Saturday, August 31, 2013

Facebook ကိုမှီ၍ ဈေးဆိုင်ခင်းသူများကြောင့် ကန်ဒေါ်လာ သန်း ၂၀၀ နှစ်နာ

  TechSpace Web Blog / 2 days ago ပွဲဈေးထဲမှာ အခွန်မဆောင်ပဲ မြေနေရာတစ်ခုမှာ ဈေးဆိုင်ခင်းသလိုပါပဲ။ Facebook ဆီကနေ တရားဝင် ခွင့်ပြုချက် မယူပဲ ကြော်ငြာဇွတ်ထိုးတဲ့ Spam တွေကြောင့် Facebook ရဲ့  စီးပွားရေးကို တစ်နှစ် သန်း ၂၀၀ ထိခိုက်စေကြောင်း သိရပါတယ်။ ဘာလို့လဲဆို ယင်း Spam တို့ရဲ့  ဝင်ငွေက တစ်နှစ်ကို အမေရိကန်ဒေါ်လာ သန်း ၂၀၀ တောင်ရှိပါတယ်။ အားလုံးလည်း မြင်မှာပါ။ Wow, Cool, Join, Click here ဘာညာနဲ့ Facebook ပေါ်မှာ ကြဲလိုက်တဲ့ Spam တွေ မြင်တောင်မကောင်းပါဘူး။ Sexy ကျကျဓာတ်ပုံလေးတွေနဲ့ စာသားတွေနဲ့ ရှဲထားတော့ မသိတဲ့ သူများက သွားနှိပ်မိပါတယ်။ ယင်းသို့ နှိပ်မိပြီး Browser ရဲ့  Adds on ထဲကို အလိုလို ဝင်တော့ ကိုယ်လည်း ဘာမှ မလုပ်ရပဲနဲ့ ကြော်ငြာတွေ ဇွတ်ထိုးပါတော့တယ်။ အဲဒါ Underground Developer များပြုလုပ်တာပါ။ Underground ဆိုတာ Facebook နဲ့ တရားဝင် အသိအမှတ် ပြု သဘောတူညီမှု မယူပဲ ကြော်ငြာ App, Virus တွေ ရေးစားနေတဲ့ အဖွဲ့ ဖြစ်ပါတယ်။ ကြော်ငြာ တစ်ခုကို ၁၈ ဒေါ်လာမှ ၃၅ ဒေါ်လာအထိ ကောက်ယူပြီး Website Traffic တိုးအောင်၊ ကုန်စည် လူသိများ အောင် နည်းလမ်းအမျိုးမျိုးနဲ့ ပြုလုပ်ကြပါတယ်။ အချို့  ဆိုရင် ကုမ္မဏီတွေ ဘာတွေတောင် ထောင်ပြီး တော့ တောင် ကြော်ငြာကုဒ်တွေပဲ တစ်နေ့တစ်နေ့ရေးလို့ Facebook Page ကနေ  ကြဲကြဲနေတာ မြန်မာပြည် Facebook အထိတောင် ရောက်လာတယ် ဆိုပါတော့။ ဒါကြောင့် ယင်းစီးပွားရေးက ရုပ်ရှင်ရုံမှာ မှောင်ခိုလက်မှတ်ရောင်းတာနဲ့လည်း မတူဘူး။ ပွဲဆိုင်ဈေးခင်းမှာ အခွန်မဆောင်ပဲ ဖျာခင်းဈေးရောင်းတာနဲ့ တူသလိုရှိနေလို့ပါ။ Personal Account များရဲ့  လုံခြုံရေးကိုလည်း အထိနာစေတယ်လို့ ဆိုပါတယ်။ ဒါကြောင့်မို့ တစ်နေ့တစ်နေ့ Facebook မှ Spam များကို ဖွဲ့ဖို့ အင်ဂျင်နီယာ တစ်ဖွဲ့ကို သီးသန့်ထားပြီး Facebook က ထိုင်ဖျက်ပေးပါတယ်။ သို့ပေမယ့် မလွယ်ပါဘူး။ ကမ္ဘာမှာ ရှိတဲ့ Facebook Page က သန်းနဲ့ချီနေတာမို့ Track လုပ်ဖို့အတွက် အဆင့်မြင့်နည်းပညာများ လိုအပ် နေသေးတယ် လို့ ဆိုပါတယ်။ သို့ပေမယ့် အနာဂတ်မှာ ယင်းကဲ့သို့ Facebook မှတစ်ဆင့် Spam ကြဲသူများကို Ban ပြီး တားဆီး နှိမ်နှင်းသွား မယ်လို့ ဇူဘာဘတ်မှ ပြောဆိုခဲ့ပါတယ်။ . Ref: mashable အောင်ခမ်း (TSJ team) . Visit website 

mrcopy

မမြင်နိုင်သော စပီကာ ထုတ်လုပ်ရောင်းချတော့မည

် TechSpace Web Blog / 23 hours ago တီထွင်အောင်မြင်တာ အရင်နှစ်ကတည်းက ပါ။ ယခုတော့ ဈေးကွက်ကို အမှန်တကယ် ဖြန့်ချိရောင်းချတော့မှာ ဖြစ်ပါတယ်။ Saltwater Gel နဲ့ လုပ်ထားတဲ့ ယင်းစပီကာက ပုံမှာ မြင်တွေ့ရတဲ့အတိုင်းပဲ ထိုးဖောက်မြင်နေရမှာ ဖြစ်ပါတယ်။ ဒီတော့ အသံဘယ်လိုဖြတ်မလဲ ဆိုတာ မေးစရာ ရှိပါတယ်။ ဒီလိုရှိပါတယ်။ အီလက်ထရောနစ် ဗို့အားတစ်ခု သက်ရောက်စေပြီး ယင်းသက်ရောက်မှုကြောင့် တုန်ခါမှုတစ်ခုဖြစ်ပေါ်ပြီး အသံလိုင်း ထုတ်လုပ်ပေးမှာ ဖြစ်ပါတယ်။ ယင်းအသံလိုင်းကနေပဲ အသံ မျိုးစုံ ထွက်ရှိနိုင်ပြီး စပီကာလိုမျိုးလုပ်ဆောင်မှာ ဖြစ်ပါတယ်။ ယင်း Gel ရဲ့  ထူးခြားချက်က အသားတု အစားထိုးမှုမှာလည်း အသံးပြု လို့ ရပါတယ်။ နောက်ဆိုရင် စပီကာနဲ့ အီလက်ထရောနစ် ပစ္စည်းမှာပါ မဟုတ်တော့ပဲ Human အစိတ်အပိုင်းမှာပါ အသုံးဝင်မယ့် နည်းပညာ အစိတ်အပိုင်း တစ်ခုဖြစ်လာမယ်လို့ ဆိုပါတယ်။ ယင်း Transparent speakers အလုပ်လုပ်ပုံကို အောက်ပါ ဗီဒိယို လခ့်မှာ ဝင်ရောက် လေ့လာကြည့်ရှု နိုင်ပါတယ်။ http://youtu.be/5K5KSDL1gXE . Visit website 

