Sunday, September 1, 2013

လောင်းကစားသူများအား ဖမ်းဆီးအရေးယ


ူ နေပြည်တော်၊ စက်တင်ဘာ ၁ ၃၀-၈-၂၀၁၃ ရက်နေ့ ၀၂၀၀ အချိန် မကွေးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်၊ ထန်းကိုင်း ရေနံမြေ အလယ်ကင်းအနီးမြေကွက်လပ်၌ လောင်းကစားဝိုင်းပြုလုပ်နေကြောင်း သတင်းအရ မင်းလှရဲကင်းရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူသွားရောက်ဖမ်းဆီးခဲ့သည်။ ထိုသို့ဖမ်းဆီးရာ အံစာတုံးတင် လောင်းကစားပြုလုပ်နေသူ မင်းဘူးမြို့နယ်၊ မုန်တောင်ရွာနေ တင်မောင်(၇၈)နှစ်နှင့် တစ်ရွာတည်းနေ မင်းခိုင်(၂၉)နှစ်တို့အား ခြောက်ကောင်ခုံ၊ အံစာတုံး ၃ တုံး၊ အရုပ်(၆)ရုပ်ပါ ဗီနိုင်းစ၊ အ၀ါရောင် ပလပ်စတစ်ခြင်းအတွင်းထည့်လျက် ငွေကျပ်(၁၁၀၇၅၀ိ/-)၊ သံသေတ္တာငယ်အတွင်းထည့်ထားသော အံစာတုံး ၇ တုံးတို့နှင့်အတူ ဖမ်းဆီးရမိခဲ့သဖြင့် တင်မောင်နှင့် မင်းခိုင်တို့ ၂ ဦးအား မင်းလှမြို့မရဲစခန်း (ပ)၈၈/၂၀၁၃၊ လောင်းကစားဥပဒေပုဒ်မ ၁၂(က)ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။  

MrCopy Blogaway

No comments:

Post a Comment