Thursday, September 12, 2013

ရန်ကုန်ယူနိုက်တက်အသင်း အထွေထွေမန်နေဂျာ ဦးကျော်မင်းထွေးနှင့်တွေ့ဆုံခြင်း သတင်း / 18 hours ago


 ရန်ကုန်ယူနိုက်တက်အသင်းက ဂျပန်ဂျေလိဂ်ကလပ် ယိုကိုဟားမားအသင်းနဲ့မိတ်ဖက်လုပ်မယ့် ကိစ္စနဲ့ပတ်သက်ပြီး ပြောပြပေးပါ။ ဘောလုံးလောကက တစ်ယောက်ထဲရပ်တည်လို့ မရပါဘူး။ နေရာတိုင်းမှာ မိတ်ဖက်ဆိုတာ ရှိပါတယ်။ မြန်မာ နေရှင်နယ်လိဂ်နဲ့ဂျေလိဂ်ကလဲ မိတ်ဖက်ဖြစ်ပါတယ်။ အဲဒီအတွက်ကြောင့် ဂျေလိဂ်ကလပ်အသင်း နဲ့ MNL ကလပ် အသင်း မိတ်ဖက်လုပ်တာပါ။ အကျိုး ကျေးဇူးကတော့သူတို့က ပရော်ဖက်ရှင်နယ်ကလပ် တည်ထောင်တာ ကြာပါပြီ။ သူတို့ဆီက စီမံမှုအပိုင်းတွေ ဆည်းပူးရမယ်။နောက်တစ်ခုက စပွန်ဆာရှစ်သူ တို့ဆီမှာ အများကြီးရှိတယ်။ စပွန်ဆာရှစ်နဲ့ ပတ်သက်ပြီးလည်း သူတို့ဆီက လေ့လာရမယ်။ ဘာကြောင့် သူတို့ကလည်း မြန်မာနဲ့ လုပ်ချင်သလဲ ဆိုတော့ မြန်မာပြည်ရဲ့ စီးပွားရေးကလည်း ပွင့်လင်းလာပါပြီ။ ဂျပန်တွေအများကြီးဝင်လာမယ်။ ၀င်လာရင် သူတို့ ဒီမှာ အခြေစိုက်ဖို့လိုတယ်။ အခြေစိုက်ဖို့ လိုတဲ့အတွက် ဘောလုံး အသင်းကိုလုပ်တယ်။ နောက်ပိုင်း ကျွန်တော့်ဆီက နည်းပြတွေ၊ ကစားသမားတွေ ဖလှယ်ပြီး ဂျပန်အထိသွားဖို့ ရည်မှန်းထားပါတယ်။ လာမယ့် ၂၀၁၄ AFC Cup အတွက် အသင်းအသုံးစရိတ် ဘယ်လောက်ထိ သုံးဖို့ခန့်မှန်းထားလဲ။ အဓိကကတော့ ဘတ်ဂျက်ဆိုတဲ့ နေရာမှာ အသင်းရဲ့အောင်မြင်မှုပေါ်မူတည်ပြီး သွားမှာပါ။ နှစ်စဉ်နှစ်တိုင်း သုံးခဲ့တဲ့ နေရာမှာလဲ ဘတ်ဂျက်အကန့်အသတ် မရှိပါဘူး။ အသင်းရဲ့ လိုအပ်ချက်အပေါ် မူတည်ပြီး လုပ်ဖို့ ရှိပါတယ်။ လာမယ့်နှစ်မှာ AFC Cup ကို တတိယအကြိမ် ၀င်ပြိုင်ရမှာဖြစ်တဲ့အတွက် AFC Cup  အတွေ့အကြုံတွေ ထိုက်သင့် သလောက် ရှိနေပါပြီ။ ပြီးခဲ့တဲ့ ၂၀၁၃ ခုနှစ် ဘောလုံးရာသီမှာ အသင်းအသုံးစရိတ် ဘယ်လောက် ရှိခဲ့ပါသလဲ။ ရာသီ တစ်ခုလုံးအတွက် ဆိုရင် သိန်းပေါင်း နှစ်သောင်းခွဲလောက် သုံးထားပါတယ်။ ရန်ကုန်ယူနိုက်တက်အသင်းရဲ့  Sports Complex က စစ်တပ်ပိုင်မြေလို့ သိရပါတယ်။ အဲ့ဒီကိစ္စနဲ့ ပတ်သက်ပြီး ဘာများပြောချင်လဲ။ ဟုတ်ပါတယ်။ ကာကွယ်ရေးပိုင်မြေဖြစ်ပါဘူး။ ဒါနဲ့ ပတ်သက်ပြီးတခြား ကလပ်နည်းတူ နှစ်ရှည်ငှားရမ်းဖို့ တင်ပြခဲ့ပြီး ပါပြီ။ ဒါပေမဲ့ ခုချိန်ထိခွင့်ပြုချက် မရသေးဘူး။ ဒီမှာမလုပ်ရဘူးလို့တော့ မတားမြစ်ထားပါတယ်။ ဒါပေမဲ့ ဒီမှာ ဆက်လုပ်လို့တော့ရပါတယ်။ စာချုပ်တွေဘာတွေနဲ့တရားဝင်ချုပ်ဆိုထား တာမျိုးတော့ မရှိသေးပါဘူး။ ပြီးခဲ့တဲ့ ဘောလုံးရာသီအသင်းမှာ ကစားခဲ့တဲ့နိုင်ငံခြား ကစားသမားလေးဦးစလုံး စာချုပ်သက်တမ်း ထပ်တိုးဖို့ ရှိလား။ စာချုပ်သက်တမ်းတိုးဖို့နဲ့ ပတ်သက်ပြီး လာမယ့် နိုဝင်ဘာကျမှကစားသမား အပြောင်းအရွှေ့ကို လုပ်မှာပါ။ လိဂ်ကလဲ ၂၀၁၄ ဖေဖော်ဝါရီကျမှ စတင်မှာပါ။ ပြောဖို့တော့စောပါ သေးတယ်။ အသင်းရဲ့ ပေါ်လစီက အသင်းနဲ့ အထိုင်ချပြီး ရှေ့ဆက်လက်တွဲ လို့ရမယ့် ကစားသမားမျိုးကိုပဲ ဦးစားပေး ခေါ်သွားမှာပါ။ မဖြစ်နိုင်တော့မှသာ တခြားကစားသမား အသစ်ကို ခေါ်ဖို့ လုပ်ရမှာပါ။ ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ် ဘောလုံးရာသီမှာ ချန်ပီယံဖြစ်အောင် စွမ်းဆောင်ပေးခဲ့တဲ့ နည်းပြ အိုင်ဗင်ကိုလက်ဗ် ကို စာချုပ်ထပ်တိုးဖို့ရှိ ပါသလား။ ဆွေးနွေးထားတာတော့ ရှိပါတယ်။ နည်းပြ ကိုလည်းအချိန်ပေးထားတာပါ။ အဓိက ကတော့ သူ့ဘက် ကိုယ့်ဘက် ကြည့်တာပါ။ ငါတို့အနေနဲ့ စာချုပ်သက်တမ်းတိုးချင်တယ်..မင်းစဉ်းစားပါဆိုပြီးပြောထားပါတယ်။ ဒါပေမဲ့ နောက်ဆုံး ဆုံးဖြတ်ချက်ကိုတော့ နိုဝင်ဘာကျမှ စဉ်းစားဆုံးဖြတ်မယ်။ အခုချိန်မှာ ဆက်ချုပ်ဖြစ်မယ်လို့ ကံသေကံမ မပြောနိုင်သေး ပါဘူး။ ဒါပေမဲ့ နည်းပြကိုလက်ဗ်ကိုပဲ ဆက်ချုပ်ဖို့ကမ်း လှမ်းထားပါတယ်။ လာမယ့် ဘောလုံးရာသီမှာ ရန်ကုန်အသင်း အနေနဲ့ ဘယ်လိုနည်းနဲ့ ၀င်ငွေရရှိအောင်လုပ်ဖို့ စီစဉ်ထား ပါသလဲ။ လုပ်ဖို့စီစဉ်နေပါတယ်။ လုပ်လည်း လုပ်နေပါတယ်။ ဒီ AGD ဘဏ်ကနေ ကျွန်တော်တို့ရဲ့ ပထမဆုံး လုပ်ကွက်ကို စပြတာပါ။ MNL Cup မှာ အသင်းကို ကောင်းကောင်း ထောက်ပံ့မှုပေးနိုင်အောင်ပါ။ လာမယ့်နှစ်မှာလဲ စပွန်ဆာ တွေ အများကြီးရအောင် ကြိုးစားနေပါတယ်။ ရအောင်လည်းလုပ်နေပါတယ်။ ဘောလုံးအသင်း တစ်သင်းရပ်တည် ဖို့က ဘတ်ဂျက်ကအရမ်းအရေးကြီးပါတယ်။ သူဋ္ဌေးလဲ သူစိုက်ထုတ်နိုင်တဲ့ အတိုင်းအတာ တစ်ခုအထိပဲ စိုက်ထုတ် နိုင်တာပါ။ ဒါကြောင့် အသင်းဝင်ငွေရဖို့အတွက် လုပ်နေတာပါ။ နိုင်ငံခြားတွေ လည်းသွားတယ်။ ဂျပန်မှာလည်း စပွန်ဆာရှာဖို့ ရှာဖွေနေပါတယ်။ နီးစပ်ရာ နီးစပ်ရာတွေ အကုန်လုံး ရှာဖွေနေပါတယ်။ MNL Cup ပြိုင်ပွဲကမန္တလေးမှာ သွားကစားရမှာဖြစ်တဲ့အတွက် လုံခြုံရေးကိစ္စနဲ့ ပတ်သက်ပြီး ဘာများ ပြောချင်ပါသလဲ။ ပြီးခဲ့တဲ့တစ်ခေါက်ကတည်းက ရတနာပုံအသင်းက စီစဉ်သူတွေကို ပြောပြခဲ့ပါတယ်။ စီစဉ်သူတွေပဲ ပုံချလို့မရ သလို၊ ကစားသမားလည်း ပြစ်တင်လို့မရသလို ပရိသတ်ကိုလည်း အပြစ်ပုံချလို့မရပါဘူး။ အားလုံး ဟန်ချက်ညီညီ သွားဖို့ လိုပါတယ်။ ပေါင်းစပ် ညှိနှိုင်းမှု လိုပါတယ်။ ပရိသတ်တွေကလည်း အားပေးတဲ့ ပုံစံပြောင်းလာရင် ပိုကောင်း ပါတယ်။ အချိန်ယူပြီးတော့ ပြင်ရမှာပါ။ ပြောတာကတော့ပြောတာပဲ။ဒါပေမဲ့ပြဿနာကလည်း ဖြစ်တာပါပဲ။ လက်ရှိကစားနေတဲ့ လူငယ်ဘောလုံးပြိုင်ပွဲမှာရောပထမရဖို့ ပဲမှန်းထားပါသလား။ အငယ်သင်းကလည်း ချန်ပီယံသုံးနှစ် လောက်ရထားတဲ့အသင်းပါ။ လူငယ်ပြိုင်ပွဲမှာ ချန်ပီယံဖြစ်ရမယ် ဆိုတာထက် ကိုယ့်ရဲ့လူငယ်တွေကို ပြိုင်ပွဲရဲ့အနှစ်သာရကို သိစေချင်ပါတယ်။ အဓိက အတွေ့အကြုံ ပေးချင်တာပါ။ လူငယ် ပြိုင်ပွဲရဲ့ ရည်ရွယ်ချက်ကိုက ပြိုင်ပွဲအတွေ့အကြုံ ရစေချင်တယ်။ နိုင်ဖို့အတွက်ပဲ ဦးတည်ပြီးသွားတာမဟုတ်ပါဘူး။ တစ်ဖက်ကလည်း နိုင်ရမယ်၊ နောက်တစ်ဖက်ကလည်း လူငယ်တွေ ပြိုင်ပွဲအတွေ့အကြုံရရှိစေရမယ်ဆိုတဲ့ ရည်ရွယ်ချက်ရှိပါတယ်။ ပြီးခဲ့တဲ့နှစ်မှာ ရန်ကုန်အသင်းက ရတနာပုံ၊ ကမ္ဘောဇတို့နဲ့ ဆုံတဲ့အခါ ဗထူး၊ တောင်ကြီးကွင်းတွေ သွား ကစားခဲ့ရပေမယ့် ရန်ကုန်မှာကစားရတဲ့အခါ YUSC ကွင်းမှာ မကစားရဘဲ သုဝဏ္ဏကွင်းမှာ ကစားရတာ နဲ့ ပတ်သက်ပြီး ဘာများပြောချင်ပါသလဲ။ လာမယ့်နှစ်ကျရင်တော့ ရအောင်ထပ် တောင်းဆိုမှာပါ။ မနှစ်က လုံခြုံရေးကနေ ဒါကို ကန်ခွင့်မပေးခဲ့တဲ့အတွက် ကန်ခွင့်မရခဲ့တာပါ။ လာမယ့်နှစ်မှာ ဒီအတွက် ပြန်ကြိုးစားမယ်။ လုံခြုံရေးနဲ့ပတ်သက်ပြီး ရနိုင် သမျှဆွဲခေါ်မှာပါ။ အတတ်နိုင်ဆုံး ပွဲအားလုံးကို အိမ်ကွင်းမှာပဲ အိမ်ရှင်အနေနဲ့ ကစားချင်တာပါ။ အဲဒီကိစ္စကို ကြိုးစားသွားမှာပါ။ Post by Mizzima - News in Burmese. Visit website 

http://pktkmk.blogspot.com/?m=1

No comments:

Post a Comment