စစ်ကိုင်းမြို့ ကြွယ်လူးရွာနေ ဒေါ်ရီရီမြင့်ကို အိမ်မှာမွေးထားတဲ့ခွေးက မနက်ခင်း ကုန်းစိမ်းရောင်းသွားဖို့ ပြင် ဆင်နေတဲ့ အချိန်မှာ အိပ်နေလို့ တက်နင်းမိရင်တောင် ပြန်မကိုက်တဲ့ခွေးက ကြက်တွေ ဘဲတွေကို လိုက်ကိုက်နေလို့ မောင်းလိုက် ရာက သခင် ကို ခုန်ကိုက်လိုက် တာ နားရွက်ပြဲသွားလို့ စစ်ကိုင်းဆေးရုံကြီးမှာ ခွေးရူးကာကွယ်ဆေးထိုးပြီးနောက် ခွေးရူးဟုတ်နေသဖြင့် ဆရာဝန်မှ ''Equirab'' ဆေးနှစ်လုံးဝယ်ခိုင်းပြီး ထိုးခဲ့ရပါတယ် ဒေါ်ရီရီမြင့် ကိုက်ခံပြီးလို့မှ ဆယ် ရက်ဘဲ ရှိသေးတယ် အိမ်မှာမွေးထားတဲ့ နောက်ခွေးတစ်ကောင် ထပ် ရူးပြီး ဒေါ်ရီရီမြင့် ရဲ့ သားနှစ်ယောက်ကို ထပ်ကိုက်ခံရလို့ ဒေါ်ရီရီမြင့် လိုဘဲ ဆေးထိုးထားရပါတယ် ဒါကြောင့် ဘယ်ခွေးမဆို ရူးနိုင် တာကြောင့် ခွေးများကို သတိထားကြပါ
ပုကျစ်တောက် စစ်ကိုင်း
http://www.pktsgg.blogspot.com/?m=1
http://pktkmk.blogspot.com/?m=1
http://pktkmk.blogspot.com/?m=1
No comments:
Post a Comment