Thursday, September 26, 2013

မြန်မာယူ-၂၃ အသင်း နေပြည်တော်တွင် သွားရောက်လေ့ကျင့်ရန် စီစဉ်ထား သတင်း / 2 hours ago

  မာဒေးကားပြိုင်ပွဲမှပြန်လာပြီးပဏာမကစားသမား(၂၆) ဦးဖြင့်လေ့ကျင့်မှုပြုလုပ်နေသည့် မြန်မာယူ-၂၃ အသင်းသည် လာမည့် ... မာဒေးကားပြိုင်ပွဲမှပြန်လာပြီးပဏာမကစားသမား(၂၆) ဦးဖြင့်လေ့ကျင့်မှုပြုလုပ်နေသည့် မြန်မာယူ-၂၃ အသင်းသည် လာမည့် အောက်တိုဘာလ (၅) ရက်မှစတင်ကာ နေပြည်တော်တွင် သွားရောက်နေထိုင်လေ့ကျင့်ရန် စီစဉ်ထား ကြောင်း ကိုရီးယားနည်းပြ ပတ်ဆောင်ဟွာက မဇ်္ဈိမသို့ပြောသည်။ ဆီးဂိမ်းတွင် မြန်မာအသင်းပါဝင်မည့် အုပ်စုကို ရန်ကုန်မြို့ သုဝဏ္ဏကွင်း၌ ကျင်းပမည်ဖြစ်သော်လည်း ဆီမီးနှင့် ဗိုလ်လုပွဲစဉ်များကို နေပြည်တော်တွင် ပြုလုပ်မည်ဖြစ်သောကြောင့် ယခုကဲ့သို့သွားရောက်လေ့ကျင့် ရန်နည်းပြ ပတ်ဆောင်ဟွာကစီစဉ်ထား ခြင်းဖြစ်သည်။ "ကျွန်တော်တို့နောက်လမှာနေပြည်တော်သွားပါမယ်။ ဆီးဂိမ်းဆီမီးနဲ့ ဗိုလ်လုပွဲ ကျင်းပမယ့် ဇေယျာသီရိကွင်းမှာ လေ့ကျင့်ခွင့် တောင်းထားပါတယ်။ ဗီယက်နမ်နဲ့ ခြေစမ်းပွဲမတိုင်ခင် အထိနေပြည်တော်မှာစခန်း ၀င်လေ့ကျင့်ဖို့ စီစဉ်ထားပါတယ်။ကစားသမားတွေရဲ့ အနေအထားကတော့ မာဒေးကားက ပြန်လာပြီး ကတည်းက လောလောဆယ်အပေါ့စား လောက်ပဲ လုပ်နေပါတယ်”ဟု ပတ်ဆောင်ဟွာကဆိုသည်။ ကိုရီးယားနည်း ပြပတ်ဆောင်ဟွာကယူ-၂၃အသင်းအတွက် ကစားသမား အချို့ထပ်မံအားဖြည့်ခဲ့ခြင်းမှာ လိုအပ်ချက်အရ ဖြစ်ကြောင်းလည်းရှင်းလင်း ပြောကြားသည်။ “ကစားသမားတွေထပ်ခေါ်ခဲ့တာက အသင်းလိုအပ်ချက်အရပါ။ ကွင်းလယ်ခံစစ် နေရာအတွက် မာဒေးကားမှာ ထူးထူးအောင်၊ ရဲလင်းအောင်၊ ဟိန်းဇာအောင်၊ တို့ကို စမ်းသပ် သုံးစွဲခဲ့တယ်။ အသင်းနဲ့ အံမ၀င်တဲ့ကစား သမားတွေကို ပြန်လဲပြီးကစားသမားသစ်တွေပြန်ခေါ်တယ်။ အဓိက အားနည်းချက်ဖြစ်နေတဲ့ ကွင်းလယ်ခံစစ်အတွက် လူရှာနေ ရတာပါ” ဟုပတ်ဆောင်ဟွာကဆိုသည်။ Post by Burma News from Mizzima. Visit website 

http://pktkmk.blogspot.com/?m=1

ထိုင်းဘုရင့်ဖလား ပိုက်ကျော်ခြင်း ပြိုင်ပွဲတွင် မြန်မာအသင်း ငွေတံဆိပ်သုံးခုနှင့် ကြေးတံဆိပ်နှစ်ခု ရရှိ သတင်း / 2 hours ago

