Wednesday, June 4, 2014

မြန်မာအစိုးရ၏ System & Structure  စနစ်နှင့်အကောင်ထည်ဖေါ်ခြင်း

မြန်မာအစိုးရ၏ System & Structure  စနစ်နှင့်အကောင်ထည်ဖေါ်ခြင်း (အခြေခံဥပဒေ) ဇာနီကြီး ဇွန် ၄၊ ၂၀၁၄   ကာတွန်း – လမင်း (လေးထောင့်ကန်) ကျွန်တော်ကတော့ လူသားအရင်းမြစ် အခြေခံသမားဖြစ်လို့ စနစ်နဲ့အကောင်ထည်ဖေါ်မှု ဒီ ၂ ခုကို အသေးစိတ်မရေးတော့ပါဘူး။ လူတော် လူကောင်းအများစု ဦးဆောင်တယ်ဆိုရင် နိုင်ငံတိုးတက်ပါမယ်..လို့ခံယူပါတယ်။ တစ်ချိုက လူကိုမပြောပဲ စနစ်ကိုတိုက်ခိုက်ပြီး စည်းရုံးရေးလုပ်သင့်တယ် ပြောကြပါတယ်။ သေချာတာကတော့ အာဏာရထားပြီးရင် တွန်းမချမချင်း ထိုင်ခုံကမဆင်းကြပါဘူး။ တွန်းချဖို့နည်းလမ်းကတော့ ပြည်သူလူထု အင်အားပဲဖြစ်ပါတယ်။ စနစ်တစ်ခုကို တည်ထောင်ချင်ရင် အခြေခံအဆောက်အဦကို အရင်ပျိုးထောင် (အကောင်ထည်ဖေါ်ခြင်း) လုပ်ရပါတယ်။ စနစ် System ကတော့ သီအိုရီဆန်ပါတယ်။ အကောင်ထည်ဖေါ်မှု Structure ကတော့ လက်တွေ့လုပ်ဆောင်မှုဖြစ်ပါတယ်။ လက်ရှိမြန်မာနိုင်ငံဖွဲ့စည်းပုံဥပဒေဟာ ပြည်နယ်/တိုင်း ဒေသအစိုးရကို အာဏာလုံးဝနီးပါး ပေးမထားပါဘူး။ ဗဟိုဦးစီးစနစ်နဲ့ ပြည်နယ်/တိုင်းများကို အထွေထွေအုပ်ချုပ်ရေးဌာနက၊ ဌာနဆိုင်ရာများနဲ့အုပ်ချုပ်နေဆဲဖြစ်ပါတယ်။ စနစ်တစ်ခုကိုအကောင်ထည်ရာမှာ လူထုမပါပဲလုပ်တာမျိုးတွေ အဘက်ဘက်က အလွန်နစ်နာပါတယ်။ အမေရိကန်နိုင်ငံ အခုခေတ်ဘိုးအေ အအောင်မြင်ဆုံးဒီမိုကရေစီနိုင်ငံကြီးကို စစ်ဗိုလ်ချုပ်ကြီး ဂျော့ဝါရှင်တန် ဦးဆောင်တည်ထောင်ခဲ့ပါတယ်။ ပြည်သူနဲ့ တစ်သားတည်းကျတဲ့ အစိုးရဖြစ်တော့၊ အင်္ဂလိပ်ကိုလိုနီကို စစ်နိုင်ပြီးတဲ့နောက်ပိုင်း ဖွဲ့စည်းပုံအခြေခံဥပဒေကိုဆွဲပါတယ်။ ပညာရှင်များက ၁၇၈၉ နှစ်မှာ ၈လအတွင်းအတွင်းရေးဆွဲပြီး အခုချိန်ထိ ၂၄ကြိမ်ပြင်ဆင်ခဲ့ပြီးဖြစ်ပါတယ်။ ထိုင်းနိုင်ငံ အိမ်နီးခြင်းထိုင်းနိုင်ငံမှာ ဘုရင်စနစ်ကိုပယ်ဖျက်ပြီးတဲ့ ၁၉၃၂ခုနောက်ပိုင်း ဖွဲ့စည်းပုံအခြေခံဥပဒေပေါင်း ၁၈ခု အသစ်ရေးဆွဲပြဌာန်းခဲ့ပါတယ်။ နောက်ဆုံးအသစ်ရေးဆွဲတာကတော့ ၂၀၀၇ခုနှစ် စစ်တပ်အာဏာသိမ်းပြီးချိန်မှာပါ။ အခု ၂၀၁၄မှာ စစ်တပ်အာဏာထပ်သိမ်းပါတယ်။ ထိုင်းနိုင်ငံကတော့ အခြေခံဥပဒေ ၁၉၉၂ကတော့ အကောင်းဆုံးလို့ပြောနိုင်ပါတယ်။ ဘွဲ့တစ်ခုရမှ အမတ်ဖြစ်ရမယ် ကန့်သတ်ထားပါတယ်။ ၂၀၀၇မှာ စစ်တပ်အာဏာသိမ်းပြီး ဖျက်သိမ်းခဲ့ပါတယ်။ ထိုင်းနိုင်ငံကတော့ မြန်မာအိမ်နီးချင်း အဓိကစီးပွားနိုင်ငံလည်းဖြစ်။ မြန်မာလူမျိုး ၄သန်းကျော် သွားရောက်အလုပ်လုပ်နေတဲ့ နိုင်ငံလည်းဖြစ်တော့ ထိုင်းနိုင်ငံရဲ့လွှမ်းမိုးမှုတွေ မြန်မာစစ်အာဏာပိုင်တွေမှာ အများဆုံးရှိပါတယ်။ အရှေ့တောင်အာရှနိုင်ငံများ အင်ဒိုနီးရှားဖွဲ့စည်းအုပ်ချုပ်ပုံကတော့ ၁၉၄၅ခုနှစ် ဒုတိယကမ္ဘာစစ်ပြီးတဲ့နောက် ရေးဆွဲအတည်ပြုခဲ့ပြီး၊ အခုချိန်ထိ ပြင်ဆင်တာတွေပဲရှိပါ တယ်။ အင်္ဂလိပ်လက်အောက်နေခဲ့တဲ့ စင်ကာပူ၊ မလေးရှားနိုင်ငံများရဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေတွေလည်း အသစ်ရေးဆွဲစရာမလိုခဲ့ပါ။ ဥပဒေဘောင်အတွင်းကပဲ ပြုပြင်ပါတယ်။ ဖိလစ်ပိုင်နိုင်ငံကတော့ အာဏာရှင်စစ်ဗိုလ်ချုပ်က သူစိတ်ကြိုက်ဖွဲ့စည်းပုံအသစ်ရေးဆွဲခဲ့တာကြောင့် ၁၉၈၇ခုနှစ် လူထုအုံကြွဖြုတ်ချခံရပြီး ဖွဲ့စည်းအုပ်ချုပ်ပုံအသစ်ရေးဆွဲ အတည်ပြုခဲ့ပါတယ်။ တရုတ်နှင့် အိန္ဒိယ မြန်မာနိုင်ငံရဲ့ အကြီးမားဆုံးအိမ်နီးချင် နိုင်ငံကြီး၂ခုဖြစ်ပြီး၊ အထူးသဖြင့် တရုတ်စီးပွားရေး၊ နိုင်ငံရေး လွမ်းမိုးမှုကို မြန်မာ့ခေါင်းဆောင်များ ခံစားနေရပါတယ်။ တရုတ်နိုင်ငံမှာ ကွန်မြူနစ်စနစ်ခေတ် ၁၉၅၂မှာ ဖွဲ့စည်းပုံအခြေခံဥပဒေဆွဲခဲ့ပြီး၊ ပြည်သူ့တော်လှန်ရေးနောက်ပိုင်း ၁၉၈၈မှာ စီးပွားပြုပြင်ပြောင်းလဲမှုနဲ့လိုက်လျောညီတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ အသစ်ဆွဲခဲ့ပါတယ်။ ၃ကြိမ် ပြင်ဆင်ခဲ့တာ ၂၀၀၄မှာ နောက်ဆုံးပြင်ဆင်ခဲ့ပါတယ်။ အိန္နိယမှာတော့ အင်္ဂလိပ်ထံမှလွတ်လပ်ရေးရပြီးနောက် ၁၉၄၉မှာ အတည်ပြုခဲ့ပါတယ်။ အသစ်ရေးဆွဲစရာ မလိုပဲ ယခုအချိန်ထိ ပြင်ဆင်မှုပေါင်း ၁၂၀ လုပ်ခဲ့ပြီးဖြစ်ပါတယ်။ တစ်နှစ်မှာ ၂ခါ ပြင်ဆင်နေတဲ့ အိန္နိယဖွဲ့စည်းပုံအခြေခံဥပဒေဖြစ်ပါတယ်။ တောင်ကိုးရီးယား ဒါနဲ့ လက်ရှိမြန်မာနိုင်ငံ သမ္မတဖြစ်သူ အမေရိကားခရီးစဉ်တုံးက ပြောခဲ့ပါတယ်။ သူအလွန်အားကျတဲ့ အာရှတိုက်က စစ်ဗိုလ်ချုပ်၊ တောင်ကိုးရီးယားသမ္မတပတ်ချုံဟီး ဆိုသူအကြောင်းပါ။ စစ်ဗိုလ်ချုပ်တွေ အလွန်အာဏာရှိတာ လူတိုင်းလက်ခံပါတယ်။ လူတော်လူကောင်း ဗိုလ်ချုပ်တွေလည်း မြန်မာပြည်မှာအများကြီးရှိပါတယ်။ လက်ရှိသမ္မတလည်း သမိုင်းမျာတော့ လူတော်လူကောင်းစာရင်းဝင်ဖို့ လမ်းများပါတယ်။ တောင်ကိုးရီးယားမှာ သမ္မတပတ်ချုံဟီး […]

No comments:

Post a Comment