mrcopy

ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ်၏ ခံယူချက

် TechSpace Web Blog / 22 hours ago လက်ရှိ ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ်ဖြစ်တဲ့ Warren Buffet ရဲ့  ခံယူချက် အဆိုအမိန့်အချို့  က အောက်ပါ အတိုင်း ဖြစ်ပါတယ်။ ငွေရှာတဲ့အခါ.... ဝင်ငွေတစ်ခုတည်းကို ဘယ်တော့မှမရပ်တည်နဲ့ အခြား ငွေရနိုင်တဲ့ နည်းလမ်း (second source) မှာလည်း ရင်းနှီး မြှုပ်နှံ ပါ။ ငွေသုံးတဲ့အခါ... ကိုယ်က မလိုအပ်တဲ့ အရာဝတ္ထုပစ္စည်းတစ်ခုကို ဝယ်လိုက်မိရင် ကိုယ့်ဆီက အသုံးဝင်တဲ့ အရာပစ္စည်းတစ်ခု ရောင်းရတော့မယ်လို့ သိထားပါ။ ငွေစုတဲ့အခါ.... သုံးပြီးငွေမှ ပိုတာကို မစုနဲ့။ စုပြီးငွေမှ ပိုတာကို သုံး..။ ကံကိုတည်ပြီး ရင်းရတော့မယ့်အခါ.... မြစ်ထဲကို ခြေထောက်နှစ်ဖက်လုံး စိမ်ဖို့ စိတ်မကူးမိစေနဲ့…။ ငွေရင်းနှီးတော့မယ့်အခါ... ခြင်းတောင်းတစ်ခုထဲမှာပဲ ကြက်ဥ အကုန်ထည့်မထားနဲ့..။ မျော်လင့်ချက် ထားတဲ့အခါ..... ရိုးသာမှုဟာ လောကမှာ တန်ဖိုးအကြီးဆုံး လက်ဆောင်တစ်ခုပဲ၊ ယင်း အရာကို ဈေးပေါပေါ လူတွေကတော့ ဘယ်တော့မှ မမျော်လင့်နဲ့..။ . Ref:dyknow Aung Kham (TSJ team) . Visit website 

mrcopy

ဘီလ်ဘာအို ကွင်းလယ်လူ ဟာရဲရာအတွက် ယူနိုက်တက်၏ ကမ်းလှမ်းမှု ပယ်ချခံရ နောက်ဆုံးသတင်းများ / 17 hours ago

  အက်သလက်တီကို ဘီလ်ဘာအို အသင်းသည် ကွင်းလယ်လူ အန်ဒရီ ဟာရဲရာ အတွက် မန်ချက်စတာ ယူနိုက်တက်ထံမှ ချဉ်းကပ်မှု တစ်ခုကို ငြင်းဆန်ခဲ့ကြောင်း သိရှိရသည်။ Visit website 

mrcopy

ယူနိုက်တက်ကို အနိုင်ယူရန် လီဗာပူးလ် အသင်းကို ရော့ဂျာ စိန်ခေါ် တိုက်တွန်းထား နောက်ဆုံးသတင်းများ / 17 hours ago

  အန်းဖီးလ်တွင် မန်ချက်စတာ ယူနိုက်တက်ကို အနိုင် ကစားနိုင်ခြင်း ရှိမရှိ လီဗာပူးလ် ကစားသမားများအား အသင်း မန်နေဂျာ ဘရန်ဒန် ရော့ဂျာက စိန်ခေါ် ထားလိုက်သည်။ Visit website 

mrcopy

အတ်ဆုကို ချယ်လ်ဆီးခေါ်ယူ ~ ဗီတက်ဆီထံ အငှား ချထားရန် စီစဉ်နေ နောက်ဆုံးသတင်းများ / 17 hours ago

  ချယ်လ်ဆီး အသင်းသည် ပေါ်တိုတောင်ပံ ကစားသမားလေး ခရစ္စတီယန် အတ်ဆုကို ခေါ်ယူရန် သဘော တူညီခဲ့ပြီးနောက် ကစားသမားကို ပြန်လည် အငှားချရန်ပါ စီစဉ်နေကြောင်း သိရှိရသည်။ Visit website 

mrcopy

နာမည်ကြီး တစ်ဦး ဖြစ်သည့်တိုင် ပုံစံကောင်း မရလျှင် နေရာ မရနိုင်ဟု ဟတ်ကို ပယ်လီဂရီနီ သတိပေး နောက်ဆုံးသတင်းများ / 16 hours ago

  မိမိ၏ ကစားသမား ရွေးချယ်မှုသည် နာမည်ကြီးခြင်း၊ မကြီးခြင်း အပေါ်တွင် အခြေခံမည် မဟုတ်ကြောင်း မန်ချက်စတာ စီးတီး ဂိုးသမား ဂျိုးဟတ်ကို အသင်း မန်နေဂျာ မန်နျူရယ်လ် ပယ်လီဂရီနီက သတိပေး ပြောကြားလိုက်သည်။ Visit website 

mrcopy

စပို့တင်း နောက်ခံလူ အီလိုရီကို မကြာမီ လီဗာပူးလ် အပြီးသတ် ခေါ်ယူဖွယ် ရှိနေ နောက်ဆုံးသတင်းများ / 16 hours ago

