Monday, September 2, 2013

ခွေး ကျောင်းနေသည့် အိမ်အကူတစ်ဦး အဓမ္မပြုကျင့်ခံရဟုဆို သတင်း

 / 9 hours ago ခွေးကျောင်းနေသည့် အိမ်အကူအမျိုးသမီးတစ်ဦး အဓမ္မပြုကျင့်ခံရသည်ဆိုသည့် အမှုတစ်ခုကို သင်္ဃန်းကျွန်း ရဲစခန်း က သြဂုတ်လ ၃၁ ရက်တွင် ... ခွေးကျောင်းနေသည့် အိမ်အကူအမျိုးသမီးတစ်ဦး အဓမ္မပြုကျင့်ခံရသည်ဆိုသည့် အမှုတစ်ခုကို သင်္ဃန်းကျွန်း ရဲစခန်း က သြဂုတ်လ ၃၁ ရက်တွင် အမှုဖွင့် စစ်ဆေးလျက်ရှိသည်ဟု ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။ သြဂုတ်လ ၃၀ ရက်နေ့ ည ၈ နာရီအချိန်က သင်္ဃန်းကျွန်းမြို့နယ်ရှိ လမ်းတစ်ခုအတွင်းတွင် အိမ်ရှင် မွေးထားသော ခွေးအား သံကြိုးဖြင့် ချည်လျက်ကျောင်းနေစဉ် အဓမ္မပြုကျင့်ခံရသည်ဟု တိုင်တန်းထားခြင်း ဖြစ်ကြောင်း ရဲဌာနက ဆိုထားသည်။ အဓမ္မပြုကျင့်ခံရကြောင်း တိုင်တန်းထားသူမှာ အသက် (၂၀)နှစ်ခန့်ရှိသော အိမ်အကူ အမျိုးသမီး တစ်ဦးဖြစ်ပြီး ၎င်းအား လမ်းအတွင်း ဆောက်လုပ်လျက်ရှိသော နေအိမ်တွင် ပန်းရံလုပ်ကိုင်သူ တစ်ဦးက အဓမ္မပြုကျင့်ခဲ့သည်ဟု ရဲအား တိုင်တန်းထွက်ဆိုထားသည်။ ခွေးကျောင်းနေစဉ် သူမအား ပန်းရံလုပ်ကိုင်သူ (လူမြင်မှတ်မိ) သူ နှစ်ဦးနှင့် တွေ့ရှိပြီး “လိုက်မလား”ဟု မေးသဖြင့် “ဘာလို့ လိုက်ရမှာလဲ” ဟု ပြန်လည်ပြောဆိုခဲ့သည်ဟု ဆိုသည်။ ထို့နောက် တစ်ဦးက လက်တွင်ကိုင်ထားသော ခွေးချည်သံကြိုးအားယူ၍ ခွေးအားခေါ်ထားပြီး ကျန်တစ်ဦးက ပါးစပ် ပိတ်ပြီး ဆောက်လုပ်ဆဲတိုက်၏ ပထမထပ်သို့ အတွင်းဆွဲခေါ်သွားကာ ကြမ်းပြင်ပေါ်သို့ ဆွဲလှဲ အဓမ္မပြုကျင့်ခဲ့သည် ဟု တိုင်တန်းထားသည်။ ထို့ကြောင့် သင်္ဃန်းကျွန်းရဲစခန်းက (ပ) ၃၆၃/၂၀၁၃ဖြင့် အမှုဖွင့်ပြီး ပြစ်မှုကျူးလွန်သူဟု တိုင်တန်း ခံထားရသူများ အား ဖမ်းဆီးရမိရန် လုပ်ဆောင်လျက်ရှိကြောင်းနှင့် ဖမ်းဆီးရမိပါကလည်း ပုဒ်မ ၃၇၆/၁၁၄ ဖြင့် တရားစွဲတင်ပို့ရန် စီစဉ်ထားရှိထားကြောင်း တိုင်းရဲဌာနက သတင်းထုတ်ပြန်ထားသည်။ Post by Mizzima - News in Burmese. Visit website 

MrCopy Blogaway

No comments:

Post a Comment