Sunday, September 1, 2013

လမ်းလျှောက်လာသူကို ဆိုင်ကယ်ဖြင့်ဝင်တိုက


် နေပြည်တော်၊ စက်တင်ဘာ ၁ ၃၁.၈.၂၀၁၃ ရက်နေ့ ၀၈၃၀ အချိန် မကွေးတိုင်းဒေသကြီး၊ သရက်-မင်းတုန်းကားလမ်း၊ အလင်းရောင်ကျောင်းလမ်းဆုံအနီးတွင် ယာဉ်တိုက်မှုဖြစ်ပွားကြောင်းသတင်းအရ သရက်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့သည်။ ထိုသို့စစ်ဆေးရာ သရက်မြို့၊ အနောက်ရပ်တောင်ပိုင်းရပ်ကွက်နေ ကျော်သူဟိန်း မောင်းနှင်လာသည့် ၁၀ယ/xxxxx အန်ဘို ၁၁၀ ခဲနှင့်အနက်စပ်ကြားရောင်ဆိုင်ကယ်မှ မင်းတုန်းလမ်းအတိုင်း လမ်းလျှောက်လာသည့် သရက်မြို့၊ ပြည်တော်အေးရပ်နေ မ၀င်းဝင်းအေး(၁၀)နှစ်အား ၀င်ရောက်တိုက်မိရာ မ၀င်းဝင်းအေးတွင် ၀ဲနံရိုးအောက် ပွန်းပဲ့၊ ၀ဲရင်ဘက်အောင့်၊ ၀ဲဒူးပွန်းပဲ့၊ ယာဂျိုစောင်းဖူးရောင်၊ နောက်စေ့ဝဲဘက်ခြမ်းဖူးရောင်ဒဏ်ရာနှင့် ကျော်သူဟိန်းတွင် ၀ဲခြေမျက်စိပွန်းပဲ့ဒဏ်ရာ၊ ယာတံတောင်ပွန်းပဲ့၊ ၀ဲယာတင်ပါးပွန်းပဲ့၊ ယာဘက်ခါး ပွန်းပဲ့ဒဏ်ရာများ အသီးသီးရရှိခဲ့သဖြင့် ယာဉ်မဆင်မခြင်မောင်းနှင်သူ ကျော်သူဟိန်းအား သရက်မြို့မရဲစခန်း ယာဉ်(ပ)၁၇/၂၀၁၃၊ ပြစ်မှုပုဒ်မ ၃၃၇/၃၃၈ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။  

MrCopy Blogaway

No comments:

Post a Comment