 စက်တင်ဘာ ၁၆ ရက်မှ ၂၂ ရက်ထိ ထိုင်းနိုင်ငံတွင် ကျင်းပခဲ့သည့် (၂၈ )ကြိမ်မြောက် ကမ္ဘာ့ချန်ပီယံရှစ် ထိုင်းဘုရင့် ဖလား ... စက်တင်ဘာ ၁၆ ရက်မှ ၂၂ ရက်ထိ ထိုင်းနိုင်ငံတွင် ကျင်းပခဲ့သည့် (၂၈ )ကြိမ်မြောက် ကမ္ဘာ့ချန်ပီယံရှစ် ထိုင်းဘုရင့် ဖလား ပိုက်ကျော်ခြင်း ပြိုင်ပွဲတွင် မြန်မာပိုက်ကျော်ခြင်း အားကစားအဖွဲ့သည် ငွေတံဆိပ် သုံးခုနှင့် ကြေးတံဆိပ် နှစ်ခုရရှိခဲ့သည်။ ငွေတံဆိပ် သုံးခုကို အမျိုးသမီးနှစ်ယောက် တွဲပြိုင်ပွဲ၊ အမျိုးသား၊ အမျိုးသမီးအသင်းလိုက် ကွင်းသွင်းခြင်းခတ် ပြိုင်ပွဲတို့မှ ရရှိခဲ့ခြင်းဖြစ်ပြီး ကြေးတံဆိပ်နှစ်ခုကို အမျိုးသားနှစ်ယောက်တွဲပြိုင်ပွဲနှင့် အမျိုးသမီး သုံးယောက်တွဲ ပြိုင်ပွဲတို့မှ ရယူပေးခဲ့ခြင်းဖြစ်သည်။ပိုက်ကျော်ခြင်းအဖွဲ့ချုပ် အတွင်းရေးမှူး ဦးကျော်ဇင်မိုး က “ဒီပြိုင်ပွဲကို အမျိုးသမီးက ဆီးဂိမ်းမှာ ကစားမယ့် လက်ရွေးစင်တွေခေါ်သွားတာပါ။ အမျိုးသား ကတော့ အငယ်တွေခေါ်သွားတာပါ။ ရခဲ့တဲ့ ငွေတံဆိပ် သုံးခုစလုံးက ဗိုလ်လုပွဲမှာ အိမ်ရှင်ထိုင်းကို ရှုံးနိမ့်ခဲ့တာပါ။ ဆီးဂိမ်းမှာ ရွှေတံဆိပ်ရဖို့အတွက် အကောင်းဆုံး ကြိုးစားနေပါတယ်””ဟု ပြောကြားခဲ့သည်။ ဆီးဂိမ်းအကြို ပိုက်ကျော်ခြင်းပြိုင်ပွဲကို လာမည့်အောက်တိုဘာ ပထမအပတ်တွင် ကျင်းပရန် စီစဉ်ထားသည်။ အိမ်ရှင်အဖြစ် ကျင်းပမည့် (၂၇ ) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် ပိုက်ကျော်ခြင်း အားကစား နည်းမှ ကစားနည်း ၁၀ နည်းနှင့် ရွှေတံဆိပ် ၁၀ ခုချီးမြှင့်မည် ဖြစ်သည်။ ထည့်သွင်းထားသည့် ကစားနည်း ၁၀ နည်းမှာ နှစ်ယောက်တွဲ (အမျိုးသား/အမျိုးသမီး) ပိုက်ကျော်ခြင်းပြိုင်ပွဲ၊ နှစ်ယောက်တွဲ အသင်းလိုက် (အမျိုးသား/အမျိုးသမီး)ပိုက်ကျော်ခြင်း ပြိုင်ပွဲ၊ သုံးယောက်တွဲ(အမျိုးသား/အမျိုးသမီး) ပိုက်ကျော်ခြင်းပြိုင်ပွဲ၊ သုံး ယောက်တွဲ အသင်းလိုက်(အမျိုးသား/အမျိုးသမီး) ပိုက်ကျော်ခြင်းပြိုင်ပွဲ၊ အမျိုးသားကွင်းသွင်း ခြင်းခတ်ပြိုင်ပွဲနှင့် အမျိုးသမီးကွင်းသွင်းခြင်းခတ် ပြိုင်ပွဲတို့ဖြစ်ကြသည်။ ပိုက်ကျော်ခြင်း အားကစားအဖွဲ့သည် ပြီးခဲ့သည့် (၂၆) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် ရွှေတံဆိပ် တစ်ခု၊ ငွေတံဆိပ် တစ်ခုနှင့် ကြေးတံဆိပ် နှစ်ခုရရှိခဲ့သည်။ Post by Burma News from Mizzima. Visit website 