 လီဗာပူးလ် အသင်းသည် စပို့တင်း လစ္စဘွန်း နောက်ခံလူ တီယာဂို အီလိုရီကို ခေါ်ယူနိုင်ရန် နီးစပ် လာပြီဟု သတင်းများက ဖော်ပြခဲ့သည်။ Visit website 

mrcopy

မီချူးနှင့် ဝီလျံ အသင်းမှ ထွက်ခွာမည်မဟုတ်ဟု ဆွမ်ဆီး အထွေထွေမန်နေဂျာ ပြောကြား နောက်ဆုံးသတင်းများ / 9 hours ago

 အပြောင်းအရွှေ့ကာလ ပိတ်ခါနီးတွင် မီချူးနှင့် အက်ရှ်လေဝီလျံ တို့ကို အသင်းတွင် ဆက်လက် ထိန်းသိမ်းနိုင်ရန် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ဆွမ်ဆီးစီးတီး အထွေထွေမန်နေဂျာ အလန်ကိုဝီက ပြောကြားလိုက်သည်။ Visit website 

mrcopy

အီတလီ သို့မဟုတ် အင်္ဂလန်သို့ ကာကာ ပြောင်းရွှေ့ဖွယ်ရှိဟုဆို နောက်ဆုံးသတင်းများ / 9 hours ago

  ရီးယဲမက်ဒရစ် ကွင်းလယ်ကစားသမား ကာကာသည် အပြောင်းအရွှေ့ ရာသီမပိတ်မီတွင် အီတလီ သို့မဟုတ် ပရီးမီးယားလိဂ်သို့ ပြောင်းရွှေ့ရန် စီစဉ်နေကြောင်း ၎င်း၏ အေးဂျင့်ဖြစ်သူ၏ အဆိုအရ သိရသည်။ Visit website 

mrcopy

လီဗာပူးလ်နှင့် ပွဲအတွက် ရွန်နီ၏ စိတ်ဓာတ်ပိုင်းဆိုင်ရာ အကောင်းဆုံးပုံစံတွင် ရှိနေကြောင်း မိုယက်စ် ပြောကြား နောက်ဆုံးသတင်းများ / 8 hours ago

  မန်ချက်စတာယူနိုက်တက် တိုက်စစ်မှူး ဝိန်းရွန်နီသည် တနင်္ဂနွေနေ့တွင် လီဗာပူးလ်နှင့် ကစားရမည့် ပွဲစဉ်အတွက် စိတ်ဓာတ်ပိုင်းဆိုင်ရာ အကောင်းဆုံးပုံစံတွင် ရှိနေကြောင်း အသင်းမန်နေဂျာ ဒေးဗစ် မိုယက်စ်က ပြောကြားလိုက်သည်။ Visit website 

mrcopy

ရွန်နီကို ချယ်ဆီး ခေါ်ယူရန် ကြိုးပမ်းမှု အဆုံးသတ်ပြီဖြစ်ကြောင်း မော်ရင်ဟို ဝန်ခံ နောက်ဆုံးသတင်းများ / 8 hours ago

  မန်ချက်စတာယူနိုက်တက် တိုက်စစ်မှူး ဝိန်းရွန်နီကို ခေါ်ယူရန် ကြိုးပမ်းမှုမှာ အဆုံးသတ်ပြီဖြစ်သော်လည်း ရုရှားကလပ် အန်ဇီအသင်းမှ တိုက်စစ်မှူး ဆမ်မြူရယ် အီတူးအား ခေါ်ယူနိုင်မှုအပေါ် ကျေနပ်ဝမ်းမြောက် ကြောင်း ချယ်ဆီး မန်နေဂျာ ဟိုဆေးမော်ရင်ဟိုက ဝန်ခံပြောကြားလိုက်သည်။ Visit website 

mrcopy

တနင်္ဂနွေည ဘောပွဲများ


စစ်ကိုင်းပေါက်ကြေးပါ

ဂိုးများအစဉ်လိုက်တင်ပြ ပေးပါမည်

လီဗာပူး 1 = 0မန်ယူ

ဝက်ဘရွန်း 0=2ဆွမ်ဆီး

စတုဂတ်  6=2ဟော်ဖန်

စတပ်       2=1 ဆန်းနက်

အာဆင် နယ်1=0  စပါး

အက်ပန်ညို 0 = 0 ဘက်တစ်

ဖရန့်ဖက်  1 = 2 ဒေါ့မွန်

ရိုးမား  3 = 0 ဗီရိုနာ

နိုက်စ် 2 = 2 မောင့်ပယ်လီ

ဆာဘာဒယ် 0 = 3 ဒီပို့

ဖီယင်နု  4 = 0 ရိုဒါ

ဝါရီဂျန် 4 = 3 အန်းဒါးလတ်

mrcopy

mrcopy

MrCopy Blogaway

Thursday, August 29, 2013

ကကကကကင

ကကကငငင

mrcopy

Wednesday, August 28, 2013

ဖိုးသား အ အေးမျိုးစုံနှင့် ဖုန်းငွေဖြည့်ကဒ်အမျိုးမျိုးအ ရောင်းဆိုင် ရဲ့အထူးအစီစဉ်


ဖိုးသား အ အေးမျိုးစုံနှင့် ဖုန်းငွေဖြည့်ကဒ်အမျိုးမျိုးအ ရောင်းဆိုင် ရဲ့အထူးအစီစဉ် မှ ဖုန်းကဒ် ၀ယ်သူတိုင်း ၁၀ကဒ်ပြည့်လျှင် မျက်နှာသုတ် တစ်ထည် လက်ဆောင်ပေးပါတယ် ကျွန်တော် လက်    ဆောင် ရ တာလေး တင်ပေးလိုက်ပါတယ်

mrcopy

mrcopy

ဘယ်သူလွန်သလဲ”

