Eleven Media Group < Thanks Re-posted By ACM 29-8-2013 https://www.facebook.com/excellencemedia ">အကြွေးမဆပ်နိုင်၍ ဖမ်းဆီးခံထားရသော NDF ပါတီဝင်အား စက်တင်ဘာ ၁ ရက် နောက်ဆုံးထား ပြန်ရွေးရန် မွန်ငြိမ်းချမ်းရေးအဖွဲ့မှ အကြောင်းကြားထား Created on Wednesday, 28 August 2013 20:31 အကြွေးမဆပ်နိုင်သောကြောင့် မွန်ငြိမ်းချမ်းရေး အဖွဲ့၏ ဖမ်းဆီးခံထားရသော မွန်ပြည်နယ်၊ မုဒုံမြို့နယ်မှ အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ (NDF) ပါတီဝင် ကိုမင်းဇော်ထွန်း (ခ) ကိုမောင်မောင်ကို စက်တင်ဘာ ၁ ရက် နောက်ဆုံးထား ပြန်ရွေးရန် မိသားစုထံ အကြောင်းကြားထားကြောင်း သတင်းရရှိသည်။ မုဒုံမြို့နယ်နေ NDF ပါတီဝင် တစ်ဦးဖြစ်သူ ကိုမင်းဇော်ထွန်း (ခ) ကိုမောင်မောင်သည် လွန်ခဲ့သော တစ်နှစ်ခန့်က မွန်ငြိမ်းချမ်းရေး အဖွဲ့မှ ငွေကျပ်ရှစ်သိန်းကို ချေးယူခဲ့ပြီး ယခုပြန်ဆပ်ရာတွင် အတိုးအရင်း ကျပ် ၁၇ သိန်းကို တောင်းခံခဲ့ရာတွင် ကိုမင်းဇော်ထွန်းက ကျပ် ၁၀ သိန်းသာ ပြန်ဆပ်သည်ကို မွန်ငြိမ်းချမ်းရေး အဖွဲ့မှ လက်မခံဘဲ သြဂုတ် ၂၃ ရက်က ၎င်းကိုဖမ်းဆီး ချုပ်နှောင်ခဲ့ကြောင်းနှင့် ငွေမဆပ်ပါက လူကိုအန္တရာယ်ပေးမည်ဟု မိသားစုကို ခြိမ်းခြောက်ပြောဆိုခဲ့ကြောင်း အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ (NDF) မှ သတင်းထုတ်ပြန်ခဲ့သည်။ လက်ရှိတွင် ကိုမင်းဇော်ထွန်းအား မွန်ငြိမ်းချမ်းရေးအဖွဲ့ ရုံးစိုက်သည့် ကော့ဘိန်းရွာတွင် ဆက်လက်မထားရှိဘဲ ကျိုက်မရောမြို့နယ်ရှိ ကော့ဒွန်းကော့ပနော့ရွာသို့ ခေါ်ဆောင်သွားသည်ဟု မွန်ငြိမ်းချမ်းရေး အဖွဲ့က ကိုမင်းဇော်ထွန်း၏ မိသားစုထံ အကြောင်းကြားကြောင်းနှင့် စက်တင်ဘာ ၁ ရက် နောက်ဆုံးထား ငွေတောင်းခဲ့ကြောင်း မုဒုံမြို့နယ် အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ ဥက္ကဋ္ဌ ဦးအောင်ထွန်းက ပြောကြားသည်။ "ဖမ်းသွားတဲ့လူတွေက ကိုမင်းဇော်ထွန်း မိသားစုကို ဖုန်းဆက်ပြီး စက်တင်ဘာ ၁ ရက်နေ့ နောက်ဆုံးထားပြီး ငွေတောင်းတယ်။ မပေးရင် ဘာလုပ်မယ်ဆိုတာတော့ မပြောဘူး" ဟု မုဒုံမြို့နယ် အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ ဥက္ကဋ္ဌ ဦးအောင်ထွန်းက ပြောကြားသည်။ အဆိုပါကိစ္စနှင့် ပတ်သက်၍ မုဒုံမြို့နယ် အမျိုးသားဒီမိုကရေစီ အင်အားစုပါတီရုံးမှ သက်ဆိုင်ရာ နယ်မြေရဲစခန်း၊ တပ်မတော် တပ်ရင်းများသို့ အကြောင်းကြားခဲ့သော်လည်း ငြိမ်းချမ်းရေးအဖွဲ့ ဖြစ်သည့်အတွက် အထက်အဖွဲ့များသို့ အစီရင်ခံစာ တင်ပြပေးမည်ဟု ပြောကြားကြောင်းနှင့် လက်ရှိအချိန်အထိ အကြောင်းပြန်ကြားမှု မရှိသေးကြောင်း ဦးအောင်ထွန်းက သြဂုတ် ၂၈ ရက် မွန်းလွဲပိုင်းက ပြောကြားသည်။ ထို့ပြင် ကာကွယ်ရေးဦးစီးချုပ်၊ ပြည်ထဲရေးဝန်ကြီး၊ သမ္မတရုံး ၀န်ကြီးများနှင့် ငြိမ်းချမ်းရေး အဖွဲ့အစည်းများထံသို့လည်း အဆိုပါဖြစ်စဉ်ကို တိုင်ကြားထားကြောင်း သိရသည်။ အေးချမ်းမွန် Credit To >Eleven Media Group < Thanks Re-posted By ACM 29-8-2013 https://www.facebook.com/excellencemedia mrcopy
No comments:
Post a Comment