Wednesday, August 28, 2013

လုယက်မှု(၉)မှု ကျူးလွန်ခဲ့သော တရားခံအား ဖမ်းဆီးအရေးယူ နေပြည်တော်၊ သြဂုတ် ၂၈

လုယက်မှု(၉)မှု ကျူးလွန်ခဲ့သော တရားခံအား ဖမ်းဆီးအရေးယူ နေပြည်တော်၊ သြဂုတ် ၂၈ မန္တလေးခရိုင်နယ်မြေအတွင်း ခိုးမှု၊ လုယက်မှုများဖြစ်ပေါ်နေ၍ မန္တလေးခရိုင် မှုခင်းအကူဌာနစိတ်မှ တပ်ဖွဲ့ဝင်များသည် တရားခံဖမ်းဆီးရမိရေးအတွက် သတင်းစုံစမ်းရာ ယခင်ခိုးမှုဖြင့် ပြစ်ဒဏ်ကျခံပြီးနောက် ထောင်မှ လွတ်လာသူ တင်ကို၊ (၂၀)နှစ်၊ ကျဘမ်း၊ ဆက်သွားတောရွာ၊ တောင်တွင်းကြီးမြို့နယ်နေသူမှာ ၄င်း၏နေရပ်ဖြစ်သော မကွေးတိုင်းဒေသကြီး၊တောင်တွင်ြးံကီးမြို့နယ်၊ ဆပ်သွားကျေးရွာသို့ပြန်လည်သွားရောက်ခြင်း မရှိဘဲ တည်းခိုခန်းတစ်ခုပြီးတစ်ခုလှည့်လည်တည်းခိုလျက်ရှိကြောင်း သတင်းရရှိသဖြင့် ၇-၃-၂၀၁၃ ရက်နေ့ ၀၆၁၅ အချိန်ခန့်တွင် ခေါ်ယူစစ်ဆေးရာ ခိုးမှု၊ လုယက်မှု(၉)မှုစစ်ဆေးပေါ်ပေါက်ခဲ့သည်။ ၁။တင်ကိုသည် (၇.၃.၂၀၁၃)ရက်နေ့ (၀၂၀၀)အချိန်ခန့်တွင် ကန်ကောက်ရပ်ကွက်၊ ယာဉ်ပျံရပ်ရှိ နေအိမ် တစ်အိမ် အတွင်းမှ SONY တံဆိပ်ပါ ဒီဂျစ်တယ်ကင်မရာ(၁)လုံး၊ SONY တံဆိပ်ပါ ကင်မရာ ထည့်အိတ်(၁)လုံး၊ (၅၀၀၀ိ/-) ကျပ်တန် ငွေစက္ကူ (၃၉)ရွက်(၁၉၅၀၀၀ိ/-)ကျပ်နှင့်(၁၀၀၀ိ/-) ကျပ်တန် ငွေစက္ကူ(၅၅)ရွက်(၅၅၀၀၀ိ/) ကျပ်တို့အား ခိုးယူရရှိကြောင်းသိရှိရသဖြင့် အမှတ်(၃) ရဲစခန်း(ပ)၉၂/၂၀၁၃ ပြစ်မှုပုဒ်မ ၃၈၀ အမှုအား ကျူးလွန်ခဲ့ ကြောင်း စစ်ဆေး ပေါ်ပေါက်ခဲ့သည်။ ၂။(၁.၃.၂၀၁၃)ရက်နေ့ (၀၂၀၀)အချိန်ခန့်တွင် အောင်မြေသာစံမြို့နယ်၊ ၁၂ လမ်း၊ ၈၁x၈၆ လမ်းကြားရှိ နေအိမ်တစ်အိမ်အတွင်း သော့တန်းလန်းဖြင့်ရပ်ထားသည့် XONBO-125 အမျိုးအစားအနက်ရောင် ဆိုင်ကယ် (၁)စီးအား ခိုးယူခဲ့ကြောင်းသိရှိရသဖြင့် အမှတ်(၄)ရဲစခန်း (ပ)၅၂/၂၀၁၃ ပြစ်မှုပုဒ်မ ၃၈၀ အမှုအား ကျူးလွန်ခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်။ ၃။၂၀၁၃ ခုနှစ်၊ (၂)လပိုင်း (၀၃၀၀)အချိန်ခန့်တွင် မန္တလေးတက္ကသိုလ်အနီးရှိ အမည်မသိ ဘုန်းတော်ကြီး ကျောင်းဝန်းအတွင်းရှိရပ်ထားသည့် ၁၅ယ/၂၆၄၆၆ ဖောင်းကြွနံပါတ်ပြား တပ်ဆင်ထားသည့် LUOJIA-110 အမျိုးအစား ပန်းဆီရောင်ဆိုင်ကယ်(၁)စီးအား ခိုးယူခဲ့ကြောင်းသိရှိရသဖြင့် အမှတ်(၉)ရဲစခန်း(ပ)၁၇၀/၂၀၁၃ ပြစ်မှုပုဒ်မ ၃၈၀ အမှုအားကျူးလွန် ခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်။ ၄။(၇.၂.၂၀၁၃)ရက်နေ့ (၀၁၀၀)အချိန်ခန့်တွင် ချမ်းအေးသာစံမြို့နယ်၊ ၇၀x၇၁ လမ်းကြား၊ ၃၃x၃၄ လမ်းကြားရှိ နေအိမ်တစ်အိမ်အတွင်းမှ HP DVGT 7200 အမျိုးအစားအနက်ရောင် လက်တော့ပ်(၁)လုံး အားခိုးယူခဲ့ကြောင်း သိရှိရသဖြင့် အမှတ်(၃)ရဲစခန်း(ပ)၅၈/၂၀၁၃ ပြစ်မှု ပုဒ်မ ၃၈၀ အမှုအား ကျူးလွန်ခဲ့ကြောင်း စစ်ဆေးပေါ်ပေါက် ခဲ့သည်။ ၅။(၂၃.