Tuesday, August 27, 2013

အလုပ်ထုတ်ခံရသည့်ဆရာမကိစ္စ ပွင့်လင်းမြင်သာစွာဖြေရှင်းပေးရန် တက္ကသိုလ်ဆရာ၊ ဆရာမများအ...

အလုပ်ထုတ်ခံရသည့်ဆရာမကိစ္စ ပွင့်လင်းမြင်သာစွာဖြေရှင်းပေးရန် တက္ကသိုလ်ဆရာ၊ ဆရာမများအသင်း တောင်းဆို

==========================

သြဂုတ်(၂၇) ၊ ရန်ကုန်တိုင်းမ်နေ့စဉ်သတင်းစာ

==========================

ရှစ်လေး လုံးသတင်းစာရှင်းလင်းပွဲ တက် ရောက်မိသဖြင့် ဆရာမဒေါ်စိုး စိုးခိုင်အား ရာထူးမှ ထုတ်ပယ် လိုက်သည့်ကိစ္စကို ၁၅ရက်အ တွင်း ဥပဒေနှင့်အညီ ပွင့်လင်း မြင်သာမှုရှိစွာ မဖြေရှင်းပေးပါ က ပြည်တွင်း/နိုင်ငံတကာအဖွဲ့ အစည်းများနှင့် ပူးပေါင်းကာ အ ပြီးတိုင် ပြေလည်အောင်ဖြေရှင်း သွားမည်ဟု တက္ကသိုလ်ဆရာ၊ ဆရာမများအသင်းမှ ထုတ်ပြန် လိုက်သည်။

အဆိုပါကိစ္စအား ကန့်ကွက် ရှုတ်ချခြင်းကို ရန်ကုန်အရှေ့ ပိုင်း တက္ကသိုလ်၊ ဒဂုံတက္ကသိုလ်၊ ရန်ကုန်တက္ကသိုလ်၊ ရန်ကုန်အ နောက်ပိုင်းတက္ကသိုလ်၊ မန္တလေး တက္ကသိုလ်တို့မှ တက္ကသိုလ်ဆရာ၊ ဆရာမများအသင်းမှ ဩဂုတ် ၂၆ရက်တွင် ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။

တက္ကသိုလ်ဆရာ၊ ဆရာမ များအသင်း ဥက္ကဋ္ဌဒေါက်တာ သက်နိုင်က ''သူတို့စုံစမ်းစစ်ဆေး တာ ပုံစံမကျရင် ကျွန်တော်တို့ရဲ့ အစည်းအဝေး ဆုံးဖြတ်ချက်အ ရ အိုင်အယ်လ်အိုနဲ့ဆက်သွယ်ပြီး တော့ ဖြေရှင်းသွားမယ်။ ကိုယ့် နိုင်ငံက ဖြေရှင်းနည်းတွေက ပုံစံ မကျရင် အိုင်အယ်လ်အိုမှာ ဥပဒေ တွေ၊ မူတွေရှိတယ်။ အဲဒါတွေ နဲ့ ပြန်တိုက်စစ်ဆေးရမယ်။ အ လုပ်သမားဥပဒေမှာ ဘယ်ဥပဒေ နဲ့ငြိနိုင်မလဲ။ ဆရာမဘက်ကလဲ ခိုင်ခိုင်လုံလုံ တင်ပြနိုင်ရမယ်။ ဒီ လို ဥပဒေတွေနဲ့မညီဘူးဆိုရင် ဆရာမတစ်ဦးတည်းကိုပဲ ကွက် ပြီး အရေးယူလို့မရပါဘူး။ ဒီလို လုပ်တာကလဲ ဘယ်သူဘယ်ဝါ ကြောင့်မှ မဟုတ်ပါဘူး။ တရား မျှတစေချင်လို့ပါ။ အမြင်ကပ်လို့ လုပ်တဲ့ပုံစံမျိုးတွေ မဖြစ်စေချင်ပါ ဘူး''ဟုပြောသည်။

''အမှန်တရား ပေါ်ပေါက် လာဖို့အတွက် ပြည်သူ့လွှတ်တော် ကို စာတင်သွားမယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းကတော့ ထောက် လှမ်းရေးက ဖုန်းဆက်တယ်။ အ သနားခံစာ ပြန်တင်ဖို့အတွက် ဖုန်းဆက်ပြီးပြောတာပါ။ အခု လိုမျိုး အဆင့်မြင့်ပညာဦးစီးဌာန က ဆရာ၊ ဆရာမတွေ အမှန် တရားအတွက် ရဲရဲဝံ့ဝံ့လုပ်ဆောင် ပေးတာတွေကို ကျေးဇူးလဲတင် တယ်။ မျက်ရည်လဲ ကျမိပါတယ်'' ဟု အဆိုပါကာယကံရှင်ဆရာမ ဒေါ်စိုးစိုးခိုင်က ပြောသည်။

နေပြည်တော် ဇမ္ဗူသီရိ မြို့နယ် အမှတ်(၅)အခြေခံ ပညာအထက်တန်းကျောင်းမှ လုပ်သက် ၁၈နှစ်ရှိပြီဖြစ်သည့် ဆရာမဒေါ်စိုးစိုးခိုင်အား နိုင်ငံ ရေးအဖွဲ့အစည်းများနှင့် ပါဝင် ပတ်သက်ခြင်းအပါအဝင် စွပ်စွဲ ချက်သုံးချက်ဖြင့် ပညာရေးဝန် ကြီးဌာနက အလုပ်မှ ထုတ်ပယ် ခဲ့ခြင်းဖြစ်သည်။

အေးချမ်းမွန် Credit To > Yangon Media Group < Thanks

Re-posted By ACM 27-8-2013

https://www.facebook.com/excellencemedia

http://www.pktsgg.blogspot.com/ feeds/posts/default

No comments:

Post a Comment