Wednesday, August 28, 2013

ဧရာဝတီ < Thanks Re-posted By ACM 28-8-2013 https://www.facebook.com/excellencemedia ">"၃၈ နံပါတ်နဲ့စတဲ့ လိုင်းဖုန်းတွေလည်း သုံးလို့မရဘူး" Wednesday, August 28, 2013

  ဧရာဝတီ < Thanks Re-posted By ACM 28-8-2013 https://www.facebook.com/excellencemedia ">"၃၈ နံပါတ်နဲ့စတဲ့ လိုင်းဖုန်းတွေလည်း သုံးလို့မရဘူး" Wednesday, August 28, 2013 ရန်ကုန်မြို့တွင် စက်ပိုင်းဆိုင်ရာ ချို့ယွင်းမှုကြောင့် GSM မိုဘိုင်းလ်ဖုန်းများ၊ ကြိုးဖုန်းများ ပြတ်တောက်နေကြောင်း သိရသည်။ ယမန်နေ့မှ စတင်ပြီး ရန်ကုန်မြို့လယ် မောင်ထော်လေး ဆက်သွယ်ရေး အိတ်ချိန်းတွင် စက်ပိုင်းဆိုင်ရာ ချို့ယွင်းမှုများဖြစ်နေကြောင်း၊ ယင်းချို့ယွင်းမှုကြောင့် ၀၁-၃၈ နံပါတ်နှင့် စသော ဖုန်းများ အသုံးပြု၍ မရကြောင်း၊ ဂျီအက်စ်အမ်မိုဘိုင်းလ်ဖုန်း အများစု မှာလည်း ခေါ်ဆိုမရခြင်း ဖြစ်ပေါ်နေကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ အော်တိုတယ်လီဖုန်းဌာန အရာရှိတဦးထံမှ သိရှိရသည်။ "မနေ့ကတည်းက မောင်ထော်လေးအိတ်ချိန်းမှာ စက်ပိုင်းဆိုင်ရာ ချို့ယွင်းမှု တွေဖြစ်ပါတယ်။ ၃၈ နံပါတ်နဲ့စတဲ့ လိုင်းဖုန်းတွေလည်း သုံးလို့မရဘူး။ GSM ဖုန်းတွေ တော်တော်များများလည်း ခေါ်ဆိုလို့မရဘူး။ တတ်နိုင်သမျှတော့ ပြင်နေတယ်။ အများပြည်သူကိုတော့ အသိပေးချက် ထုတ်တာတွေ မလုပ်ထားပါဘူး။ အသေးစိတ်ကတော့ အင်ဂျင်နီယာဌာနကို မေးမှ သိမယ်" ဟု အော်တိုတယ်လီဖုန်းဌာန၊ ဒုတိယအင်ဂျင်နီယာချုပ်ရုံးခန်းမှ တာဝန်ရှိသူတဦးက ဧရာဝတီသို့ ပြောဆိုသည်။ တနင်္လာနေ့က ရန်ကုန်မြို့ အနော်ရထာလမ်းတနေရာမှာ တွေ့ရတဲ့ လမ်းဘေးဖုန်း (ဓာတ်ပုံ - စည်သူလင်း/ဧရာဝတီ) အေးချမ်းမွန် Credit To > ဧရာဝတီ < Thanks Re-posted By ACM 28-8-2013 https://www.facebook.com/excellencemedia  

mrcopy

No comments:

Post a Comment