Thursday, September 12, 2013

အီတလီစီးရီးအေ၏ ၀င်ငွေအများဆုံးကစားသမားအဖြစ် ရိုးမားကွင်းလယ်လူ ဒီရော့စီ ရပ်တည်နေ

  အောင်သုတ ပြီးခဲ့သည့်တနင်္လာနေ့က ထုတ်ပြန်သော စစ်တမ်းတစ်ခုအရ အီတလီစီးရီးအေတွင် ၀င်ငွေအကောင်းဆုံး ကစားသမားအဖြစ် ရိုးမားနှင့် အီတလီအသင်းတို့၏ ကွင်းလယ်ကစားသမား ဒီရော့စီက ထိပ်ဆုံးတွင် ရပ်တည်နေကြောင်း သိရသည်။ ဒုတိယနေရာတွင် ပြီးခဲ့သည့်အပြောင်းအရွှေ့ရာသီက ရီးယဲလ်မှ နာပိုလီသို့ ပြောင်းရွှေ့လာသော အာဂျင်တီးနားတိုက်စစ်မှူး ဟီဂူအင်က ရပ်တည်နေသည်။ ၎င်း၏နောက်တွင် အင်တာမီလန်အသင်းသားများဖြစ်ကြသော တိုက်စစ်မှူး မီလီတိုနှင့် ကွင်းလယ်လူ ကမ်ဘီယာဆိုတို့က အသီးသီးရပ်တည်နေကြသည်။ ပြီးခဲ့သည့်နှစ်များအတွင်းတွင် စီးရီးအေဘောလုံး လောက၏ အဆင့်နိမ့်ကျလာမှုနှင့် အတူနာမည်ကျော်ဘောလုံးသမားများ လာရောက်ကစားမှုမှာလည်း နည်းပါးလာပြီး ကစားသမားများ၏ ၀င်ငွေရရှိမှုလည်း လျော့ပါးလာခဲ့သည်။ ထို့ကြောင့် စီးရီးအေတွင် ၀င်ငွေများသော ကစားသမားများအနက် တစ်နှစ်လုပ်ခလစာ ယူရိုလေးသန်းကျော်သော ကစားသမားဦး ရေမှာ ၁၀ ဦးကျော်သာရှိနေကြောင်း အီတလီအားကစားသတင်းစာ La Gazzetta dello Sport က ဆိုခဲ့သည်။ ရိုးမားကွင်းလယ်လူ ဒီရော့စီ၏ တစ်နှစ်ဝင်ငွေမှာ ယူရိုခြောက်သန်းခွဲရှိပြီး စီးရီးအေ၏ ၀င်ငွေအကောင်းဆုံး ကစားသမားဖြစ်သော်လည်း ဥရောပဘောလုံးလောက၏၀င်ငွေ အကောင်းဆုံးထိပ်သီး ၁၀ ဦးစာရင်းတွင် မူ အီတလီထိပ်တန်းလိဂ်ပြိုင်ပွဲမှ တစ်ဦးမှပါဝင် နိုင်ခဲ့ခြင်းမရှိခဲ့ပေ။ ပြင်သစ်လီဂူး (၁) တွင် ကစားနေသော ပီအက်စ်ဂျီတိုက်စစ်မှူး အီဘရာဟီ မိုဗစ်မှာနှင့် မိုနာကိုတိုက်စစ်မှူး ဖယ်လ်ကာအိုတို့မှာ တစ်နှစ်ဝင်ငွေအဖြစ် အခွန်ဆောင်ပြီး ယူရို ၁၃ သန်းကျော်ရှိနေပြီး ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေးဖြင့် ရီးယဲလ်သို့ ရောက်ရှိလာသော ဂါရတ်ဘေးလ်ပင်လျှင် ၀င်ငွေအကောင်းဆုံးစာရင်းတွင် အဆင့်(၉)နေရာ၌သာ ရပ်တည်နိုင်သည်။ စီးရီးအေပြိုင်ပွဲ၏ ၀င်ငွေအနိမ့်ဆုံးကစားသမားများတွင် ဂျူဗင်တပ်စ်မှ လူငယ်ကြယ်ပွင့် ပေါ့ပ်ဘာ ပါဝင်နေပြီး တစ်နှစ်ဝင်ငွေ ယူရိုတစ်သန်းသာရှိနေခြင်းမှာ အားလုံးအတွက် အံ့အားသင့်စရာဖြစ်ခဲ့သည်။ အေးချမ်းမွန် Credit To > Mizzima - News in Burmese < Thanks Re-posted By ACM 13-9-2013 https://www.facebook.com/excellencemedia  

http://pktkmk.blogspot.com/?m=1

No comments:

Post a Comment