http://pktkmk.blogspot.com/?m=1

လူငယ်လိဂ် အမှတ်ပေးဇယားအား ရတနာပုံလူငယ်အသင်း ပြန်လည်ဦးဆောင် သတင်း / 1 hours ago

 ကျင်းပလျက်ရှိသည့် နေရှင်နယ်လိဂ် လူငယ်ဘောလုံးပြိုင်ပွဲတွင် ရန်ကုန်အသင်းနှင့် ရတနာပုံအသင်းတို့မှ အမှတ်ပေး ဇယားအား ... ကျင်းပလျက်ရှိသည့် နေရှင်နယ်လိဂ် လူငယ်ဘောလုံးပြိုင်ပွဲတွင် ရန်ကုန်အသင်းနှင့် ရတနာပုံအသင်းတို့မှ အမှတ်ပေး ဇယားအား တစ်လှည့်စီ ဦးဆောင်နေပြီး ပွဲစဉ် ၁၂ တွင် ရန်ကုန်အသင်းက ဟံသာဝတီအသင်းကို ရှုံး နိမ့်ခဲ့ပြီး ရတနာပုံ အသင်းက မနောမြေအသင်းအား အနိုင်ရရှိခဲ့သဖြင့် အမှတ်ပေး ဇယားအား ရတနာပုံ လူငယ်အသင်းမှ ပြန်လည် ဦးဆောင် ခဲ့သည်။ ပွဲစဉ် ၁၂ ပွဲစဉ်များတွင် ရတနာပုံအသင်းက မနောမြေအသင်းအား ၃-၁ ဂိုးဖြင့် လည်းကောင်း၊ ဇေယျာရွှေမြေအသင်း က ဧရာဝတီအသင်းအား ၂-၁ဂိုးဖြင့် လည်းကောင်း၊ ဟံသာဝတီအသင်းက ရန်ကုန်အသင်းအား ၂-၁ ဂိုးဖြင့် လည်းကောင်း အနိုင်ရရှိခဲ့ပြီး ကမ္ဘောဇအသင်းနှင့် ရခိုင်ယူနိုက်တက် အသင်းတို့မှာ ဂိုးမရှိသရေ၊ နေပြည်တော် အသင်းနှင့် ဆောက်သမ်းအသင်းတို့မှာ တစ်ဂိုးစီသရေနှင့် မကွေးအသင်းနှင့် ဇွဲကပင်အသင်းတို့မှာ တစ်ဂိုးစီသရေကျ ခဲ့သည်။ ပွဲစဉ် ၁၂ ပွဲစဉ် များကိုလာမည့် စက်တင်ဘာ ၂၇၊ ၂၈၊ ၂၉ ရက် များတွင် စလင်းကွင်းနှင့် YUSC ၏ ကွင်းတို့၌ ဆက်လက်ကျင်းပမည် ဖြစ်သည်။ ပွဲစဉ် ၁၂ တွင် ဇေယျာရွှေမြေအသင်းနှင့် ကမ္ဘောဇအသင်း၊ ဇွဲကပင်အသင်းနှင့် ဧရာဝတီအသင်း၊ ရတနာပုံ အသင်း နှင့် နေပြည်တော်အသင်း၊ ဆောက်သမ်းအသင်းနှင့် ရန်ကုန်အသင်း၊မကွေးအသင်းနှင့် ရခိုင်ယူနိုက်တက်အသင်း၊ မနောမြေအသင်းနှင့် ဟံသာဝတီ အသင်းတို့ ဆက်လက်ကစားကြမည်ဖြစ်သည်။ Post by Burma News from Mizzima. Visit website 

http://pktkmk.blogspot.com/?m=1

ဗီယက်နမ်ယူ-၂၁ ဖိတ်ခေါ်ပြိုင်ပွဲဝင်ရန် မြန်မာယူ- ၁၉ အသင်းကို ပြင်ဆင်ဖွဲ့စည်းမည် သတင်း / 1 hours ago

 ဗီယက်နမ်နိုင်ငံတွင် ကျင်းပပြုလုပ်မည့် ထန်နိုင်းဖိတ်ခေါ်ဘောလုံးပြိုင်ပွဲဝင်ရောက် ယှဉ်ပြိုင်ရန်အတွက် မြန်မာယူ- ၁၉ အသင်းကို ...   ဗီယက်နမ်နိုင်ငံတွင် ကျင်းပပြုလုပ်မည့် ထန်နိုင်းဖိတ်ခေါ်ဘောလုံးပြိုင်ပွဲဝင်ရောက် ယှဉ်ပြိုင်ရန်အတွက် မြန်မာယူ- ၁၉ အသင်းကို ပြန်လည်ပြင်ဆင်ဖွဲ့စည်းမည် ဖြစ်ကြောင်း နည်းပြ ဂတ်ဇီဇီဖရိုင်းဒရစ်ခ်ျက မဇ်္ဈိမသို့ ပြောသည်။ မြန်မာယူ-၁၉ အသင်းသည်ပြီးခဲ့သည့် အာဆီယံယူ- ၁၉ချန်ပီယံရှစ်ပြိုင်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အုပ်စုအဆင့်မှပင် ထွက်ခွာခဲ့ရသည်။ “ဗီယက်နမ် ဖိတ်ခေါ်ပြိုင်ပွဲဝင်ဖို့ အသင်းကိုပြန်လည်ပြင်ဆင်ဖွဲ့စည်းပါမယ်။ ပြီးခဲ့တဲ့ အာဆီယံယူ- ၁၉ ချန်ပီယံ ရှစ်ပြိုင်ပွဲဝင်ခဲ့တဲ့ အသင်းကိုပဲ အခြေခံဖွဲ့စည်းမှာပါ။ ကစားသမားသစ်တွေ ထပ်ခေါ်ပါမယ်။ လူအပြောင်းအလဲ အတော်များများလုပ်မှာပါ။ ပြိုင်ပွဲမှာ အကောင်းဆုံး ဖြစ်အောင် ကြိုးစားပါမယ်” ဟုဖရိုင်းဒရစ်ခ်ျက ဆိုသည်။ ထန်နိုင်း ယူ-၂၁ နိုင်ငံတကာ ဖိတ်ခေါ် ဘောလုံးပြိုင်ပွဲကို ဗီယက်နမ်သတင်းစာ ထန်နိုင်းက အဓိက ကူညီပံ့ပိုးပြီး၂၀၀၇ ခုနှစ်ကတည်းက နှစ်စဉ်ကျင်းပ ပြုလုပ်ခဲ့သည်။ ပထမအကြိမ် ကျင်းပခဲ့သော ပြိုင်ပွဲတွင် မြန်မာအသင်း ၀င်ရောက်ယှဉ်ပြိုင်ခဲ့ပြီး စတုတ္ထ ရရှိခဲ့သည်။ ယခုနှစ်ထန်နိုင်းဖိတ်ခေါ်ဘောလုံးပြိုင်ပွဲကို အောက်တိုဘာ ၁၂ ရက်မှ ၂၀ ရက် အထိကျင်းပမည်ဖြစ်ပြီး အိမ်ရှင် ဗီယက်နမ်၊ မလေးရှား၊စင်ကာပူ၊ မြန်မာ၊ ဆစ်ဒနီလူငယ်အသင်းတို့ ပါဝင်ယှဉ်ပြိုင်မည် ဖြစ်သည်။ Post by Burma News from Mizzima. Visit website 