 ဟာသဘဏ် - funny bank < Thanks Re-posted By ACM 29-8-2013 https://www.facebook.com/excellencemedia ">"ဘယ်သူလွန်သလဲ” Thursday, August 29, 2013 လင်မယား နှစ်ယောက် ညဘက်အိပ်ပျော်နေတုန်း အောက်ထပ် တံခါးကို ဖွင့်သံကြားတယ်။ မိန်းမက ရုတ်တရက်လန့်နိုးလာပြီး ဘေးမှာအိပ်ပျော်နေတဲ့ယောက်ျားကို အလန့်တကြားပြောတယ် ”သွားသွား မြန်မြန်ပြေးတော့.. ကျမ ယောက်ျား ပြန်လာပြီ” ယောက်ျားလည်း မပြောမဆိုနဲ့ အိပ်ခန်းပြတင်းပေါက်ကနေ ဝုန်းကနဲ ခုန်ဆင်းပြေးတယ်။ နောက်မှ.. ဖုန်အလူးလူးနဲ့ အိမ်ရှေ့တံခါးကနေ ပြန်ဝင်လာရင်း မိန်းမကို ဒေါသတကြီးပြောတယ် ”ကျမယောက်ျား ပြန်လာပြီ ပြေးပြေး လို့ပြောရအောင် ငါက မင်းယောက်ျားမဟုတ်ဘူးလား.. မိန်းမယုတ် ဖောက်ပြန်နေတယ်” မိန်းမကလည်း ပြန်အော်ရော . . . . . . . . . ”ပြေးဆိုတာနဲ့ ရှင်ကရော ဘာလို့ ကမူးရှူးထိုး ထ ပြေးသလဲ။ အယုတ်တမာကောင်” (ကာတွန်းလေးတစ်ခုကို ဘာသာပြန်ထားတာပါ) ဟာသဘဏ် - funny bank အေးချမ်းမွန် Credit To >ဟာသဘဏ် - funny bank < Thanks Re-posted By ACM 29-8-2013 https://www.facebook.com/excellencemedia  

mrcopy

PKTကောင်းစံ ကွမ်းယာဆိုင် မှ အထူးအစီစဉ်


ကွမ်းယာ ၅၀၀ဖိုး တစ်ထုပ် ၀ယ်သူတိုင်းကို အထုပ် ၁၀၀ ပြည့်လျှင် ဖုန်းငွေဖြည့်ကဒ် ၅၀၀၀ ကျပ် တစ်ကဒ် လက်ဆောင် ပေးတဲ့ အစီစဉ်တွင် ဒီနေ့ မနက် ၂၉.၈.၂၀၁၃ရက်နေ့တွင် ၂ ကဒ် ရရှိပြီးသား ဦးရဲမြင့်သည် နောက်တစ်ကဒ် ထပ်မံရရှိသွာပါပြီ  စုစုပေါင်း ၃ကဒ် ကို စစ်ကိုင်းမြို့ ပိုးတန်းရပ် တွင် နေထိုင် သူ ဦးရဲမြင့် ရရှိထားပါသည့်



