မြန်မာနေရှင်နယ်လိဂ်ကလပ် နေပြည်တော်အသင်းသည် လာလီဂါထိပ်သီးကလပ် အသင်းများဖြစ်သော ရီးရဲလ်မက်ဒရစ် ... မြန်မာနေရှင်နယ်လိဂ်ကလပ် နေပြည်တော်အသင်းသည် လာလီဂါထိပ်သီးကလပ် အသင်းများဖြစ်သော ရီးရဲလ်မက်ဒရစ်အသင်းနှင့် ဘာစီလိုနာအသင်းတို့၏ အိမ်ကွင်းများ၊ အသင်းဖွဲ့စည်း ထားပုံများ၊ လေ့ကျင့်ပုံများကို သွားရောက်လေ့လာရန်အတွက် စပိန်နိုင်ငံသို့ စက်တင်ဘာ(၁၆)ရက်တွင် မြန်မာနိုင်ငံမှ စတင် ထွက်ခွာမည် ဖြစ်ကြောင်း နေပြည်တော် ဒု-ဥက္ကဋ္ဌဦးစိုးသီဟက မဇ္ဈိမသို့ ပြောသည်။ နေပြည်တော်အသင်းသည် ယင်းခရီးစဉ်သို့ ပြီးခဲ့သည့် ဘောလုံးရာသီက ပုံမှန်ပွဲထွက်ခွင့်ရရှိခဲ့သော ကစား သမားများကို ဦးစားပေးခေါ်ယူသွားရန် စီစဉ်ထားသည်။ “ကျွန်တော်တို့အသင်းရဲ့ စပိန်ခရီးစဉ်ကို စက်တင်ဘာ(၁၆)ရက်မှာ စတင်ပါမယ်။ မက်ဒရစ်မြို့နဲ့ ဘာစီလိုနာမြို့ နှစ်မြို့ကို သွားရောက်လေ့လာမှာဖြစ်ပြီး ဘာနေဗျုးကွင်းနဲ့ နူးကမ့်ကွင်းတွေကို သွားလေ့လာမှာပါ။ အခွင့်အရေး ရရင် လာလီဂါပွဲတွေလည်း ကြည့်ဖြစ်မှာပါ”ဟု ဦးစိုးသီဟက ဆိုသည်။ နေပြည်တော်အသင်း၏စပိန်ခရီးစဉ်ကို AFC Cup ၀င်ခွင့်ရခဲ့သည့်အတွက် အသင်းဥက္ကဋ္ဌက ဆုကြေးအဖြစ် လိုက်ပါ ပို့ဆောင်ခြင်းဖြစ်ပြီး ခရီးစဉ်သို့လိုက်ပါမည့် ကစားသမားများမှာ MNL Cup အဖွင့်ပွဲစဉ်နှင့် လွဲချော်မည် ဖြစ်သည်။ Post by Mizzima - News in Burmese. Visit website http://pktkmk.blogspot.com/?m=1
No comments:
Post a Comment