Saturday, August 31, 2013

Facebook ကိုမှီ၍ ဈေးဆိုင်ခင်းသူများကြောင့် ကန်ဒေါ်လာ သန်း ၂၀၀ နှစ်နာ

  TechSpace Web Blog / 2 days ago ပွဲဈေးထဲမှာ အခွန်မဆောင်ပဲ မြေနေရာတစ်ခုမှာ ဈေးဆိုင်ခင်းသလိုပါပဲ။ Facebook ဆီကနေ တရားဝင် ခွင့်ပြုချက် မယူပဲ ကြော်ငြာဇွတ်ထိုးတဲ့ Spam တွေကြောင့် Facebook ရဲ့  စီးပွားရေးကို တစ်နှစ် သန်း ၂၀၀ ထိခိုက်စေကြောင်း သိရပါတယ်။ ဘာလို့လဲဆို ယင်း Spam တို့ရဲ့  ဝင်ငွေက တစ်နှစ်ကို အမေရိကန်ဒေါ်လာ သန်း ၂၀၀ တောင်ရှိပါတယ်။ အားလုံးလည်း မြင်မှာပါ။ Wow, Cool, Join, Click here ဘာညာနဲ့ Facebook ပေါ်မှာ ကြဲလိုက်တဲ့ Spam တွေ မြင်တောင်မကောင်းပါဘူး။ Sexy ကျကျဓာတ်ပုံလေးတွေနဲ့ စာသားတွေနဲ့ ရှဲထားတော့ မသိတဲ့ သူများက သွားနှိပ်မိပါတယ်။ ယင်းသို့ နှိပ်မိပြီး Browser ရဲ့  Adds on ထဲကို အလိုလို ဝင်တော့ ကိုယ်လည်း ဘာမှ မလုပ်ရပဲနဲ့ ကြော်ငြာတွေ ဇွတ်ထိုးပါတော့တယ်။ အဲဒါ Underground Developer များပြုလုပ်တာပါ။ Underground ဆိုတာ Facebook နဲ့ တရားဝင် အသိအမှတ် ပြု သဘောတူညီမှု မယူပဲ ကြော်ငြာ App, Virus တွေ ရေးစားနေတဲ့ အဖွဲ့ ဖြစ်ပါတယ်။ ကြော်ငြာ တစ်ခုကို ၁၈ ဒေါ်လာမှ ၃၅ ဒေါ်လာအထိ ကောက်ယူပြီး Website Traffic တိုးအောင်၊ ကုန်စည် လူသိများ အောင် နည်းလမ်းအမျိုးမျိုးနဲ့ ပြုလုပ်ကြပါတယ်။ အချို့  ဆိုရင် ကုမ္မဏီတွေ ဘာတွေတောင် ထောင်ပြီး တော့ တောင် ကြော်ငြာကုဒ်တွေပဲ တစ်နေ့တစ်နေ့ရေးလို့ Facebook Page ကနေ  ကြဲကြဲနေတာ မြန်မာပြည် Facebook အထိတောင် ရောက်လာတယ် ဆိုပါတော့။ ဒါကြောင့် ယင်းစီးပွားရေးက ရုပ်ရှင်ရုံမှာ မှောင်ခိုလက်မှတ်ရောင်းတာနဲ့လည်း မတူဘူး။ ပွဲဆိုင်ဈေးခင်းမှာ အခွန်မဆောင်ပဲ ဖျာခင်းဈေးရောင်းတာနဲ့ တူသလိုရှိနေလို့ပါ။ Personal Account များရဲ့  လုံခြုံရေးကိုလည်း အထိနာစေတယ်လို့ ဆိုပါတယ်။ ဒါကြောင့်မို့ တစ်နေ့တစ်နေ့ Facebook မှ Spam များကို ဖွဲ့ဖို့ အင်ဂျင်နီယာ တစ်ဖွဲ့ကို သီးသန့်ထားပြီး Facebook က ထိုင်ဖျက်ပေးပါတယ်။ သို့ပေမယ့် မလွယ်ပါဘူး။ ကမ္ဘာမှာ ရှိတဲ့ Facebook Page က သန်းနဲ့ချီနေတာမို့ Track လုပ်ဖို့အတွက် အဆင့်မြင့်နည်းပညာများ လိုအပ် နေသေးတယ် လို့ ဆိုပါတယ်။ သို့ပေမယ့် အနာဂတ်မှာ ယင်းကဲ့သို့ Facebook မှတစ်ဆင့် Spam ကြဲသူများကို Ban ပြီး တားဆီး နှိမ်နှင်းသွား မယ်လို့ ဇူဘာဘတ်မှ ပြောဆိုခဲ့ပါတယ်။ . Ref: mashable အောင်ခမ်း (TSJ team) . Visit website 

mrcopy

No comments:

Post a Comment