Tuesday, July 15, 2014

Sunday, July 13, 2014

a

a

Posted via Blogaway

Wednesday, June 4, 2014

အထွက် Call ကို ပိတ်ထားနိုင်တဲ့ App ဖြစ်ပါတယ်။ အသုံးဝင်ပုံကတော့ ..

အဆင်ပြေပါစေ

            ပဲခူးတိုင်း ဆင်မြီးဆွဲမြို့ ကြို့ကုန်းကျေးရွာမှာ တနင်္လာ ညနေပိုင်းက ကိုအောင်ဇော်မင်း လို့ အမည်ရတဲ့ အသက်(၃၈) နှစ် အရွယ် ကျွဲကျောင်းသားတဦး မိုးကြိုးဒဏ်ခံရပြီး သေဆုံးသွားပါတယ်။ 



 ~

   

        ပဲခူးတိုင်း ဆင်မြီးဆွဲမြို့ ကြို့ကုန်းကျေးရွာမှာ တနင်္လာ ညနေပိုင်းက ကိုအောင်ဇော်မင်း လို့ အမည်ရတဲ့ အသက်(၃၈) နှစ် အရွယ် ကျွဲကျောင်းသားတဦး မိုးကြိုးဒဏ်ခံရပြီး သေဆုံးသွားပါတယ်။ 

 ရွာအပြင်ဘက် လယ်ကွင်းထဲ ကျွဲကျောင်းနေတုန်း အဲဒီလို ဖြစ်ခဲ့တဲ့အကြောင်း သူနဲ့ နာမည်ဆင်တူတဲ့ သူ့ သူငယ်ချင်း ကိုဇော်မင်းက ရှင်းပြပါတယ်။

         “ ကျနော်က အရှေ့ချောင်းနား ခဏ သွားနေတုန်း မိုးကြိုးပစ်သံကြားလိုက်တယ်။

နောက်ပြန်လှည့်ကြည့်လိုက်တော့ ဒီကောင် မရှိတော့ဘူး။  ...

ချုံထဲများ ပုန်းနေသလားဆိုပြီး လိုက်ရှာတော့ ချုံအစပ်မှာ သေနေတာမြင်ရတာပဲ။

သေချာကြည့်လိုက်တော့ မိုးကြိုးပစ်ခံရတယ်ဆိုတာ သိလိုက်ရတာ”

အဲဒီနောက်မှာတော့ သူငယ်ချင်းဖြစ်သူရဲ့အခြေအနေနဲ့ ပတ်သက်ပြီး ရွာကို အကြောင်းကြား၊ ရဲကို လှမ်းခေါ်လိုက်တာပဲလို့ သူက ရှင်းပြပါတယ်။

ရုပ်အလောင်းကို အဲဒီနေရာကနေ ဒေသခံ နာရေးအသင်းရဲ့ ထော်လာဂျီနဲ့ သယ်သွားတာ တွေ့ခဲ့ရပါတယ်။

ဆင်မြီးဆွဲရဲစခန်း တာဝန်ရှိသူတဦးကတော့ ... ကျွဲကျောင်းနေတုန်း  မိုးကြိုးပစ်ခံရပြီး သေဆုံးတာဖြစ်ပေမယ့်လည်း လုပ်ထုံးလုပ်နည်းအရ ဒီအမှုကို စစ်ဆေးနေတယ်လို့  ဧရာဝတီကို ပြောပါတယ်။

အမှုတွဲအမှတ် ပ/ ၃/ ၂ဝ၁၄ ဖြစ်ပါတယ်။

 ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်မဟုတ် သိရဖို့  ဆင်မြီးဆွဲမြို့ဆေးရုံကို  ပို့ဆောင်စစ်ဆေးထားတယ်လို့ သူက ပြောပြပါတယ်။ ဆင်မြီးဆွဲက ပြည်မြို့အနီး တည်ရှိတဲ့ မြို့လေးတမြို့ဖြစ်ပါတယ်။

ကောင်းမြတ်မင်း  .

ဧရာဝတီ Facebook / ဧရာဝတီ Twitter