မွန်ပြည်နယ်တွင် တန်ဖိုးနည်း ဖုန်းဆင်းမ်ကတ် နှစ်ဆပိုရ ================== သြဂုတ်(၂၈) ၊ရန်ကုန်တိုင်းမ်နေ့စဉ်သတင်းစာ ================== မွန်ပြည် နယ်တွင် ဩဂုတ်လအတွက် တန်း ဖိုးနည်း ဖုန်းဆင်းမ်ကတ်ခွဲတမ်း အရေအတွက် ယခင်လထက် နှစ် ဆပိုရသည်ဟု မွန်ပြည်နယ်ဘဏ္ဍာ ရေးနှင့် အခွန်ဝန်ကြီးဒေါက်တာ ခင်မောင်သွင်ကပြောသည်။ ယခုလအတွက် တန်ဖိုးနည်း ဖုန်းဆင်းမ်ကတ်ခွဲတမ်းများကို ဩ ဂုတ် ၂၆ရက်တွင် စတင်ချပေးနေပြီး GSM ဆင်းမ်ကတ်ပေါင်း ၁၄၀၀၀ နှင့် CDMA ၈၀၀ MHz ဆင်းမ် ကတ် ၁၀၀၀၀ စုစုပေါင်းဆင်းမ် ကတ် ၂၄၀၀၀ ချပေးထားသည်ဟု ၎င်းကပြောသည်။ ''ပြီးခဲ့တဲ့လကထက် နှစ်ဆ ပိုများတာပေါ့။ ဒီလမှာ GSM ရပါတယ်။ တိုင်တွေလဲ ထောင် ထားပြီးပြီဆိုတော့ အရင်တိုင်မရှိ လို့GSM အရနည်းတဲ့ မြို့နယ် တွေကို GSM ချပေးထားပါ တယ်'' ဟု ဒေါက်တာခင်မောင်သွင် ကပြောသည်။ ဇူလိုင်လက တာဝါတိုင်များ မရှိသည့်အတွက် ဆင်းမ် ကတ်အနည်းငယ်သာချထားပေး သည့် ချောင်းဆုံ၊ ရေး၊ ကျိုက် မရောနှင့် ပေါင်မြို့နယ်များကို gဆင်းမ်ကတ်တွေကိုပိုမိုချ ပေးထားပြီး ဆင်းမ်ကတ်အရေ အတွက်လည်း တိုးချပေးထားသည် ဟု၎င်းကပြောသည်။ ''ပြီးခဲ့တဲ့လက ရွာမှာ GSM ကတ်တွေချပေးတယ်။ ဒါပေမဲ့ လိုင်းမမိလို့သုံးလို့ မရဘူးဆိုလို့ မဲမနှိုက်တော့တာ'' ဟု သံဖြူဇရပ် မြို့နယ်ရှိကျေးရွာတစ်ခုမှ ရွာသား တစ်ဦးက ပြောသည်။ မွန်ပြည်နယ်တွင် တန်ဖိုး နည်းဖုန်းဆင်းမ်ကတ်များ၏ တာ ဝါတိုင်များကို မြို့နယ် ၁ဝမြို့နယ် အပြည့်တပ်ဆင်ထားပြီးဖြစ်ပြီး တာဝါတိုင်ထိန်းသိမ်းစောင့်ရှောက် ရေးလုပ်ငန်းကိုလည်း ပုဂ္ဂလိကသို့ လွှဲပြောင်းထားသည်ဟု ဒေါက် တာခင်မောင်သွင်က ပြောသည်။ ယခုလ ချပေးထားသော တန်ဖိုးနည်းဖုန်းဆင်းမ်ကတ် ၂၄၀၀၀ အနက် ဝန်ထမ်းများကို ဆင်းမ်ကတ် ၅၀၀၀ ကျော်ချပေး ထားပြီး ကျန်သည့်ဆင်းမ်ကတ် များကိုပြည်သူလူထုအား မဲစနစ် ဖြင့်ချပေးထားခြင်းဖြစ်သည်။ မွန်ပြည်နယ်တွင် တန်ဖိုး နည်းဖုန်းဆင်းမ်ကတ်များကို ဧပြီလတွင် ၁၀၀၀၀၊ မေလတွင် ၁၀၈၅၀ ၊ ဇွန်လတွင် ၉၇၅ဝနှင့် ဇူလိုင်တွင် ၁၂၀၀၀ ချပေးထားပြီး ဖြစ်သည်။ အေးချမ်းမွန် Credit To > Yangon Media Group < Thanks Re-posted By ACM 28-8-2013 https://www.facebook.com/excellencemedia http://www.pktsgg.blogspot.com/ feeds/posts/default
No comments:
Post a Comment