဲ့ခြင်းဖြစ်ပြီး မလေးရှားအသင်းနှင့်ရင်ဆိုင်ရတော့ မည်ဖြစ်သည်။ မြန်မာအသင်း နှင့် မလေးရှားအသင်းတို့သည် ၂၀၀၇ ခုနှစ်မာဒေးကား ဗိုလ်လုပွဲစဉ်ကလည်း တွေ့ဆုံခဲ့ဖူးပြီး မြန်မာအသင်းက ၃-၁ ဂိုးဖြင့်ရှုံးနိမ့်ခဲ့သည်။ မြန်မာအသင်းအနေဖြင့် မာဒေးကားပြိုင်ပွဲ၏ ဗိုလ်လုပွဲသို့ ၉ ကြိမ်မြောက် တက်ရောက် နိုင်ခဲ့ ခြင်းဖြစ်ပြီး ဗိုလ်လုပွဲစဉ်အား လာမည့်စနေနေ့ ည ၇း၁၅ နာရီတွင် ကစားမည် ဖြစ်သည်။

Post by Mizzima - News in Burmese. Visit website  

http://kmksgg.blogspot.com/?m=1 

http://pktkmk.blogspot.com/?m=1

No comments:

Post a Comment