မောင်စေတန် page မှ share ပါသည်။ Mg Satan MyanmarNewsweek ဂျာနယ် ရဲ့လုပ်ရပ်ကတော်တော် တရားလွန်သွားပြီဗျာ။ MyanmarNewsweek ဂျာနယ်ရဲ့ အတွဲ(၂) အမှတ်(၉၇) (၂၉.၈.၂၀၁၃)ရက်စွဲနဲ့ ၂၇.၈.၂၀၁၃ မှာဖြန့်ချီခဲ့တဲ့သူတို့ရဲ့ဂျာနယ်မှာ ဖော်ပြထားသော "အကြမ်းဖက် ဖောက်ခွဲရေးသမား(၃)ဦးကို မြိတ်ကျွန်းစု၌ ဖမ်းဆီးရမိ" ဆိုတဲ့သတင်းမှာ ကျနော်ပုံကို အထင်အမြင် လွဲမှားစေရန်ရည်ရွယ်ပြီးပုဂ္ဂိုလ်ရေးသိက္ခာကျ ပြဿနာများအောင် တမင်ကြံစည်ပြီးဖော်ပြတယ်လို့ ထင်မြင်ယူဆမိပါတယ်။ မြင်နေရတဲ့ဖော်ပြပါပုံနဲ့ယခုစာအောက်ကLink ကပုံနဲ့ နှိုင်းယှဉ်ပြီးလေ့လာကြည့်ပါ။ http://www.imagebam.com/image/fe55de272594914 သတင်းမှားဖြစ်ကြောင်းကျနော်ဖြေရှင်းထားတဲ့ပို့စ်ကပုံကိုမှ လုပ်ကြံဖန်တီးထားတဲ့ ဓာတ်ပုံအလယ်စာကို ဖျက်ပြီးတော့ အပေါ်အောက်ပြောင်းပြီးဖြတ်ဆက်ထားတာကို မြင်တွေ့နိင်ပါတယ်။ ဖော်ပြထားတဲ့သတင်းဖြစ်တဲ့ဖောက်ခွဲရေးသမားသုံးယောက် ဖမ်းမိတယ် ဆိုတဲ့ သတင်းဟာလည်းမဟုတ်မှန်ကြောင်း ရဲတပ်ဖွဲ့က ငြင်းဆိုထားတာ ကြားထားရတဲ့အတွက်ဒီသတင်း ကလဲသတင်းမှားကြီးဖြစ်ပါတယ်။ အခုလို ပြည်သူလူထုကိုဖြန့်ချိတဲ့ ဂျာနယ်တစ်ခုမှာ ဖော်ပြပြီးလိမ်ညာဖြန့်ချိတဲ့အပြင်တစ်ဖက်သားကို သိက္ခာကျ ပြဿနာများအောင်လုပ်တာမျိုးကတော စာနယ်ဇင်း ကျင့်ဝတ်နဲ့ ဘယ်လိုမှ မကိုက်ညီတာ ထင်ရှား ပေါ်လွင်လှပါတယ်။ အခုလိုမမှန်မကန်သတင်းတွေကိုပုံနှိပ်ဖော်ပြတဲ့MyanmarNewsweek ဂျာနယ်ရော ဂျာနယ်လစ်ကိုရော အတော်ကိုစိတ်ပျက်မိပါတယ်။ ဖြစ်ရပ်မှန်နဲ့ပက်သက်ပြီးဂျာနယ်တိုက်ကိုလဲ လူကိုယ်တိုင် သွားရောက်ဖြေရှင်းဦးမယ့်အပြင် ယခုလိုဖြစ်ရပ်မျိုး အပြစ်မရှိတဲ့ တခြားသူတွေဓားစာခံထပ်မဖြစ်ရအောင် သက်ဆိုင်ရာ ဂျာနယ်လစ်အစည်းအရုံးဂျာနယ်လစ်ကွန်ယက်နဲ့ ပြန်ကြားရေးဝန်ကြီးဌာနကိုပါအသိေ ပးတိုင်ကြားသွားမှာပါ။ ယခုရေးထားတဲ့စာကိုအများပြည်သူသိအောင် ရှဲပေးကြပါရန် အနူးအညွတ်မေတ္တာရပ်ခံအပ်ပါတယ်။ လေးစားလျှက် မောင်စေတန် http://www.pktsgg.blogspot.com/ feeds/posts/default
No comments:
Post a Comment