PKTကောင်းစံ ကွမ်းယာ

စစ်ကိုင်း၊ပိုးတန်းရပ်၊အမှတ်(၁)ရဲစခန်းအနီး

mrcopy

အကြွေးမဆပ်နိုင်၍ ဖမ်းဆီးခံထားရသော NDF ပါတီဝင်အား

 Eleven Media Group < Thanks Re-posted By ACM 29-8-2013 https://www.facebook.com/excellencemedia ">အကြွေးမဆပ်နိုင်၍ ဖမ်းဆီးခံထားရသော NDF ပါတီဝင်အား စက်တင်ဘာ ၁ ရက် နောက်ဆုံးထား ပြန်ရွေးရန် မွန်ငြိမ်းချမ်းရေးအဖွဲ့မှ အကြောင်းကြားထား Created on Wednesday, 28 August 2013 20:31 အကြွေးမဆပ်နိုင်သောကြောင့် မွန်ငြိမ်းချမ်းရေး အဖွဲ့၏ ဖမ်းဆီးခံထားရသော မွန်ပြည်နယ်၊ မုဒုံမြို့နယ်မှ အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ (NDF) ပါတီဝင် ကိုမင်းဇော်ထွန်း (ခ) ကိုမောင်မောင်ကို စက်တင်ဘာ ၁ ရက် နောက်ဆုံးထား ပြန်ရွေးရန် မိသားစုထံ အကြောင်းကြားထားကြောင်း သတင်းရရှိသည်။ မုဒုံမြို့နယ်နေ NDF ပါတီဝင် တစ်ဦးဖြစ်သူ ကိုမင်းဇော်ထွန်း (ခ) ကိုမောင်မောင်သည် လွန်ခဲ့သော တစ်နှစ်ခန့်က မွန်ငြိမ်းချမ်းရေး အဖွဲ့မှ ငွေကျပ်ရှစ်သိန်းကို ချေးယူခဲ့ပြီး ယခုပြန်ဆပ်ရာတွင် အတိုးအရင်း ကျပ် ၁၇ သိန်းကို တောင်းခံခဲ့ရာတွင် ကိုမင်းဇော်ထွန်းက ကျပ် ၁၀ သိန်းသာ ပြန်ဆပ်သည်ကို မွန်ငြိမ်းချမ်းရေး အဖွဲ့မှ လက်မခံဘဲ သြဂုတ် ၂၃ ရက်က ၎င်းကိုဖမ်းဆီး ချုပ်နှောင်ခဲ့ကြောင်းနှင့် ငွေမဆပ်ပါက လူကိုအန္တရာယ်ပေးမည်ဟု မိသားစုကို ခြိမ်းခြောက်ပြောဆိုခဲ့ကြောင်း အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ (NDF) မှ သတင်းထုတ်ပြန်ခဲ့သည်။ လက်ရှိတွင် ကိုမင်းဇော်ထွန်းအား မွန်ငြိမ်းချမ်းရေးအဖွဲ့ ရုံးစိုက်သည့် ကော့ဘိန်းရွာတွင် ဆက်လက်မထားရှိဘဲ ကျိုက်မရောမြို့နယ်ရှိ ကော့ဒွန်းကော့ပနော့ရွာသို့ ခေါ်ဆောင်သွားသည်ဟု မွန်ငြိမ်းချမ်းရေး အဖွဲ့က ကိုမင်းဇော်ထွန်း၏ မိသားစုထံ အကြောင်းကြားကြောင်းနှင့် စက်တင်ဘာ ၁ ရက် နောက်ဆုံးထား ငွေတောင်းခဲ့ကြောင်း မုဒုံမြို့နယ် အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ ဥက္ကဋ္ဌ ဦးအောင်ထွန်းက ပြောကြားသည်။ "ဖမ်းသွားတဲ့လူတွေက ကိုမင်းဇော်ထွန်း မိသားစုကို ဖုန်းဆက်ပြီး စက်တင်ဘာ ၁ ရက်နေ့ နောက်ဆုံးထားပြီး ငွေတောင်းတယ်။ မပေးရင် ဘာလုပ်မယ်ဆိုတာတော့ မပြောဘူး" ဟု မုဒုံမြို့နယ် အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ ဥက္ကဋ္ဌ ဦးအောင်ထွန်းက ပြောကြားသည်။ အဆိုပါကိစ္စနှင့် ပတ်သက်၍ မုဒုံမြို့နယ် အမျိုးသားဒီမိုကရေစီ အင်အားစုပါတီရုံးမှ သက်ဆိုင်ရာ နယ်မြေရဲစခန်း၊ တပ်မတော် တပ်ရင်းများသို့ အကြောင်းကြားခဲ့သော်လည်း ငြိမ်းချမ်းရေးအဖွဲ့ ဖြစ်သည့်အတွက် အထက်အဖွဲ့များသို့ အစီရင်ခံစာ တင်ပြပေးမည်ဟု ပြောကြားကြောင်းနှင့် လက်ရှိအချိန်အထိ အကြောင်းပြန်ကြားမှု မရှိသေးကြောင်း ဦးအောင်ထွန်းက သြဂုတ် ၂၈ ရက် မွန်းလွဲပိုင်းက ပြောကြားသည်။ ထို့ပြင် ကာကွယ်ရေးဦးစီးချုပ်၊ ပြည်ထဲရေးဝန်ကြီး၊ သမ္မတရုံး ၀န်ကြီးများနှင့် ငြိမ်းချမ်းရေး အဖွဲ့အစည်းများထံသို့လည်း အဆိုပါဖြစ်စဉ်ကို တိုင်ကြားထားကြောင်း သိရသည်။ အေးချမ်းမွန် Credit To >Eleven Media Group < Thanks Re-posted By ACM 29-8-2013 https://www.facebook.com/excellencemedia  

mrcopy

အတန်းပိုင်ဆရာမက ခုနစ်နှစ်အရွယ် ကျောင်းသားကို နှုတ်ခမ်းပေါက်ပြဲကာ နှာခေါင်းသွေးထွက်အောင် ရိုက်နှက်မှုအပေါ် မိဘများက တိုင်ကြားမည်ဟုဆို

 Eleven Media Group < Thanks Re-posted By ACM 29-8-2013 https://www.facebook.com/excellencemedia ">အတန်းပိုင်ဆရာမက ခုနစ်နှစ်အရွယ် ကျောင်းသားကို နှုတ်ခမ်းပေါက်ပြဲကာ နှာခေါင်းသွေးထွက်အောင် ရိုက်နှက်မှုအပေါ် မိဘများက တိုင်ကြားမည်ဟုဆို Created on Wednesday, 28 August 2013 23:16 ဒဂုံမြို့နယ် အ.မ.က(၁) ကျောင်းတွင် ပညာသင်ကြားနေသော ခုနစ်နှစ်အရွယ် ဒုတိယတန်း ကျောင်းသားကို အတန်းပိုင် ဆရာမက ရိုက်နှက်သောကြောင့် အောက်နှုတ်ခမ်းပေါက်ပြီး နှာခေါင်းသွေးထွက်ဒဏ်ရာ ရရှိခဲ့ကြောင်း ကလေး၏မိခင်ဖြစ်သူ ဒေါ်မြတ်မော်မော်အေးက ဆိုသည်။ သြဂုတ် ၂၇ ရက် မွန်းလွဲ ၁ နာရီခန့်က မောင်ဖုန်းမြတ်မြတ်အောင်အား အတန်းပိုင်ဆရာမ ဒေါ်အိထွေးဦးက ရိုက်နှက်ခဲ့ကြောင်း ကလေး၏မိခင်က ဆိုသည်။ "ပထမ တစ်ခေါက်ကလည်း အတန်းပိုင် ဆရာမက ကလေးကို စာမပြီးလို့ ငေးလို့ဆိုပြီး လက်နဲ့ခြေသလုံးတွေ ပေါင်တွေမှာ အရှိုးရာထင်အောင် ရိုက်တယ်။ အဲဒီအတွက်ကြောင့် ကျွန်မက အတန်းပိုင် ဆရာမနဲ့ သွားတွေ့ပြီး ဆွေးနွေးဖြစ်ပါတယ်။ ရိုင်းတဲ့ကလေး၊ ပြောမရတဲ့ ကလေးကို ဒေါသထွက်တာ ဖြစ်သင့်ပါတယ်။ ဒါပေမဲ့ အငြိုးတကြီးနဲ့ လက်တွေ၊ ပေါင်တွေ၊ ကျောကုန်းတွေ ခြေသလုံးတွေမှာ အစင်းရာတွေဖြစ်အောင် ရိုက်တာကတော့ မဖြစ်သင့်ပါဘူး" ဟု မိခင်ဖြစ်သူက ပြောကြားသည်။ သြဂုတ် ၂၇ ရက် ည ၁၂ နာရီခန့်တွင် ယင်းကလေးငယ်အား ရန်ကုန်ကလေး ဆေးရုံကြီးတွင် ဆေးကုသခဲ့ပြီး ရန်ကုန်ဆေးရုံကြီး အရေးပေါ် ဌာနတွင်လည်း သွားရောက်စစ်ဆေးခဲ့ကြောင်း၊ အတန်းပိုင်ဆရာမအား သက်ဆိုင်ရာ ဌာနများသို့ တိုင်ကြားသွားမည်ဟု ကလေး၏မိခင်က ဆိုသည်။ သြဂုတ် ၂၈ ရက် မနက်ပိုင်းက ဒဂုံမြို့နယ် ပညာရေးမှူးနှင့် အ.မ.က(၁)ကျောင်းအုပ်ဆရာမကြီးတို့က ကလေး၏ မိခင်နှင့် ကလေးငယ်တို့အား ကျောင်းသို့ခေါ်၍ တောင်းပန်ခဲ့ကြောင်း၊ တောင်းပန်မှုကို လက်မခံနိုင်ကြောင်း ကလေးမိခင်ထံမှ သိရသည်။ ဒဂုံမြို့နယ် ဒုမြို့နယ်ပညာရေးမှူး ဦးစိုးသန်းက "အခုလောလောဆယ်တော့ ကျွန်တော်တို့ လုပ်ပိုင်ခွင့်ထဲက ကလေးကို ရိုက်နှက်တယ်လို့ အတိုင်ခံခဲ့ရတဲ့ ဒုတိယတန်း အတန်းပိုင်ဆရာမကို သူငယ်တန်း အတန်းပိုင်ဆရာမနဲ့ ပြောင်းလဲတာဝန် ပေးထားပါတယ်။ မိဘတွေဘက်က ဒီအချိန်မှာ စိတ်ပူပန်မှုတွေ များနေနိုင်လို့ လောလောဆယ်တော့ ဆရာမနဲ့ မိဘကို ပေးမတွေ့သေးဘူး" ဟု သြဂုတ် ၂၈ ရက် မွန်းလွဲပိုင်းက အ.မ.က (၁) ဒဂုံကျောင်းအတွင်း၌ ပြောကြားသည်။ အေးချမ်းမွန် Credit To >Eleven Media Group < Thanks Re-posted By ACM 29-8-2013 https://www.facebook.com/excellencemedia  