http://pktkmk.blogspot.com/?m=1

ချယ်လ်ဆီးတွင် ကစားခွင့်အတွက် သီးခြား သက်သေပြနေစရာ အခြေအနေ မရှိဟု လုဇ်ပြောကြား နောက်ဆုံးသတင်းများ / -109 mins ago

  မိမိအနေဖြင့် ချယ်လ်ဆီး ကစားသမား ဘဝနှင့် ထိုက်တန်ကြောင်း သီးခြား သက်သေပြနေစရာ အကြောင်းမရှိဟု ဒေးဗစ်လုဇ်က ပြောကြားလိုက်သည်။ Visit website 

http://pktkmk.blogspot.com/?m=1

လီဗာပူးလ်ကို အစွမ်းကုန် ပေးဆပ် ကူညီသွားမည်ဟု ဆွာရက်ဇ်ပြောကြား နောက်ဆုံးသတင်းများ / -127 mins ago

 လီဗာပူးလ် တိုက်စစ်မှူး လူးဝစ်ဆွာရက်ဇ်က မိမိအနေဖြင့် အသင်းအတွက် အောင်မြင်မှုများ ရယူပေးရန် ကူညီပေးသွားလိုကြောင်း ဖွင့်ဟ ပြောကြားလိုက်သည်။ Visit website 

http://pktkmk.blogspot.com/?m=1

ချယ်လ်ဆီး ကွင်းလယ်လူ ဗန်ဂင်ကဲလ် ရာသီကုန်ထိ အနားယူရဖွယ်ရှိ နောက်ဆုံးသတင်းများ / -172 mins ago

 ချယ်လ်ဆီး အသင်းသည် စိတ်ပျက်ဖွယ် အခြေအနေ တစ်ခုအဖြစ် မာကို ဗန်ဂင်ကဲလ်ကို ရာသီကုန်ထိ လက်လွှတ်ရဖွယ် ရှိနေကြောင်း သိရှိရသည်။ Visit website 

