အောင်သုတ မန်ယူအသင်းနည်းပြ ဒေးဗစ်မိုယက်စ်က မန်ယူအသင်းသားများအနေဖြင့် ကွင်းအတွင်းတွင် ဟန်ဆောင် ဒိုင်ဗင်ထိုးခြင်းကို မမြင်တွေ့လိုကြောင်း သတိပေးပြောကြားခဲ့သည်။ မန်ယူအသင်းသည် ခရစ္စတယ်ပဲလေ့စ်အသင်းအား ၂-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့သည့်ပွဲစဉ်တွင် တောင်ပံကစားသမား အက်ရှ်လေယန်း ဂိုး ဧရိယာအတွင်းတွင် ဟန်ဆောင်ဒိုင်ဗင်ထိုးခဲ့သောကြောင့် ပင်နယ်တီရရှိခဲ့ပြီး ထိုဖြစ်စဉ်ကို ဝေဖန်သံများ ထွက်လာခဲ့ခြင်းကြောင့် မိုယက်စ်ကအသင်းသားများအား ယခုကဲ့သို့ သတိပေးစကားဆိုခဲ့ခြင်းဖြစ်သည်။ မိုယက်စ်က “ကျွန်တော့်အသင်းက ကစားသမားတွေ ဒိုင်ဗင်ထိုးတာ ကျွန်တော် မကြိုက်ပါဘူး။ ဒါဟာ ကျွန်တော် လိုချင်တဲ့အရာ မဟုတ်ပါဘူး။ ဒီအကြောင်း ကျွန်တော်အမြဲပြောခဲ့တာပါ။ ပဲလေ့စ် နောက်ခံလူ ဒစ်ကာဂိုဟာယန်းကို ဖျက်ထုတ်လိုက်တာမှန်ပေမယ့် ယန်းကိုယ်တိုင်ကလည်း တမင်ဟန်ဆောင်ခဲ့တာပါ။ ဒီအကြောင်းကို ကျွန်တော်သူ့ကိုလည်း ပြောပြသွားမှာပါ”ဟု ပွဲအပြီးတွင် သတင်းထောက်များ၏မေးမြန်းမှုကို ဖြေကြားခဲ့သည်။ ၎င်းက နောက်ဆုံးကျန်ခဲ့သည့် နောက်ခံလူက ဖျက်ထုတ်မှုအတွက် တိုက်ရိုက် အနီကတ်ပြသသည့် ဥပဒေအားလည်း နှစ်မြို့မှု မရှိကြောင်းနှင့် ထိုဥပဒေမှာ ပြင်းထန်လွန်းကြောင်း ဆိုခဲ့သည်။ အဆိုပါဖြစ်ရပ်ကြောင့် ပဲလေ့စ်နောက်ခံလူ ဒစ်ကိုဂိုကို ဒိုင်လူကြီး ဂျွန်မော့စ်က ထုတ်ပယ်ခဲ့ပြီး မန်ယူအသင်းဘက်ကို ပင်နယ်တီသတ်မှတ်ပေးခဲ့ကာ ဗန်ပါစီကကန်သွင်းယူပြီး မန်ယူအသင်းအတွက် ဦးဆောင် ဂိုးရယူခဲ့သည်။ အက်ရှ်လေယန်းသည် ဟန်ဆောင်ဒိုင်ဗင်ထိုးမှုကြောင့် မကြာခဏဝေဖန်ခံရသူဖြစ်ပြီး ယမန်နှစ်ရာသီကလည်း ကျူပီအာ၊ ဗီလာအသင်းတို့နှင့် ကစားခဲ့သည့်ပွဲစဉ်များတွင် ဒိုင်ဗင်ထိုးမှုကြောင့် အကြီးအကျယ်ဝေဖန်ခံခဲ့ရသည်။ မိုယက်စ်သည် ဟန်ဆောင်ဒိုင်ဗင်ထိုးခြင်းကို ကြိုက်နှစ်သက်ခြင်းမရှိဘဲ အဲဗာတန်အသင်းနည်းပြအဖြစ် ယမန်နှစ်ရာသီရှိနေစဉ်က လီဗာပူးလ်အသင်းတိုက်စစ်မှူး ဆွာရက်ဇ်အား ဒိုင်ဗင်ထိုးခြင်းနှင့် ပတ်သက်ပြီး ပြင်းပြင်းထန်ထန်ဝေဖန်ဖူးခဲ့သည်။ အေးချမ်းမွန် Credit To > Mizzima - News in Burmese < Thanks Re-posted By ACM 16-9-2013 https://www.facebook.com/excellencemedia
http://kmksgg.blogspot.com/?m=1 http://pktkmk.blogspot.com/?m=1
No comments:
Post a Comment