Sunday, September 1, 2013

ဆိုင်ကယ်ကို နောက်မှကားဖြင့်ဝင်တိုက်


 နေပြည်တော်၊ စက်တင်ဘာ ၁ ၃၁-၈-၂၀၁၃ ရက်နေ့ ၁၉၅၀ အချိန် ချောက်မြို့၊ အမှတ်(၆)နယ်မြေ၊ ရွှေသူဌေးရပ်၊ အခြေခံပညာအထက်တန်းကျောင်း(၂)လမ်းနှင့် လမ်းမတော်လမ်းဆုံတွင် ရေနံချက်စက်ရုံမှမြို့တွင်းသို့ ချောက်မြို့နယ်၊ ရတနာအိုင့်ရပ်ကွက်နေ မငြိမ်းသီတာအေး(၂၁)နှစ်မောင်းနှင်ပြီး မောင်ဖြစ်သူ ထွန်းထွန်းဝင်း နောက်ထိုင်လိုက်ပါလာသည့် ၄ယ/xxxxx ဟွန်ဒါ ၁၂၅ အနက်ရောင်ဆိုင်ကယ်အား ချောက်မြို့နယ်၊ ရွှေတွင်းကုန်းရပ်နေ လှိုင်ကျော်မင်း(ခ)ထွန်းနိုင်(၂၈)နှစ်မောင်းနှင်သော ၅ယ/xxxx ပါရာဒိုဆင်စွယ်ရောင်ယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ နောက်မှဝင်ရောက်တိုက်မိခဲ့သည်။ ထိုသို့ဝင်ရောက် တိုက်မိသဖြင့် မငြိမ်းသီတာအေးတွင် ယာလက်ဖျံပွန်းပဲ့၊ ၀ဲတင်ပါးနာကျင်ဒဏ်ရာ၊ ဦးခေါင်းမူးဝေနှင့် ထွန်းထွန်းဝင်းတွင် ၀ဲတံတောင်၊ ၀ဲလက်ဖ၀ါး၊ ၀ဲလက်ဖမိုးပွန်းပဲ့ဒဏ်ရာများအသီးသီးရရှိခဲ့သဖြင့် ယာဉ်မဆင်မခြင် မောင်းနှင်သူ လှိုင်ကျော်မင်း(ခ)ထွန်းနိုင်အား ချောက်မြို့မရဲစခန်း ယာဉ်(ပ)၃၀/၂၀၁၃၊ ပြစ်မှုပုဒ်မ ၂၇၉/၃၃၇ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။  

MrCopy Blogaway

No comments:

Post a Comment