http://pktkmk.blogspot.com/?m=1

http://www.youtube.com/channel/UCjGvH4LzkFsKJQFfltv0xEQ

 နှိပ်ပါ 

အားပေးပါ

http://pktkmk.blogspot.com/?m=1

Friday, September 20, 2013

လူပြောများနေတဲ့ ဗီဒီယိုဖိုင် ဆီဒိုးနား စုံစမ်းစစ်ဆေးနေ

 ဧရာဝတီ / Nyatasay / 14 hours ago ဆီဒိုးနား ဟိုတယ် (ဓာတ်ပုံ – Kepple Land) Facebook နှင့် အင်တာနက် ၀က်ဘ်ဆိုက်များပေါ်တွင် ဟိုတယ်ခန်းတခုအတွင်း၌ လျှို့ဝှက်ကင်မရာဖြင့် ရိုက်ကူးထားသော ဗီဒီယို ဖိုင်များ ပျံ့နှံ့ သွားပြီးနောက် ရန်ကုန်မြို့၏ အဆင့်မြင့် ဟိုတယ်ကြီးတခုတွင် ဌာနတွင်း စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေပြီ ဖြစ်ကြောင်း သတင်းရရှိသည်။ အဖြူအမဲဖြင့် ရိုတ်ကူးထားသော မှုန်ဝါးဝါး ဗီဒီယိုဖိုင်များသည် အွန်လိုင်း ဘလော့ဂ်များနှင့် လူမှုကွန်ရက်များ ပေါ်သို့ ကြာသပတေးနေ့တွင် ရောက်လာခဲ့ပြီး ဗီဒီယိုထဲတွင် ရမ္မက်ထန်နေသော စုံတွဲတတွဲကို ဟိုတယ်ခန်းတခုထဲ၌ မြင်တွေ့ ကြရသည်။ ဆီဒိုးနား ဟိုတယ်တွင် ရိုက်ကူးထားခြင်း ဖြစ်ကြောင်းလည်း အင်တာနက်ပေါ်တွင် ရေးသား ဖော်ပြခဲ့ ကြသည်။ အဆိုပါ ဗီဒီယိုကို အင်တာနက်ပေါ်တွင် မျှဝေသူ များပြားခဲ့ပြီး ပြည်တွင်း မီဒီယာများကလည်း သတင်းအဖြစ်ရေးသား တင်ပြခဲ့ ကြသည်။ ထိုနည်းတူပင် ဟိုတယ်တွင် တည်းခိုကြသူများ၏ ပုဂ္ဂိုလ်ရေး လွတ်လပ်ခွင့်ကို ဖောက်ဖျက်သကဲ့သို့ ဖြစ်နေခြင်း အတွက် စိုးရိမ်ပူပန်မှုများလည်း မြင့်တက်လာခဲ့သည်။ ဟိုတယ်၏ မည်သည့် အခန်းတွင် အဆိုပါ ဗီဒီယို ရိုက်ကူးခဲ့ခြင်း ဖြစ်သည်ကို ဟိုတယ် တာဝန်ရှိသူများက စစ်ဆေးစုံစမ်း နေကြသည်ဟု ရန်ကုန် ဆီဒိုးနား ဟိုတယ်၏ ဧည့်ကြိုဌာန ၀န်ထမ်းတဦးက ပြောသည်။ “ဒီ ဗီဒီယို ဖိုင်တွေကို ကျမတို့ ဟိုတယ်မှာ ရိုတ်ကူးခဲ့တာ ဟုတ်မဟုတ် စုံစမ်း စစ်ဆေးနေပါတယ်။ ပြည်သူကို အသိပေး နိုင်ဖို့ အတွက် သတင်းစာ ရှင်းလင်းပွဲတခုကိုလည်း တတ်နိုင်သမျှ အမြန်ဆုံးလုပ်ပေးပါမယ်” ဟု အဆိုပါ ဧည့်ကြိုဝန်ထမ်း အမျိုးသမီးက ဆိုသည်။ သူ့အနေဖြင့် သတင်းထောက်များနှင့် ပြောဆိုခွင့်မရှိ၍ အမည်ကို ဖော်ပြခြင်း မပြုရန်လည်း မေတ္တာရပ်ခံခဲ့သည်။ ဟိုတယ်တွင် ကြာသပတေးနေ့က အရေးပေါ် အစည်းအဝေးတခု ပြုလုပ်ခဲ့သည်ဟု သူကပြောသည်။ ဧည့်သည် ၀င်ရောက်မှု အခြေအနေမှာလည်း ပုံမှန် အတိုင်းပင် ဖြစ်ကြောင်းလည်း သူက ထပ်ပြောသည်။ ဆီဒိုးနား ဟိုတယ်ကို စင်ကာပူ အခြေစိုက် Kepple Land ကုမ္ပဏီက ပိုင်ဆိုင်သည်ဟု သိရသည်။ “ကျမ အခု ပြောနိုင်တာကတော့ ကျမတို့ စစ်ဆေးနေပါတယ် ဆိုတာပါပဲ” ဟု ဧည့်ကြို ၀န်ထမ်း အမျိုးသမီးကပြောသည်။ ဆီဒိုးနား ဟိုတယ်၏ ၀က်ဘ်ဆိုက်ကို ဟက်ကာများက ဖောက်ထွင်း ၀င်ရောက်ရာမှ ဗီဒီယို ဖိုင်များ ရရှိသွားပြီး အင်တာနက် ပေါ်တွင် ပျံ့နှံ့သွားခြင်း ဖြစ်သည် ဆိုသည့် ကောလာဟလများကို ဟိုတယ်လုံခြုံရေး ၀န်ထမ်းတဦးက ငြင်းဆိုလိုက်သည်ဟု မြန်မာ ဘာသာဖြင့် ထုတ်ဝေသည့် Elven နေ့စဉ် သတင်းစာတွင် ဖော်ပြထားသည် ကိုလည်း တွေ့ရသည်။ ဟိုတယ်၏ အခန်းတခန်းတွင် လျှို့ဝှက် ကင်မရာတပ်ဆင်၍ ရိုတ်ကူးထားခြင်း ဖြစ်နိုင်သော်လည်း ဟိုတယ်က တပ်ဆင် ထားခြင်း မဟုတ်ဟု အဆိုပါ လုံခြုံရေး ၀န်ထမ်းက ပြောကြောင်း Elven နေ့စဉ်သတင်းစာတွင် ရေးသားထားသည်။ ရန်ကုန်မြို့ ရှိ ကြော်ငြာ ကုမ္ပဏီတခုမှ ဆက်ဆံရေး အရာရှိဖြစ်သူ ကိုစိုးသူရက ဗီဒီယိုဖိုင်သည် ဟိုတယ်ကို သိက္ခာချရန် အတွက် အတုအယောင် ပြုလုပ်ထားခြင်း ဖြစ်နိုင်သည်ဟု ဧရာဝတီသို့ ပြောသည်။ “အဲဒီ ဗီဒီယို ဖိုင်တင်ထားတယ် ဆိုတဲ့ ၀က်ဘ်ဆိုက် တချို့ကို ကျနော် လိုက်ကြည့်ပြီးသွားပြီ။ အားလုံးက အတုတွေပါ။ ဟိုတယ်ထဲမှာ ဆိုတာ မဖြစ်နိုင်ပါဘူး” ဟု သူက ပြောသည်။ ထို့အပြင် ဗီဒီယို ထဲမှာ ပါဝင်ခဲ့သူများသည် မည်သူ ဖြစ်နိုင်ကြောင်း ကိုလည်း ခန့်မှန်းမှု အမျိုးမျိုး ဖြစ်စေခဲ့သည်။ ယခင် ကလည်း ရုပ်ရှင်နှင့် ဂီတ လောကမှ ထင်ရှားသူတချို့၏ ညစ်ညမ်းဗီဒီယိုများ အင်တာနက်ပေါ်တွင် ပျံ့နှံ့ခဲ့ဖူးသည်။ သို့သော်လည်း Facebook ပုံမှန်သုံးစွဲသူ တဦးဖြစ်သော ကိုသူရက ထိုဗီဒီယိုကို သူကြည့်၍ မရဟု ဆိုသည်။ “ဖိုင်အရွယ်အစားက အရမ်းကြီးတယ်။ ဒေါင်းလုပ်ချဖို့တောင် အဆင်မပြေဘူး။ ဗီဒီယိုတွေက ၁၀ နာရီကြာတယ်တဲ့။ ကျနော်တို့ ဆီက နာမည်ကြီး တချို့လည်း ပါတယ်လို့ ကြားရတာပဲ” ဟု သူက ပြောသည်။ ဖောက်ထွင်းခံခဲ့ရသည် ဆိုသော ဟိုတယ်၏ ၀က်ဘ်ဆိုက်ကို ၀င်ရောက်ကြည့်ရှုသည့် အခါတွင်လည်း ပြင်ဆင်ထိန်းသိမ်းမှု ပြုလုပ်နေသဖြင့် ခေတ္တ ရပ်ဆိုင်းထားကြောင်း တွေ့ကြရသည်။ Facebook ပေါ်တွင် အစောဆုံးနီးပါး ဖော်ပြခဲ့သည်ဟု ယူဆရသည့် စာမျက်နှာ တခုကလည်း Google Drive မှ Link တခု တင်ပေးထားပြီး အရင်ဆုံး တောင်းဆိုသူ များကိုသာ ဗီဒီယိုဖိုင် ကူးယူခွင့်ပြုမည်ဟု ရေးသားခဲ့သည့် အတွက် အင်တာနက် သုံးစွဲသူများ အကြားတွင် စိတ်ဝင်စားမှုများ ပိုမို မြင့်တက် ခဲ့ရခြင်းလည်း ဖြစ်သည်။ ဧရာဝတီ အင်္ဂလိပ်ပိုင်း သတင်းထောက် ကျော်ဆုမွန်၏ Rangoon’s Sedona Hotel Investigating Alleged Secret-Camera Footage ကို နိုင်မင်းသွင် ဆီလျော်အောင်ပြန်ဆိုသည်။ The post လူပြောများနေတဲ့ ဗီဒီယိုဖိုင် ဆီဒိုးနား စုံစမ်းစစ်ဆေးနေ appeared first on ဧရာဝတီ. Visit website 

