Thursday, September 26, 2013

လူငယ်လိဂ် အမှတ်ပေးဇယားအား ရတနာပုံလူငယ်အသင်း ပြန်လည်ဦးဆောင် သတင်း / 1 hours ago

 ကျင်းပလျက်ရှိသည့် နေရှင်နယ်လိဂ် လူငယ်ဘောလုံးပြိုင်ပွဲတွင် ရန်ကုန်အသင်းနှင့် ရတနာပုံအသင်းတို့မှ အမှတ်ပေး ဇယားအား ... ကျင်းပလျက်ရှိသည့် နေရှင်နယ်လိဂ် လူငယ်ဘောလုံးပြိုင်ပွဲတွင် ရန်ကုန်အသင်းနှင့် ရတနာပုံအသင်းတို့မှ အမှတ်ပေး ဇယားအား တစ်လှည့်စီ ဦးဆောင်နေပြီး ပွဲစဉ် ၁၂ တွင် ရန်ကုန်အသင်းက ဟံသာဝတီအသင်းကို ရှုံး နိမ့်ခဲ့ပြီး ရတနာပုံ အသင်းက မနောမြေအသင်းအား အနိုင်ရရှိခဲ့သဖြင့် အမှတ်ပေး ဇယားအား ရတနာပုံ လူငယ်အသင်းမှ ပြန်လည် ဦးဆောင် ခဲ့သည်။ ပွဲစဉ် ၁၂ ပွဲစဉ်များတွင် ရတနာပုံအသင်းက မနောမြေအသင်းအား ၃-၁ ဂိုးဖြင့် လည်းကောင်း၊ ဇေယျာရွှေမြေအသင်း က ဧရာဝတီအသင်းအား ၂-၁ဂိုးဖြင့် လည်းကောင်း၊ ဟံသာဝတီအသင်းက ရန်ကုန်အသင်းအား ၂-၁ ဂိုးဖြင့် လည်းကောင်း အနိုင်ရရှိခဲ့ပြီး ကမ္ဘောဇအသင်းနှင့် ရခိုင်ယူနိုက်တက် အသင်းတို့မှာ ဂိုးမရှိသရေ၊ နေပြည်တော် အသင်းနှင့် ဆောက်သမ်းအသင်းတို့မှာ တစ်ဂိုးစီသရေနှင့် မကွေးအသင်းနှင့် ဇွဲကပင်အသင်းတို့မှာ တစ်ဂိုးစီသရေကျ ခဲ့သည်။ ပွဲစဉ် ၁၂ ပွဲစဉ် များကိုလာမည့် စက်တင်ဘာ ၂၇၊ ၂၈၊ ၂၉ ရက် များတွင် စလင်းကွင်းနှင့် YUSC ၏ ကွင်းတို့၌ ဆက်လက်ကျင်းပမည် ဖြစ်သည်။ ပွဲစဉ် ၁၂ တွင် ဇေယျာရွှေမြေအသင်းနှင့် ကမ္ဘောဇအသင်း၊ ဇွဲကပင်အသင်းနှင့် ဧရာဝတီအသင်း၊ ရတနာပုံ အသင်း နှင့် နေပြည်တော်အသင်း၊ ဆောက်သမ်းအသင်းနှင့် ရန်ကုန်အသင်း၊မကွေးအသင်းနှင့် ရခိုင်ယူနိုက်တက်အသင်း၊ မနောမြေအသင်းနှင့် ဟံသာဝတီ အသင်းတို့ ဆက်လက်ကစားကြမည်ဖြစ်သည်။ Post by Burma News from Mizzima. Visit website 

http://pktkmk.blogspot.com/?m=1

No comments:

Post a Comment