mrcopy

ဆော့ဝဲလ်ကို install လုပ်ပြီး ငွေဖြည်ကတ်က လျှို့ဝှက်နံပါတ်တွေကိုချိန်ပြီး  scan ကိုနှိပ်ရမှာဖြစ်ပါတယ်

    ဒီဆော့ဝဲလ်လေးကတော့  မြန်မာမိုဘိုင်းဂရုကတွေ့လို မလာပြီး ပြန်လည်မျှဝေခြင်းဖြစ်ပါတယ်။ ဆော့ဝဲလ်ကို install လုပ်ပြီး ငွေဖြည်ကတ်က လျှို့ဝှက်နံပါတ်တွေကိုချိန်ပြီး  scan ကိုနှိပ်ရမှာဖြစ်ပါတယ်။ scan လုပ်နေတုန်းတော့ လက်ငြိမ်ဖို့တော့လိုတယ်နော်။ Android version 3.0 နှင့်အထက်မှာ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ အားလုံးပဲကြိုက်ကြမယ်လို့မျှော်လင့်ပါတယ်ခင်ဗျာ။

Download=>> Link 1, Link 2  

www.ittharlay.blogspot.com  

mrcopy

    မိမိဖုန်းအထားမှား ရင်သော်လည်းကောင်း၊ အနီးအနားမှာရှာမတွေ့ရင်သော်လည်းကောင်း လက်ခုပ်တီးပြီး ဖုန်းရှာလို့ရမယ့် clap to find apk လေးဖြစ်ပါတယ်။

     မိမိဖုန်းအထားမှား ရင်သော်လည်းကောင်း၊ အနီးအနားမှာရှာမတွေ့ရင်သော်လည်းကောင်း လက်ခုပ်တီးပြီး ဖုန်းရှာလို့ရမယ့် clap to find apk လေးဖြစ်ပါတယ်။ လက်ခုပ်တီးလိုက်တာနဲ့ ဖုန်းက မိမိပေးထားတဲ့ အသံလေး ထမြည်မှာဖြစ်ပါတယ်။ ကျွန်တော်စမ်းသပ်ထားပြီးသားပါခင်ဗျာ။ အရမ်းအဆင်ပြေတဲ့ ဆော့ဝဲလ် လေးဖြစ် ပါတယ်။ ဆော့ဝဲလ်ကိုဖွင့်ပြီး လုပ်ရမဲ့အဆင့်လေးတွေကို ကျွန်တော် Screenshot ရိုက်ပြီး ပုံလေး တွေနဲ့ပြထားပါတယ်ခင်ဗျာ။ မိမိနှစ်သက်ရာသီးချင်းလေးတွေကိုringtone အဖြစ်ပေးလို့ရပါတယ်ခင်ဗျာ။  ဆော့ဝဲလ်ကိုဖွင့်ပြီး အသုံးပြုမယ်ဆိုရင် ပြန်ထွက်တဲ့အခါ Close မလုပ်ပဲနဲ့ Minimize လုပ်ပေးပါ။ ဒါမှ အသုံးပြုလို့ရမှာပါခင်ဗျာ။ Download=>> Link 1, Link 2   www.ittharlay.blogspot.com  

mrcopy

   Programming လေ့လာနေသူများအတွက် Java developerguide (မြန်မာလို) စာအုပ်လေးတင်ပေးလိုက် ပါတယ