၂.၂၀၁၃)ရက်နေ့ (၀၃၀၀)အချိန်ခန့်တွင် ချမ်းအေးသာစံမြို့နယ်၊ မင်္ဂလာဈေး တောင်ဘက်၊ ၇၂x၇၃ လမ်းကြား၊ ၃၂ လမ်းရှိ နေအိမ်တစ်လုံးအတွင်းမှ HUAWEI-C5730 အမျိုးအစား အနက်ရောင်လက်ကိုင်ဖုန်း (၁)လုံးအားခိုးယူခဲ့ကြောင်းသိရှိရသဖြင့် အမှတ် (၃)ရဲစခန်း(ပ)၁၀၂/၂၀၁၃ ပြစ်မှုပုဒ်မ ၃၈၀/၅၄ အမှုအားကျူးလွန် ခဲ့ကြောင်းစစ်ဆေး ပေါ်ပေါက်ခဲ့သည်။ ၆။လွန်ခဲ့သော(၁၄)ရက် (၀၂၃၀)အချိန်ခန့်တွင် အောင်မြေသာစံမြို့နယ်၊ ၁၂ လမ်း၊ ၈၁x၈၆ လမ်းကြား၊ ရပ်ကွက်တစ်ခုအတွင်းရှိ နေအိမ်တစ်လုံးအတွင်းမှ NCIKA-N9-02 အမျိုးအစား အဖြူရောင်လက်ကိုင်ဖုန်း(၁) လုံးအား ခိုးယူခဲ့ကြောင်းစစ်ဆေးပေါ်ပေါက်သဖြင့် အမှတ်(၄) ရဲစခန်း(ပ)၅၇/၂၀၁၃ ပြစ်မှုပုဒ်မ ၃၈၀/၅၄ အမှုအားကျူးလွန်ခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်။ ၇။လွန်ခဲ့သော(၁၁)ရက် (၀၂၁၅)အချိန်ခန့်တွင် ချမ်းမြသာစည်မြို့နယ်၊ အောင်ပင်လယ်မြို့သစ် ရပ်ကွက်၊ ၅၆x၅၈ လမ်းကြားရှိ နေအိမ်တစ်လုံးအတွင်းမှ SAMSUNG-R940 အမျိုးအစား အနက်ရောင်လက်ကိုင်ဖုန်း (၁)လုံးအား ခိုးယူခဲ့ကြောင်းစစ်ဆေးပေါ်ပေါက်သဖြင့် အောင်ပင်လယ်ရဲစခန်း(ပ)၉၅/၂၀၁၃ ပြစ်မှုပုဒ်မ ၃၈၀/၅၄ အမှုအား ကျူးလွန်ခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်။ ၈။၎င်းသည် လွန်ခဲ့သော (၂၆.၂.၂၀၁၃)ရက်နေ့ (၂၁၀၀)အချိန်ခန့်တွင် မဟာအောင်မြေမြို့နယ်၊ သံလျှက်မှော်အနောက်ရပ်ကွက်ရှိ နေအိမ်တစ်အိမ်အတွင်းဝင်ရောက်၍ ခိုးယူခဲ့ရာ ငွေကျပ် (၁)သိန်းကျော်ခန့် ရရှိခဲ့ကြောင်း၊ အဆိုပါခိုးယူရရှိခဲ့သောငွေဖြင့် (၁.၃.၂၀၁၃) ရက်နေ့က မင်္ဂလာဈေးရှိ ရွှေဆိုင်တစ်ဆိုင်တွင် အလေးချိန် ၁ ပဲ ၁ ရွေးကျော်ရှိ စတိလက်စွပ် (၁)ကွင်း (တန်ဖိုး ၆၅၀၀၀ိ/-)ကျပ်နှင့် အလေးချိန် ၄ ရွေးရှိ စတီးလက်စွပ် (၁)ကွင်း(တန်ဖိုး ၃၀၀၀၀ိ/-) ကျပ်တို့အားဝယ်ယူထားကြောင်းသိရှိရသဖြင့် အမှတ်(၇)ရဲစခန်း (ပ)၁၆၈/၂၀၁၃ ပြစ်မှုပုဒ်မ ၃၈၀ အမှုအားကျူးလွန်ခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်။ ၉။လွန်ခဲ့သော(၁၃)ရက် (၀၂၄၀)အချိန်ခန့်တွင် ချမ်းအေးသာစံမြို့နယ်၊ ၅၈x၅၉ လမ်းကြား၊ ၃၂x၃၄ လမ်းကြား၊ ရပ်ကွက်တစ်ခုအတွင်းရှိ နေအိမ်တစ်လုံးအတွင်းမှ SAMSUNG အမျိုးအစားပန်းနုရောင် လက်ကိုင်ဖုန်း (၁)လုံးအားခိုးယူခဲ့ကြောင်း အမှတ်(၃)ရဲစခန်း(ပ)၁၀၆/၂၀၁၃ ပြစ်မှုပုဒ်မ ၃၈၀/၅၄ အမှုအား ကျူးလွန်ခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်။

http://www.pktsgg.blogspot.com/ feeds/posts/default

No comments:

Post a Comment