Saturday, September 7, 2013

မိမိ ကုန်ပစ္စည်းအတွက် ဖောက်သည် ရှာရန် အရိုးရှင်းဆုံး နည်းလမ်း ၄ခု TechSpace Web Blog /

အောင်ခမ်း (TSJ team) အချို့ အချို့ သော စီးပွားရေးလုပ်ငန်းများဟာ Customer မရှိတော့ ပုံမှန် မလည်ပတ်နိုင်ပါဘူး။ ဆိုလိုတာက Customer မရတဲ့ ပြဿနာ ဖြစ်ပါတယ်။ ဒီတော့ မိမိကုန်ပစ္စည်းအတွက် Customer ရှာဖွေနိုင်မယ့် နည်းလမ်း ယေဘုယျ နည်းလမ်း ၄ ခုကို ဖော်ပြ လိုက်ရ ပါတယ်။ 1.    Advertising ကြော်ငြာရပါမယ်။ ကြော်ငြာမယ်ဆိုရင် သိထားရမှာက ငွေကြေး ခပ်များများကုန်မှ Customer သိမယ် ဆိုတဲ့ အချက်မဟုတ်ပါဘူး။ Type of Customer , Location of Customer နဲ့ Number of Customer ကို သေချာ စစ်ဆေးလို့ အသင့်တော်ဆုံးနေရာမှာ Advertise လုပ်ရမှာ ဖြစ်ပါတယ်။ ဥပမာ ဘောလုံးကွင်း အနီးအနားမှာ အားကစားပစ္စည်း ကြော်ငြာတာမျိုး၊ နည်းပညာ ဂျာနယ်မှာ နည်းပညာ ပစ္စည်းဆိုင် ကြော်ငြာတာမျိုးတို့ ဖြစ်ပါတယ်။ ဒါတောင်မှာ ဘေလ်ဘုတ်လား၊ ပိုစတာလား၊ သတင်းစာဆောင် ကြော်ငြာလား၊ လက်ကမ်း စာဆောင်လား၊ တီဗီ ကြော်ငြာလား၊ ရေဒီယိုလား ဘယ်နည်းလမ်းက ကိုယ်လိုအပ်တဲ့ Customer အရေအတွက်ကို ရောက်စေလဲဆိုတာကို သေချာ လေ့လာထားဖို့ လိုအပ်ပါတယ်။ 2.    Networking and Referrals ပန်းသတင်းလေညင်းဆောင်၊ လူသတင်း လူချင်းဆောင် ဆိုသလိုပါပဲ။ Networking and Referrals ကလည်း အင်မတန် ထိရောက်တဲ့ Customer ရရန် နည်းလမ်း ဖြစ်ပါတယ်။ ဝယ်ပြီးတဲ့ Customer တွေက တစ်ဆင့် စကား တစ်ဆင့်ပါးမယ်။ ကိုယ်နဲ့ တွဲလုပ်ဖူးတဲ့ လုပ်ငန်းရှင်တွေဆီကနေ ဆက်စပ်လို့ Customer တွေရရှိမယ်။ ၎င်းတို့မှ တစ်ဆင့်ပိုမိုကျယ်ပြန့်တဲ့ Networking ဖြစ်လာပြီး ဘေလ်ဘုတ်တင် ကြော်ငြာစရာတောင် မလိုတော့ ပါဘူး။ မြန်မာပြည်ကို ဝင်လာတဲ့ အချို့  ဈေးကြီးဆေးတွေဆိုရင် တီဗီကြော်ငြာ၊ ဘာကြော်ငြာမှ မလုပ်ပဲ Networking and Referrals ရှာဖွေတဲ့ နည်းလမ်းကိုသာ အသုံးချသွားခြင်း ဖြစ်ပါတယ်။ Customer တစ်ယောက် ရှာနိုင်ရင် Percentage ဘယ်လောက် အစရှိသဖြင့် ခွဲတမ်းချ စနစ်ကြောင့်လည်း Network ပိုလို့တောင် ကျယ်ပြန့် သွားပါတယ်။ 3.    Teaming up Teaming up လုပ်ဖို့ လိုအပ်ပါတယ်။ ကုန်ပစ္စည်း ကုမ္မဏီတစ်ခုက သူ့ကုန်ပစ္စည်း အရောင်းထွက်ဖို့အတွက် နည်းအမျိုးမျိုး အသုံးပြုတဲ့အခါအမှာ မိမိ ကုန်ပစ္စည်းကို တွဲပါစေတဲ့ သဘော ဖြစ်ပါတယ်။ သို့တည်း မဟုတ် မိမိ ကုန်ပစ္စည်းကို ရောင်းချတဲ့အခါ သူ့ကုန်ပစ္စည်းကိုပါ တွဲထုတ်ပေးတဲ့ သဘောမျိုး ဖြစ်ပါတယ်။ ဥပမာ - အဝတ် ဘယ်နှစ်ထည် ဝယ်သူကို မီးဖိုချောင်သုံးဖို့ ခွက်၊ပန်းကန် ပေးခြင်း ပြုလုပ်မှုက ခွက်၊ပန်းကန်တို့ကိုလည်း တစ်ခါတည်း ရောင်းထွက်စေပါတယ်။ ဒီမှာ ဈေးသတ်မှတ်မှုအတွက် team လုပ်မယ် ကုမ္မဏီနဲ့ သေချာ တိုင်ပင်ရပါမယ်။ ကိုယ့် ပစ္စည်းကို Free ပေးမှာလား၊ Expense ဖုန်းလောက် ပြန်ရ စေမလား အစရှိသဖြင့် တိုင်ပင်ပြီး တစ်ဖက်က ကုန်ပစ္စည်းကို ဈေးနည်းနည်းတင်ခိုင်းလိုက်တာမျိုး သို့မဟုတ် တွဲဝယ်ရင် ဒီတစ်ဈေး အစရှိသဖြင့် သတ်မှတ်နိုင်ဖို့ လိုအပ်ပါတယ်။ ကုန်တိုက်အချို့ မှာ ကားကံစမ်းမဲ ဖောက်ပေးနေတာ တွေ့နိုင်ပါတယ်။ 4.    Strategic Alliances မဟာမိတ်ဖွဲ့ဖို့ ဖြစ်ပါတယ်။ ဥပမာ ကိုယ်က Web Design နဲ့ Graphic Design လုပ်တာဆိုရင် ကြော်ငြာ အေဂျင်စီ တစ်ခုနဲ့ မဟာမိတ်ဖွဲ့ထားဖို့ လိုအပ်ပါတယ်။ သူ့ဘက်က Customer ရရင် ကိုယ်နဲ့ ပေါင်းလုပ်မယ်။ ကိုယ့် ဘက်က Customer ရရင် သူနဲ့ ပေါင်းလုပ်မယ် အစရှိသဖြင့် အချင်းချင်း အပြန်အလှန် Refer လုပ်ခြင်း ဖြင့်လည်း Customer ရရှိစေပါတယ်။ ဒီလောက်ဆိုရင် စီးပွား စွန့်ဦးကြိုးစားတည်ထောင်နေသူတို့ Customer ရှာဖွေလို့ရမယ့် ယေဘုယျ နည်းလမ်းကို သိရှိပြီလို့ မျော်လင့်ပါတယ်။ . Ref: entrepreneur.com . Visit website 

http://pktkmk.blogspot.com/?m=1

No comments:

Post a Comment