    Programming လေ့လာနေသူများအတွက် Java developerguide (မြန်မာလို) စာအုပ်လေးတင်ပေးလိုက် ပါတယ်။  Programming လေ့လာနေသူများအကြိုက်ဖြစ်မှာပါ။ စာမျက်နှပေါင်း ၂၂၅ မျက်နှာပါဝင်ပါတယ်။  ကွန်ပျူတာဂျာနယ်ရဲ့ စုစည်းမှုလေးပါခင်ဗျာ။ Programming လေ့လာနေသူများ ဆောင်ထားသင့်တဲ့ စာအုပ်လေးဖြစ်ပါတယ်။ အဆင်ပြေတယ်ဆိုရင် မန်ဘာဝင်ပြီး၊ Facebook Like လုပ်ခြင်းဖြင့်အားပေးပါ ခင်ဗျာ။ အားလုံးကိုခင်မင်လျှက်......... Download=>> Link 1, Link 2 www.ittharlay.blogspot.com  

mrcopy

မြန်​မာ-ဘင်္ဂလား​ဒေ့နယ်​စပ်​တွင်​ သြဂုတ်​လ(၁၄)ရက်​​နေ့က စတင်​ပြီး မြန်​မာနယ်​စပ်​လုံခြုံ​ရေးတပ်​ဖွဲ့နှင့် ရိုဟင်​ဂျာ RSO လက်​နက်​ကိုင်​အဖွဲ့တို့ နှစ်​ရက်​ကြာ အပြန်​အလှန်​ပစ်​ခတ်​မှု ဖြစ်​ပွားခဲ့​ကြောင်း သတင်းများတွင်​ ဖတ်​ရှုခဲ့ရသည

