Thursday, September 26, 2013

မြန်မာယူ-၂၃ အသင်း နေပြည်တော်တွင် သွားရောက်လေ့ကျင့်ရန် စီစဉ်ထား သတင်း / 2 hours ago

  မာဒေးကားပြိုင်ပွဲမှပြန်လာပြီးပဏာမကစားသမား(၂၆) ဦးဖြင့်လေ့ကျင့်မှုပြုလုပ်နေသည့် မြန်မာယူ-၂၃ အသင်းသည် လာမည့် ... မာဒေးကားပြိုင်ပွဲမှပြန်လာပြီးပဏာမကစားသမား(၂၆) ဦးဖြင့်လေ့ကျင့်မှုပြုလုပ်နေသည့် မြန်မာယူ-၂၃ အသင်းသည် လာမည့် အောက်တိုဘာလ (၅) ရက်မှစတင်ကာ နေပြည်တော်တွင် သွားရောက်နေထိုင်လေ့ကျင့်ရန် စီစဉ်ထား ကြောင်း ကိုရီးယားနည်းပြ ပတ်ဆောင်ဟွာက မဇ်္ဈိမသို့ပြောသည်။ ဆီးဂိမ်းတွင် မြန်မာအသင်းပါဝင်မည့် အုပ်စုကို ရန်ကုန်မြို့ သုဝဏ္ဏကွင်း၌ ကျင်းပမည်ဖြစ်သော်လည်း ဆီမီးနှင့် ဗိုလ်လုပွဲစဉ်များကို နေပြည်တော်တွင် ပြုလုပ်မည်ဖြစ်သောကြောင့် ယခုကဲ့သို့သွားရောက်လေ့ကျင့် ရန်နည်းပြ ပတ်ဆောင်ဟွာကစီစဉ်ထား ခြင်းဖြစ်သည်။ "ကျွန်တော်တို့နောက်လမှာနေပြည်တော်သွားပါမယ်။ ဆီးဂိမ်းဆီမီးနဲ့ ဗိုလ်လုပွဲ ကျင်းပမယ့် ဇေယျာသီရိကွင်းမှာ လေ့ကျင့်ခွင့် တောင်းထားပါတယ်။ ဗီယက်နမ်နဲ့ ခြေစမ်းပွဲမတိုင်ခင် အထိနေပြည်တော်မှာစခန်း ၀င်လေ့ကျင့်ဖို့ စီစဉ်ထားပါတယ်။ကစားသမားတွေရဲ့ အနေအထားကတော့ မာဒေးကားက ပြန်လာပြီး ကတည်းက လောလောဆယ်အပေါ့စား လောက်ပဲ လုပ်နေပါတယ်”ဟု ပတ်ဆောင်ဟွာကဆိုသည်။ ကိုရီးယားနည်း ပြပတ်ဆောင်ဟွာကယူ-၂၃အသင်းအတွက် ကစားသမား အချို့ထပ်မံအားဖြည့်ခဲ့ခြင်းမှာ လိုအပ်ချက်အရ ဖြစ်ကြောင်းလည်းရှင်းလင်း ပြောကြားသည်။ “ကစားသမားတွေထပ်ခေါ်ခဲ့တာက အသင်းလိုအပ်ချက်အရပါ။ ကွင်းလယ်ခံစစ် နေရာအတွက် မာဒေးကားမှာ ထူးထူးအောင်၊ ရဲလင်းအောင်၊ ဟိန်းဇာအောင်၊ တို့ကို စမ်းသပ် သုံးစွဲခဲ့တယ်။ အသင်းနဲ့ အံမ၀င်တဲ့ကစား သမားတွေကို ပြန်လဲပြီးကစားသမားသစ်တွေပြန်ခေါ်တယ်။ အဓိက အားနည်းချက်ဖြစ်နေတဲ့ ကွင်းလယ်ခံစစ်အတွက် လူရှာနေ ရတာပါ” ဟုပတ်ဆောင်ဟွာကဆိုသည်။ Post by Burma News from Mizzima. Visit website 

http://pktkmk.blogspot.com/?m=1

No comments:

Post a Comment