Thursday, September 12, 2013

MNL Cup ပြိုင်မည့် ရန်ကုန်အသင်းအား AYUFC Sports Complex AGD ဘဏ်မှ ကျပ်သိန်းနှစ်ရာတန် စပွန်ဆာပေးအပ် သတင်း / 17 hours ago

 MNL Cup ဘောလုံးပြိုင်ပွဲ ၀င်ရောက်ယှဉ်ပြိုင်မည့် ရန်ကုန်ယူနိုက်တက် ဘောလုံးအသင်းအား AGD ဘဏ်မှ သိန်းနှစ်ရာတန်  ... MNL Cup ဘောလုံးပြိုင်ပွဲ ၀င်ရောက်ယှဉ်ပြိုင်မည့် ရန်ကုန်ယူနိုက်တက် ဘောလုံးအသင်းအား AGD ဘဏ်မှ သိန်းနှစ်ရာတန် စပွန်ဆာတစ်ခုပေးအပ်ခဲ့ပြီး AGD ဘဏ်၏ အမှတ်တံဆိပ်ကို ရန်ကုန်အသင်း အင်္ကျီရင်ဘတ်တွင် ရေးထိုးရတော့မည်ဖြစ်သည်။ ရန်ကုန်အသင်း နှင့် AGD ဘဏ်တို့၏ စပွန်ဆာ စာချုပ်ချုပ်ဆိုပွဲကို စက်တင်ဘာ ၁၁ ရက်က YUFC Sports Complex တွင်ပြုလုပ်ခဲ့ခြင်း ဖြစ်ပြီးလာမည့် MNL Cup ဘောလုံး ပြိုင်ပွဲတွင် စတင် ၀တ်ဆင်သွားမည်ဖြစ်သည်။ ရန်ကုန်ယူနိုက်တက်အသင်း အထွေထွေ မန်နေဂျာ ဦးကျော်မင်းထွေးက “ နဂိုကတည်းက AGD ဘဏ်က ရန်ကုန်ယူနိုက်တက်အသင်းရဲ့ ပူးတွဲစပွန်ဆာပါ။  MNL Cup ရှိလာတဲ့အတွက်  AGD ဘဏ်က ပိုပြီး အားပြုတဲ့ အနေနဲ့ စပွန်ဆာပေးတာပါ။ နောက်ပြီး  AGD ဘဏ်က နှစ်ရှည်ကျွန်တော်တို့နဲ့အတူ လက်တွဲမယ့် စပွန်ဆာ တစ်ခုလည်းဖြစ်ပါတယ်။ ဘောလုံး အသင်းတစ်သင်းရပ်တည်ဖို့ အတွက်ငွေကြေးဓန အင်အားအများကြီး လိုပါတယ်။ ကလပ်ကို ကိုယ့်ရဲ့ဝင်ငွေနဲ့ ရပ်တည်နိုင်ဖို့အတွက် ကြိုးစားနေပါတယ်။ အပြင်က စပွန်ဆာတွေ ရှာသွားမယ်။ အဓိကက၀င်ငွေများများရမှ ကလပ်ကို ဒီထက်ပိုပြီး အဆင့်မြင့်တင်သွား နိုင်မှာပါ။ စပွန်ဆာ ဆိုတဲ့ နေရာမှာ ပြည်တွင်းကနေပဲ မဟုတ်ဘဲ ပြည်ပကနေလည်း ရှာနေပါတယ်”ဟု ပြောကြားခဲ့သည်။ ပြီးခဲ့သည့် ၂၀၁၂ ဘောလုံးရာသီတွင် ရန်ကုန်ယူနိုက်တက်အသင်းအား အင်္ကျီစပွန်ဆာအဖြစ် Air Bagan လေကြောင်း လိုင်းမှ စပွန်ဆာပေးထားခြင်းဖြစ်ပြီး လာမည့်စက်တင်ဘာ ၂၂ရက် တွင် ကျင်းပမည့် MNL Cup ပြိုင်ပွဲ အတွက် AGD ဘဏ်မှ အင်္ကျီစပွန်ဆာပေးခြင်းဖြစ်သည်။ Post by Mizzima - News in Burmese. Visit website 

http://pktkmk.blogspot.com/?m=1

No comments:

Post a Comment