စက်တင်ဘာ (၁၄) ရက်တွင် မလေးရှားအသင်းနှင့် ကစားရမည်။မာဒေးကား ဖလားဗိုလ်လုပွဲ၌ မြန်မာယူ-၂၃ အသင်းအနေဖြင့် ... စက်တင်ဘာ (၁၄) ရက်တွင် မလေးရှားအသင်းနှင့် ကစားရမည်။မာဒေးကား ဖလားဗိုလ်လုပွဲ၌ မြန်မာယူ-၂၃ အသင်းအနေဖြင့် ကစားသမား အစုံအလင်ပါဝင်ကစားနိုင်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မီဒီယာ ဒါရိုက်တာ ဦးစိုးမိုးကျော်က မဇ္ဈိမသို့ အတည်ပြုပြောကြားသည်။ မြန်မာအသင်းတွင် အသင်းခေါင်းဆောင်ကျော်ဇေယျာဝင်းမှာ ခြေကျင်းဝတ်ဒဏ်ရာကြောင့် စင်ကာပူကို အနိုင်ရ ခဲ့သောပွဲကိုလွဲချော်ခဲ့သော်လည်း ယခုအခါ ဒဏ်ရာအခြေအနေ ပြန်လည်သက်သာ ကောင်းမွန်လာသဖြင့် ဗိုလ်လုပွဲကစားနိုင်မည်ဖြစ်သလိုမလေးရှားနှင့် အုပ်စုပွဲတွင်အနီကတ်ပြထုတ်ပယ်ခံခဲ့ရသည့် ကွင်းလယ်တောင်ပံ ကစားသမား ကြည်လင်းလည်းပွဲပယ်ပြစ်ဒဏ်မှလွတ်မြောက်မည်ဖြစ်သောကြောင့် ပြန်လည်ကစားနိုင်မည် ဖြစ်သည်။ “ဗိုလ်လုပွဲအတွက်အားလုံးအဆင်သင့်ဖြစ်နေပါပြီ။ အသင်းလေ့ကျင့်ခန်း အစီအစဉ်တွေမှာ ကစားသမား အစုံအလင် လေ့ကျင့် နိုင်ပါပြီ။ ကျော်ဇေယျာဝင်းလည်း ဒဏ်ရာသက်သာနေတာကြောင့် ဗိုလ်လုပွဲမှာပြန် ကစားနိုင်မှာပါ။ သူ့ဒဏ်ရာက မလေးနဲ့ကစားခဲ့တဲ့အုပ်စုပွဲမတိုင်ခင်ကတည်းကရနေတာ ဖြစ်ပြီး အရဲစွန့် သုံးခဲ့တာပါ။ ကြည်လင်းလည်း ပွဲပယ်ပြစ်ဒဏ်က လွတ်မြောက်လာခဲ့ပြီဖြစ်တာကြောင့် ပြန်ကစားနိုင်မှာ ပါ။”ဟု ဦးစိုးမိုးကျော်က ဆိုသည်။ မာဒေးကား ဖလား ဗိုလ်လုပွဲကို စက်တင်ဘာ (၁၄)ရက်ည၊ မြန်မာစံတော်ချိန် (၇း၁၅)နာရီတွင် ကျင်းပပြုလုပ်မည် ဖြစ်သည်။ အိမ်ရှင် မလေးရှားအသင်းမှာ မာဒေးကား ပြိုင်ပွဲတွင်အအောင်မြင်ဆုံးဖြစ်ပြီး ကိုးကြိမ်အထိ ဗိုလ်စွဲထားကာ ဗိုလ်လုပွဲ သို့ ရှစ်ကြိမ်တက်ရောက်ထားနိုင်သည်။မြန်မာအသင်းကမာဒေးကားပြိုင်ပွဲတွင် သုံးကြိမ်ဗိုလ်စွဲဖူးပြီး ဗိုလ်လုပွဲသို့ လေးကြိမ်တက်ရောက်ထားနိုင်သည်။မလေးရှားနှင့် မြန်မာတို့ အုပ်စုပတ်လည်အဆင့်တွင် တွေ့ဆုံခဲ့စဉ်က မလေးရှားက (၂-၁) ဂိုးဖြင့် အနိုင်ရရှိထားသည်။ Post by Mizzima - News in Burmese. Visit website
http://mrcopyboy.blogspot.com/?m=1 http://pktkmk.blogspot.com/?m=1
No comments:
Post a Comment