Sunday, September 1, 2013

ဈေးအနီး ဓါးကိုင်ရမ်းကားသူအား အရေးယ


ူ နေပြည်တော်၊ စက်တင်ဘာ ၁ ၃၁.၈.၂၀၁၃ ရက်နေ့ ၁၂၃၅ အချိန် အောင်လံမြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များသည် မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့၊ ကန်ကြီးရပ်ကွက်၊ မြို့မဈေးအနီးတွင် နယ်မြေသတင်းစုံစမ်းနေစဉ် အောင်လံမြို့၊ မကျီးကုန်းရပ်နေ မျိုးညွန့်ဝင်း(၄၀)နှစ်အား အရက်သေစာသောက်စားပြီး အရိုးအသွား (၁၄)လက်မခွဲခန့်ရှိ ဓါးဦးချွန်ဓါးမြှောင် ၁ ချောင်း ကိုင်ဆောင်ရမ်းကားနေသည်ကို တွေ့ရှိရသဖြင့် မျိုးညွန့်ဝင်းအား အောင်လံမြို့မရဲစခန်း(ပ)၆၈/၂၀၁၃၊ လက်နက် ဥပဒေပုဒ်မ ၁၉(င)ဖြင့် အမှုဖွင့်အရေးယူ ထားကြောင်း သတင်းရရှိသည်။  

MrCopy Blogaway

No comments:

Post a Comment