Monday, September 2, 2013

ဖုန်းဆက် သတင်းပေးမှုကြောင့် မီးသင်္ဂြိုဟ်တော့မည် လူသေအလောင်းကို ပြန်လည်စစ်ဆေး သတင်း /

 9 hours ago ဖုန်းဆက်သတင်းပေးမှု တစ်ခုကြောင့် မီးသင်္ဂြိုဟ်ရန် စီစဉ်နေသည့် လူသေအလောင်းကို ဓမ္မတာအတိုင်း သေဆုံး ခဲ့ခြင်း ဟုတ်မဟုတ် ... ဖုန်းဆက်သတင်းပေးမှု တစ်ခုကြောင့် မီးသင်္ဂြိုဟ်ရန် စီစဉ်နေသည့် လူသေအလောင်းကို ဓမ္မတာအတိုင်း သေဆုံး ခဲ့ခြင်း ဟုတ်မဟုတ်သိရှိနိုင်ရန် ဆေးရုံးသို့ ပြန်လည်ပို့ဆောင်ပြီး တောင်ဒဂုံရဲစခန်းက အမှုဖွင့် စစ်ဆေးလျက် ရှိသည်ဟု တိုင်းရဲဌာနမှ မှုခင်းမှတ်တမ်းတွင် ဖေါ်ပြထားသည်။ သြဂုတ် ၂၃ က သေဆုံးသူ ဒေါ်ခင်စန်းမြင့်၏ အလောင်းအား သင်္ဂြိုလ်ရန် ကျီစုအအေးတိုက်သို့ ပို့ ဆောင်ထား ကြောင်း အမည်မသိလူတစ်ဦးက ၂၃ ရက်တွင် အရေးပေါ် တယ်လီဖုန်းနံပါတ် ၁၉၉ သို့ သတင်းပေး တိုင်ကြား ခဲ့သည်ဟု ဆိုသည်။ ဖြစ်စဉ်တွင် သြဂုတ် ၂၂ ရက်နံနက် ၆ နာရီက ဒဂုံတောင်မြို့နယ် ၂၂ ရပ်ကွက်အတွင်း နေထိုင်သူ ဒေါ်ခင်စန်းမြင့် ၄၀ နှစ်သည် ရင်ဘက်နှင့် လည်ပင်းတွင် ညိုမဲ ဒဏ်ရာများဖြင့် သေဆုံးသွားကြောင်း ရဲစခန်းသို့ ဖုန်းဆက် သတင်းပေး သူများက ရဲစခန်းသို့ ဖုန်းဖြင့်ပြောခဲ့ကြသည်ဟု ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။ လူသေအလောင်းကို ဒဂုံတောင်ရဲစခန်းမှ သွားရောက်စစ်ဆေးရာတွင် သေဆုံးသူ၏ အလောင်းတွင် ပြင်ပဒဏ်ရာ တစ်စုံတစ်ခုမတွေ့ရှိရဘဲ ကျီစုအအေးတိုက်သို့ သေဆုံးရောက်ရှိနေသည်ကိုသာ တွေ့ရ သည်ဟုလည်း ရဲမှတ်တမ်း တွင် ဖေါ်ပြထားသည်။ သေဆုံးသူတွင် နှလုံးရောဂါ၊ ဆီးချို ရောဂါနှင့် သွေးတိုးရောဂါတို့ရှိကြောင်း ကနဦး စစ်ဆေးချက်အရ သိရှိထားသည် ဟု ရဲဌာနကဆိုသည်။ ထို့ကြောင့် ရိုးရိုးသားသား သေဆုံးခဲ့ခြင်း ဟုတ်မဟုတ် ပြန်လည်စစ် ဆေးနိုင်ရန် သေဆုံးသူ အလောင်းအား ကျီစုအအေးတိုက်မှ ထုတ်ယူပြီး မြောက်ဥက္ကလာပ ဆေးရုံသို့ ပို့ဆောင်စစ်ဆေးလျက်ရှိသည်ဟု ရဲမှုခင်းမှတ်တမ်းတွင် ဖော်ပြထားသည်။ ဓမ္မတာတိုင်းသေဆုံးခြင်း ဟုတ်မဟုတ် သိရှိနိုင်ရန်အတွက် ရဲဘက်မှစစ်ဆေးနိုင်ရန် ရဲအုပ်ပန်းစိန်အောင်က တရားလိုပြုလုပ်တိုင်တန်းသဖြင့် မြို့နယ်ရဲစခန်းက စက်တင်ဘာ ၃၁ ရက်နေ့တွင် သေမှုသေခင်း အမှတ်စဉ် ၄၂/၁၃ဖြင့် အမှုဖွင့်ပြီး ဆက်လက်စစ်ဆေးလျက်ရှိသည်ဟု တိုင်းရဲဌာနက ထုတ်ပြန်ထားသည်။ Post by Mizzima - News in Burmese. Visit website 

MrCopy Blogaway

No comments:

Post a Comment