 မြန်​မာ-ဘင်္ဂလား​ဒေ့နယ်​စပ်​တွင်​ သြဂုတ်​လ(၁၄)ရက်​​နေ့က စတင်​ပြီး မြန်​မာနယ်​စပ်​လုံခြုံ​ရေးတပ်​ဖွဲ့နှင့် ရိုဟင်​ဂျာ RSO လက်​နက်​ကိုင်​အဖွဲ့တို့ နှစ်​ရက်​ကြာ အပြန်​အလှန်​ပစ်​ခတ်​မှု ဖြစ်​ပွားခဲ့​ကြောင်း သတင်းများတွင်​ ဖတ်​ရှုခဲ့ရသည်​။ ၂၆ ရက်​​နေ့ကလည်း ဧရာဝတီတိုင်း​ဒေသကြီး၊ ငပု​တောမြို့နယ်​နှင့်​ ဟိုင်းကြီးကျွန်းမြို့နယ်​ခွဲအနီးမှာ ဘင်္ဂါလီလူမျိုး ၃၂၇ ​ယောက်​ကို ဖမ်းဆီးရမိ​ကြောင်းကြားရပြန်​ ပါသည်​။ မ​လေးရှားသို့ အသွား ​​လှေဝမ်းကွဲလို့ ကမ်းကပ်​ရသည်​ဟုကြားပါသည်​။ မည်​သို့ပင်​ဆို​စေ သတိထားရမည်​မှာ အမှန်​ပင်​ဖြစ်​​ပေသည်​။ နိုင်​ငံတကာတွင်​ ဖြစ်​ပွား​နေ​သောတိုက်​ပွဲများအား ဆန်းစစ်​ကြည့်​ပါက အစ္စလာမ်​မစ်​ အစွန်း​ရောက်​အဖွဲ့များ​ကြောင့်​ ဖြစ်​ပွားရ​သော တိုက်​ပွဲ မှာ အခြားတိုက်​ပွဲများထက်​ပိုမိုများပြား​ကြောင်း မြင်​သာပါသည်​။ မည်​သည့်​လူမျိုး၊ မည်​သည့်​ဘာသာတွင်​မဆို လူ​ကောင်းရှိသလို လူဆိုးလဲရှိမည်​ဖြစ်​ပါသည်​။ သ​ဘောထားဆိုးသလို သ​ဘောထား​ကောင်းသူလဲ ရှိပါသည်​။ ခံယူချက်​မှန်​သလို ခံယူချက်​မှားသူလဲ ရှိနိုင်​ပါသည်​။ ဘင်္ဂလာနယ်​စပ်​တွင်​ဖြစ်​ပွား​ခဲ့​သော ၁၄ ရက်​​နေ့ တိုက်​ပွဲအရ ​ယင်း ရိုဟင်​ဂျာအမည်​ခံ ဘင်္ဂါလီအဖွဲ့ အ​နေဖြင့်​ မြန်​မာနိုင်​ငံအား ​သွေးတိုးစမ်းသည့်​သ​ဘော ဖြစ်​သည်​ဟု သုံးသပ်​မှုများလည်းကြားရပါသည်​။ ယင်းရိုဟင်​ဂျာအမည်​ခံ ဘင်္ဂါလီ လက်​နက်​ကိုင်​အဖွဲ့ကို နိုင်​ငံတကာရှိ အစ္စလာမ်​မစ်​ အကြမ်းဖက်​အဖွဲ့အစည်းများမှ လူအင်​အား၊ လက်​နက်​အင်အား၊ နည်းပညာအကူအညီများ လာ​ရောက်​ မ​ပေးနိုင်​ဟု မည်​သူမျှ မ​ပြောနိုင်​​ပေ။ ထိုသို့ နိုင်​ငံတကာ အကြမ်းဖက်​အဖွဲ့အစည်းများနှင့်​ ပူး​ပေါင်းမိပြီဆိုပါက မြန်​မာနိုင်​ငံသည်​ ​ခေတ်​မီဖွံ့ဖြိုး တိုးတက်​၍ စည်းကမ်းပြည့်​ဝ​သော ဒီမိုက​ရေစီနိုင်​ငံ ​တော်​သစ်​ဆီသို့ မ​ရောက်​မီ လမ်းခုလတ်​တွင်​ ယင်းအဖွဲ့အစည်းများအား ​ဖြေရှင်း​နေရသည်​နှင့်​ ပန်းတိုင်​သို့​ရောက်​ရှိရန်​ ခက်​ခဲသွားနိုင်​ပါသည်​။ ယင်းအစ္စလာမ်​မစ်​ အစွန်း​ရောက်​အဖွဲ့များ၏အန္တရာယ်​ မည်​မျှကြီးမားသည်​ကို ကမ္ဘာ​ပေါ်တွင်​ အင်​အားအကြီးဆုံး စစ်​တပ်​ပိုင်​ရှင်​၊ နည်းပညာနှင့်​ စွမ်းရည်​ပြည့်​ဝ​သော ​ခေတ်​မီစစ်​တပ်​ပိုင်​ရှင်​၊ ဒီမိုက​ရေစီဘိုး​အေ အ​မေရိကန်​နိုင်​ငံ​တောင်​ ၎င်းတို့ အကြမ်းဖက်​မှုဒဏ်​ကို အလူးအလဲ ခံခဲ့ရ၊ ခံ​နေရ​ကြောင်း ​တွေ့မြင်​နိုင်​ပါသည်​။ နိုင်​ငံတကာတွင်​လည်း ယင်းအဖွဲ့အစည်းများ၏ နိုင်​ငံ ခွဲထွက်​​ရေး တိုက်​ပွဲများ​ကြောင့်​ ၎င်းတို့အားလက်​ခံခဲ့မိ ​သောအိမ်​ရှင်​နိုင်​ငံအ​နေဖြင့်​ ဒုက္ခ​ပေါင်းစုံ ခံ​နေကြရပါသည်​။ အနီးစပ်​ဆုံး အ​မေရိကန်​၏ အ​ထောက့်​အပံ့ရရှိပြီး တိုးတက်​​နေ​သော ထိုင်းနိုင်​ငံ ​တောင်းပိုင်းတွင်​ ခွဲထွက်​​ရေးတိုက်​ပွဲများ ဖြစ်​ပွား​နေပါသည်​။ မြန်​မာနိုင်​ငံကဲ့သို့ ဖွံ့ဖြိုးတိုးတက်​စ၊ ​ပြောင်းလဲကာစ ဒီမိုက​ရေစီနိုင်​ငံ၊ ပြည်​တွင်းစစ်​ မငြိမ်း​သေး​သော၊ တိုင်းရင်းသားလက်​နက်​ကိုင်​အဖွဲ့များနှင့် အပြီးသတ်​ ငြိမ်းချမ်း​ရေး မ​ဆွေး​နွေးနိုင်​​သေး​သော၊ နိုင်​ငံရှိ ကိုယ်​ကျိုးရှာ ​ယောင်​​ခြောက်​ဆယ်​ နိုင်​ငံ​ရေးသမား ​သောင်း​ခြောက်​ထောင်​ ရှိေ​သာ၊ မိမိနိုင်​ငံ​တော်​ဘာဖြစ်​ဖြစ်​ မိမိအကျိုးမယုတ်​​လျော့လျှင်​ပြီး​ရော နိုင်​ငံသားမဟုတ်​သူများကို နိုင်​ငံသားသတ်​မှတ်​​ပေးချင်​​သော နာမည်​​ကျော်​ နိုင်​ငံ​ရေးသမားများ​ပေါများ​သော မြန်​မာနိုင်​ငံအ​နေဖြင့်​ ထို အစ္စလာမ်​မစ်​အစွန်း​ရောက်​ခွဲထွက်​​ရေးသမားများ အားရင်​ဆိုင်​​ဖြေရှင်းရမည်​ဆိုပါက မည်​သို့ဖြစ်​မည်​ကို မ​တွေးဝံ့စရာပင်​။ ထိုသို့ ယင်း ဘင်္ဂါလီ RSO အဖွဲ့အ​နေဖြင့်​ မြန်​မာနိုင်​ငံ အားအကြမ်းဖက်​မှုများပြုလုပ်​ပါက မြန်​မာနိုင်​ငံရှိ လူမျိုးမ​ရွေး​၊ ဘာသာမ​ရွေးတို့၏ အသက်​အိုးအိမ်​စည်းစိမ်​များ ဆုံးရှုံးရမည်​ဖြစ်​ပါသည်​။ ၎င်းတို့အကြမ်းဖက်​ပါက ဗုဒ္ဓဘာသာ၊ အစ္စလာမ်​ဘာသာ၊ ခရစ်​ယာန်​ဘာသာ စသည်​ဖြင့်​ခွဲ့ခြား​နေမည်​မဟုတ်​ဘဲ အားလုံးဒုက္ခ​ရောက်​ကြမည်​မှာ ယုံမှားသံသယမရှိပါ။ ထို့​ကြောင်း ဘင်္ဂါလီ RSO အဖွဲ့အား နိုင်​ငံတကာရှိ အကြမ်းဖက်​အဖွဲ့များနှင့်​ ပူး​ပေါင်းခြင်းမရှိခင်​၊ လူအင်​အား လက်​နက်​အင်​အား နည်းပညာအင်​အား ကြီးထွားမလာခင်​ အမျိုးသား​ရေးတာဝန်​တစ်​ရပ်​အဖြစ်​ လျှင်​မြန်​စွာ ​ဖြေရှင်းသင့်​ပါသည်​။ ထို့​ကြောင့်​ ယင်း ဘင်္ဂါလီ အ​ရေးအား အိမ်​နီးချင်း ဘင်္ဂလာ​ဒေ့ရှ်​နိုင်​ငံ၊ ​ဒေသတွင်းအာဆီယံနိုင်​ငံများ၊ နိုင်​ငံတကာနှင့်​ ပူး​ပေါင်းအ​ဖြေရှာ နှိမ်​နင်း​ဆောင်​ရွက်​ သွားသင့်​ပါ​ကြောင်း ယင်းပြဿနာအား ရတက်​မ​အေး ပူ​ပေး​နေ​သော မြန်​မာနိုင်​ငံသားတစ်​ဦးမှ ​ရေးသားတင်​ပြလိုက်​ရ​ပေသည်​။  Thawdar Soe >>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>> “ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်း၊သုတ၊ရသ၊ဆောင်းပါးများ ပေးပို့လိုပါက >>>hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။  ပေးပို့သူများအနေနဲ့ အမည်၊ နေရပ်လိပ်စာတို၊ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်)   

mrcopy