Sunday, September 1, 2013

အရက်မူး၍စကားများရာမှ ဇနီးနှင့်ယောက္ခမအား ရဲဒင်းဖြင့်ခုတ်


  နေပြည်တော်၊ စက်တင်ဘာ ၁ ၃၁-၈-၂၀၁၃ ရက်နေ့ ၂၁၃၀ အချိန် မကွေးတိုင်းဒေသကြီး၊ ကံမမြို့နယ်၊ အမှတ်(၂) ရပ်ကွက်နေ မမာမာအေး(၃၁)နှစ်သည် မိခင်ဖြစ်သူ ဒေါ်ပြုံးကြည်နှင့်အတူရှိနေစဉ် ခင်ပွန်းဖြစ်သူ ၀င်းအောင်(၃၁)နှစ်မှာ အရက်မူး၍ရောက်ရှိလာပြီး ၎င်းတို့ ၂ ဦးနှင့် စကားများရန်ဖြစ်ခဲ့သည်။ ထိုသို့ရန်ဖြစ်စဉ် ၀င်းအောင်မှ အသွား ၂ လက်မ၊ အမြင့် ၆ လက်မ၊ အရိုး ၁ ပေခွဲခန့်ရှိ ရဲဒင်းနှင့်ခုတ်၍ မမာမာအေးတွင် ၀ဲနဖူးထိပ် ၁ လက်မခန့် ပေါက်ပြဲဒဏ်ရာ၊ နောက်စေ့အထက် ၂ လက်မခန့်ပြတ်ရှဒဏ်ရာ၊ နဖူးတည့်တည့် ၁ လက်မခန့်ပြတ်ရှဒဏ်ရာနှင့် ဒေါ်ပြုံးကြည်တွင် နဖူးတည့်တည့် ၁ လက်မခန့် ပြတ်ရှဒဏ်ရာများရရှိခဲ့သောကြောင့် ၀င်းအောင် အား ကံမမြို့မရဲစခန်း(ပ)၅၄/၂၀၁၃၊ ပြစ်မှုပုဒ်မ ၃၂၆ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။  

MrCopy Blogaway

No comments:

Post a Comment