http://pktkmk.blogspot.com/?m=1

u ပေ ၅၀ ချောက်အတွင်း ခရီးသည်တင်ယာဉ် ထိုးကျ၊

 ပေ ၅၀ ချောက်အတွင်း ခရီးသည်တင်ယာဉ် ထိုးကျ၊ ကိုးဦးသေဆုံး တာချီလိတ်၊ စက်တင်ဘာ ၁၅ ခရီးသည် ၂၂ ဦး တင်ဆောင်လာသော လိုက်ထရပ် ခရီးသည်ယာဉ်တစ်စီး ရှမ်းပြည်နယ် (အရှေ့ပိုင်း) ရွှေတြိဂံဒေသ ကျိုင်းတုံ-တာချီလိတ် ပြည်ထောင်စု ကားလမ်း မိုင်တိုင်အမှတ် (၅၉/၆၀) ကြား မိုင်းဖြတ်မြို့ မိုင်းဖြတ်ကျေးရွာအုပ်စု ဆွပ်ပလောင်း ရွာထိပ်တွင် စက်တင်ဘာလ ၁၄ ရက် နံနက် ၁၀ နာရီခွဲက ပေ ၅၀ အနက် ရှိချောက်တွင်းသို့ ပြုတ်ကျခဲ့ရာ လူကိုးဦး သေဆုံးခဲ့ကြောင်း သွားရောက် ကူညီခဲ့သည့် မိုင်းဖြတ်မြို့ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ အတွင်းရေမှူး ဦးစိုင်းဝင်းက The Voice သို့ ပြောကြားသည်။ အဆိုပါ ယာဉ်ပေါ်တွင် မန္တလေးတိုင်းဒေသကြီး မလှိုင်မြို့မှ တာချီလိတ်သို့ အလုပ်လုပ်ရန လိုက်ပါလာသည့် ခရီးသည်များ ပါဝင်ပြီး အဆိုပါယာဉ်မှာ ချောက်မှတစ်ဆင့် ရေအနက် ၁၀ ပေခန့်ရှိသော ချောင်းအတွင်းသို့ ပြုတ်ကျခဲ့ရာ အမျိုးသားနှစ်ဦး၊ အမျိုးသမီး ခြောက်ဦး၊ လေးနှစ်အရွယ် ကလေးတစ်ဦးတို့ သေဆုံးခဲ့ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။ ခရီးသည်တင် လိုက်ထရပ်ယာဉ်သည် မိတ္ထီလာမြို့ဘက်မှ စက်တင်ဘာလ ၁၂ ရက်နေ့ နံနက် ၁၀ နာရီတွင် မောင်းနှင် ထွက်ခွာလာပြီး ယင်းနေရာ အရောက် ယာဉ်မောင်း အိပ်ငိုက်၍ ချောက်ထဲ ထိုးကျခဲ့ခြင်း ဖြစ်ကြောင်း ယာဉ်တိမ်းမှောက်မှုကြောင့် ဒဏ်ရာရရှိခဲ့သူ ဒေါ်ထားထားညွန့်က ပြောကြားသည်။ “ဒဏ်ရာရတဲ့သူတွေ ပြောတာတော့ ကားက နှစ်ဆင့်လောက် လိမ့်ပြီးမှ ကျတာ။ သေဆုံးသူ အများစုက ဝန်တွေပိနေတာရယ်၊ ရေနစ်ပြီး မွန်းတာရယ်ကြောင့် သေဆုံးခဲ့ပုံရတယ်” ဟု မိုင်းဖြတ်မြို့ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ အတွင်းရေမှူး ဦးစိုင်းဝင်းက ထပ်လောင်းပြော ကြားသည်။ ယင်းသေဆုံးသူများသည် အသက် ၆၅ နှစ် အရွယ်မှ လေးနှစ်အရွယ် ကလေးတစ်ဦးအထိ ပါဝင်ပြီး အများစုမှာ မလှိုင်မြို့တွင် နေထိုင်သူ များ ဖြစ်ကြောင်း၊ သေဆုံးသူများတွင် မိထ္ထီလာမြို့နယ်နေသူ တစ်ဦး၊ တာချီလိတ်တွင် နေထိုင်သူ တစ်ဦးလည်း ပါဝင်ကြောင်း ယင်းနေရာသို့ သွားရောက် ကယ်ဆယ်ကာ စာရင်းကောက်ယူခဲ့သည့် မိုင်းဖြတ်မြို့ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီထံမှ သိရှိရသည်။ ယာဉ်ပြုတ်ကျမှုကြောင့် အမျိုးသား ရှစ်ဦး၊ အမျိုးသမီးငါးဦး အပါအဝင် ၁၃ ဦး ဒဏ်ရာရရှိခဲ့ပြီး မိုင်းဖြတ်ဆေးရုံတွင် သုံးဦး၊ တာချီလိတ် ဆေးရုံ တွင် ခြောက်ဦးနှင့် ကျန်လူများမှာ ပြင်ပလူနာအဖြစ် ကုသလျက် ရှိကြောင်း မိုင်းဖြတ်မြို့မ ရဲတပ်ဖွဲ့စခန်းနှင့် တာချီလိတ် ဆေးရုံများထံမှ စုံစမ်းသိရှိရသည်။ ခရီးသည်ယာဉ် ပြုတ်ကျမှုကြောင့် ယာဉ်မောင်းနှင်သူ ဦးကြည်ဝင်းကို မိုင်းဖြတ်မြို့မ ရဲတပ်ဖွဲ့စခန်းက (ပ) ၁၁၇/၂၀၁၃၊ ပြစ်မှု ပုဒ်မ ၃၃၇၊ ၃၃၈၊ ၃၀၄ (က) တို့ဖြင့် အရေးယူထားကြောင်း အဆိုပါ ရဲတပ်ဖွဲ့စခန်းထံမှ သိရှိရသည်။ အေးချမ်းမွန် Credit To > The Voice Weekly < Thanks Re-posted By ACM 16-9-2013 https://www.facebook.com/excellencemedia  

