Thursday, September 12, 2013

ဆိုရှယ်မီဒီယာနဲ့ အင်တာနက်ကတဆင့် အကြမ်းဖက်တိုက်ခိုက်ခြင်း လောကဓာတ်ခန်းသာဂိ၊ စက်တင်ဘာ ၁၂၊ ၂၀၁၃

  တလောက ဗီယက်နမ်နဲ့ တရုတ်မှာ ဆိုရှယ်မီဒီယာကနေ အစိုးရနဲ့ အာဏာရှင်တွေ အပေါင်းအပါတွေကို စော်ကားရင်၊ အဆိုးမြင်လှုံဆော်ဝါဒဖြန့်ရင် ထောင်ချမယ်၊ အရေးယူမယ်၊ ဖမ်းဆီးမယ် စတဲ့ ဥပဒေထုတ်လိုက်တယ်။ ဗီယက်နမ်ကတော့ ဖုံးတွေ အွန်လိုင်းတွေကနေ မက်ဆိတ်ပို့တဲ့ အက်ပ် (app) တွေကိုပါ ပိတ်ပစ်မယ်အထိ လုပ်လာတယ်။ ( WeChat, LINE, Kakao Talk, WhatsApp) ဆိုတဲ့ မိုဘိုင်းမက်ဆိတ်အက်ပ်တွေ ကိုပါ ပိတ်မယ်ဆိုတော့ အနောက်အုပ်စုကတော့ ကန့်ကွက်စကား ဆိုလာကြတာပေါ့။ တရုတ်ပြည်ကတော့ သတင်းမှားတွေ၊ ကောလဟာလတွေ ရေးသားဖြန့်ချိလာရင် အကြိမ် ၅၀၀ ကျော် ထပ်ဆင့်ဖြန့်ချိတာတွေ တွေ့ရှိတာနဲ့ ထောင် ၃ နှစ် အထိ အရေးယူမယ်လို့ ပြောလိုက်တယ်။ တရုတ်နဲ့ ဗီယက်နမ်က လုပ်ငန်းရှင်တွေနဲ့ အစိုးရဘက်လိုက်သူတွေကတော့ သူတို့ဆီက ဆိုရှယ်မီဒီယာတွေမှာ သတင်းမှားတွေ၊ လုပ်ကြံသတင်းတွေ၊ ကောလဟာလတွေကို မလိုလားအပ်တဲ့ အဖျက်သမားတွေက ဖန်တီးဖြန့်ချိကြတာကြောင့် တိုင်းပြည်နဲ့ ပြည်သူတွေ ဘ၀ ထိခိုက်မှုတွေ ဖြစ်နေတယ် ဒါကြောင့် ကြိုတင်တားဆီးကြတာ ဖြစ်တယ်လို့ ဆင်ခြေပေးကြတယ်။ တရုတ်ကတော့ အခုလို လမ်းညွှန်ချက် ဘယ်နှချက်ဆိုလား ချမှတ်ပြီး ကြပ်မတ်တယ်လို့ ဆိုတယ်။ ကြံ့ဖွတ်အစိုးရလည်း နမူနာယူထားပြီးလောက်ပြီ ထင်ရဲ့။ (၁) ဥပဒေကို နာခံရန် (၂) ဆိုရှယ်လစ်စနစ်ကို ဦးရွက်ရန် (၃) အမျိုးသားအကျိုးကို ကာကွယ်ရန် (၄) တဦးချင်းအခွင့်အရေးကို လေးစားရန် (၅) လူမှုဝန်းကျင်ကို စောင့်ရှောက်ရန်  (၆) စာရိတ္တမဏ္ဍိုင် မထိခိုက်ရန် (၇) အချက်အလက် မှန်ကန်တိကျရန် တို့ ဖြစ်ပါတယ်။ လက်ရှိ မြန်မာပြည်က ဖေ့စ်ဘွတ်ဆိုရှယ်မီဒီယာပေါ်က ပို့စ်တင်းတွေနဲ့ ချိန်ထိုးပြီး စဉ်းစားမယ်ဆိုရင် ကျနော်တို့ထက် အင်တာနက်သုံးစွဲသူ အဆပေါင်းများစွာ အားကောင်းတဲ့ အာဏာရှင် နိုင်ငံ ၂ နိုင်ငံဟာ ဘယ်လောက်တောင် အတိုက်အခိုက်တွေ၊ အဖျက်အမှောင့်တွေနဲ့ ရင်ဆိုင်နေရသလဲဆိုတာ စဉ်းစားကြည့် ခန့်မှန်းကြည့်လို့ရတယ်။ အနောက်အုပ်စုကတော့ ဒါမျိုးတားဆီးတာကို အကြမ်းအားဖြင့် သဘောမတူဘူး။ လွတ်လပ်စွာ ရေးသား ထုတ်ဖော် ဖြန့်ချိခွင့် ရှိရမယ်။ အာမခံရမယ်လို့ ဆိုပါတယ်။ အာရပ်နဲ့ အစ္စလာန်ကမ္ဘာကတော့ သူတို့ရဲ့ အာရပ်နွေဦးနဲ့ နှောင်းပိုင်းကာလတွေမှာ အာဏာပိုင်တွေက ဖြစ်နိုင်ရင် ပိတ်ဆို့တားဆီးတာတွေနဲ့ တုန့်ပြန်လေ့ ရှိတာကို တွေ့ရတယ်။           လက်ရှိ နိုင်း အီလဲဗင်းနောက်ပိုင်း အင်တာနက်လောက၊ ဆိုရှယ်မီဒီယာလောကမှာ စနစ်ကို အလွဲသုံးစားလုပ်ပြီးတော့ ကောလဟာလဖြန့်ချိတာ၊ သတင်းမှားတွေနဲ့ တိုက်ခိုက်တာ၊ (မှန် မှန် မှား မှား၊ လူထုကို ၀ါဒဖြန့် သွေးထိုး လှုံဆော်ပြီးတော့) နောက်ဆုံး လူမှုဝန်းကျင်မှာ အကြမ်းဖက်မှုတွေ ဖြစ်ပွားအောင် (ဆန္ဒပြပွဲတွေလည်း ပါတာပေါ့)  အထိ အရေးအခင်းတွေ၊ အုံကြွမှုတွေ ဖြစ်ပွားအောင် လုပ်ကိုင်လာတွေ အများအပြား ဖြစ်ပွားနေပါတယ်။           တဦးချင်း ဆိုက်ဘာစနစ်ဖြင့် အကြမ်းဖက်စော်ကားခံရခြင်း၊ အုပ်စုလိုက် အကြမ်းဖက်ခံရခြင်း နောက်ဆုံး နိုင်ငံသို့မဟုတ် လူမှုအဖွဲ့အစည်းအလိုက် အကြမ်းဖက် ကျုးကျော်ခံရခြင်းတွေ ဖြစ်ပွားနေတာကို လက်ခံနေရပါတယ်။           အမေရိကန်မှာ […]  

http://pktkmk.blogspot.com/?m=1

No comments:

Post a Comment