ဗီယက်နမ်နိုင်ငံတွင် ကျင်းပပြုလုပ်မည့် ထန်နိုင်းဖိတ်ခေါ်ဘောလုံးပြိုင်ပွဲဝင်ရောက် ယှဉ်ပြိုင်ရန်အတွက် မြန်မာယူ- ၁၉ အသင်းကို ... ဗီယက်နမ်နိုင်ငံတွင် ကျင်းပပြုလုပ်မည့် ထန်နိုင်းဖိတ်ခေါ်ဘောလုံးပြိုင်ပွဲဝင်ရောက် ယှဉ်ပြိုင်ရန်အတွက် မြန်မာယူ- ၁၉ အသင်းကို ပြန်လည်ပြင်ဆင်ဖွဲ့စည်းမည် ဖြစ်ကြောင်း နည်းပြ ဂတ်ဇီဇီဖရိုင်းဒရစ်ခ်ျက မဇ်္ဈိမသို့ ပြောသည်။ မြန်မာယူ-၁၉ အသင်းသည်ပြီးခဲ့သည့် အာဆီယံယူ- ၁၉ချန်ပီယံရှစ်ပြိုင်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အုပ်စုအဆင့်မှပင် ထွက်ခွာခဲ့ရသည်။ “ဗီယက်နမ် ဖိတ်ခေါ်ပြိုင်ပွဲဝင်ဖို့ အသင်းကိုပြန်လည်ပြင်ဆင်ဖွဲ့စည်းပါမယ်။ ပြီးခဲ့တဲ့ အာဆီယံယူ- ၁၉ ချန်ပီယံ ရှစ်ပြိုင်ပွဲဝင်ခဲ့တဲ့ အသင်းကိုပဲ အခြေခံဖွဲ့စည်းမှာပါ။ ကစားသမားသစ်တွေ ထပ်ခေါ်ပါမယ်။ လူအပြောင်းအလဲ အတော်များများလုပ်မှာပါ။ ပြိုင်ပွဲမှာ အကောင်းဆုံး ဖြစ်အောင် ကြိုးစားပါမယ်” ဟုဖရိုင်းဒရစ်ခ်ျက ဆိုသည်။ ထန်နိုင်း ယူ-၂၁ နိုင်ငံတကာ ဖိတ်ခေါ် ဘောလုံးပြိုင်ပွဲကို ဗီယက်နမ်သတင်းစာ ထန်နိုင်းက အဓိက ကူညီပံ့ပိုးပြီး၂၀၀၇ ခုနှစ်ကတည်းက နှစ်စဉ်ကျင်းပ ပြုလုပ်ခဲ့သည်။ ပထမအကြိမ် ကျင်းပခဲ့သော ပြိုင်ပွဲတွင် မြန်မာအသင်း ၀င်ရောက်ယှဉ်ပြိုင်ခဲ့ပြီး စတုတ္ထ ရရှိခဲ့သည်။ ယခုနှစ်ထန်နိုင်းဖိတ်ခေါ်ဘောလုံးပြိုင်ပွဲကို အောက်တိုဘာ ၁၂ ရက်မှ ၂၀ ရက် အထိကျင်းပမည်ဖြစ်ပြီး အိမ်ရှင် ဗီယက်နမ်၊ မလေးရှား၊စင်ကာပူ၊ မြန်မာ၊ ဆစ်ဒနီလူငယ်အသင်းတို့ ပါဝင်ယှဉ်ပြိုင်မည် ဖြစ်သည်။ Post by Burma News from Mizzima. Visit website http://pktkmk.blogspot.com/?m=1
No comments:
Post a Comment