http://pktkmk.blogspot.com/?m=1

ဘောလုံးကန် ဖိနပ်များကို အပြီးတိုင် သိမ်းဆည်းလိုက်ပြီးနောက် ဒေးဗစ်ဘက်ဟမ်း တစ်ယောက် ဖက်ရှင်နယ်ပယ်ဘက် ပိုမို၍ ထဲထဲဝင်ဝင် ခြေလှမ်းလာပြီ ဖြစ်သည်။

 အင်္ဂလန် လက်ရွေးစင် ဘောလုံးအသင်း၏ အသင်းခေါင်းဆောင်ဟောင်းသည် ပြီးခဲ့သည့် ဘောလုံးရာသီကုန်၌ အားကစားသမား ဘဝကို အပြီးတိုင် စွန့်ခွာပြီဟု ကြေညာခဲ့သည်။ မန်ချက်စတာ ယူနိုက်တက်၊ ရီးယဲလ်မက်ဒရစ်၊ လော့စ်အန်ဂျလိစ်ဂလက်စီနှင့် ပဲရစ်စိန့်ဂျာမိန်း အသင်းများတွင် ကစားခဲ့ဖူးသည့် ဘက်ဟမ်းသည် လန်ဒန်ရှိ ဘွန်းလမ်းမှ ဖက်ရှင်ဆိုင်တစ်ခု ဖွင့်လှစ်မှုတွင် ပါဝင်ခဲ့သည်။ ဆိုင်ကယ်စီး ဖက်ရှင်အဝတ်အထည်များ ရောင်းချမည့် Belstaff အမှတ်တံဆိပ် ဆိုင်ဖွင့်ပွဲတွင် ဘက်ဟမ်းက ကိုယ်ဟန်ပြ ဓာတ်ပုံများ အရိုက်ခံခဲ့ခြင်း ဖြစ်သည်။ Free Download PDF: www.planet.com.mm/evening အေးချမ်းမွန် Credit To > Planet Myanmar Network < Thanks Re-posted By ACM 16-9-2013 https://www.facebook.com/excellencemedia  

http://pktkmk.blogspot.com/?m=1

ဝိုင်တစ်ခွက်နဲ့ Intel Processor ကို အားသွင်းနိုင်

် ဝိုက်တစ်ခွက်နဲ့ Intel Processor အားသွင်းနိုင်တယ်ဆိုတာ တကယ်ပါ။ အမေရိကန်ပြည်ထောင်စု၊ ဆန်ဖရန်စစ္စကို မှာ ပြုလုပ်တဲ့ Intel Developer Fourm မှာ မိတ်ဆက်ပြသ သွားတဲ့ Intel ရဲ့  Processor အသစ် တစ်ခု ဖြစ် ပါတယ်။ အီလက်ထရုတ် ၂ ချောင်းကို ဝိုင်ခွက်ထဲ ထည့်ပြီး Processor ကို တိုက်ရိုက်အားသွင်းပြခဲ့ပါတယ်။ Low Powered processor ဖြစ်ပြီး စပျစ်ဝိုင်တစ်ခွက်နဲ့တင် အားဖြည့်လို့ရတယ်ဆိုတာကို သက်သေ ပြ ခဲ့ခြင်း ဖြစ်ပါတယ်။ အရင်က အာလူး တစ်လုံးနဲ့တင် ဖုန်းအားသွင်းလို့ ရတယ်ဆိုတာကို သက်သေပြ သလိုမျိုးပါပဲ။ ယခု စပျစ်နဲ့ အားသွင်းတဲ့ Processor ဟာ အားအစား သက်သာသလို စွမ်းဆောင်ရည်ပါ ပိုမြင့်တယ်လို့ ဆိုပါတယ်။ အလားတူပဲ Chip အသစ်များ မိတ်ဆက်ပြသခဲ့ပြီး အရွယ်အစားသေးငယ်မှု နဲ့ CPU, GPU ပိုမြန်တဲ့ အပိုင်းတွေကို ပြသသွားခဲ့ ပါတယ်။ နောက်ဆိုရင် အရေအပြာ အပူချိန်ကို အာရုံခံရုံနဲ့ အားသွင်းနိုင်မယ့် Processor နဲ့ Chip များကို ထုတ်လုပ်သွားဖို့ရှိတယ်လို့တောင် ကြေညာသွားခဲ့ ပါတယ်။ . Ref: pocketlint Aung Kham (TSJ team) အေးချမ်းမွန် Credit To > TechSpace Journal < Thanks Re-posted By ACM 16-9-2013 https://www.facebook.com/excellencemedia  

http://pktkmk.blogspot.com/?m=1