့ ၀၇၀၀ အချိန် တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမူယစ်(အထူး) အဖွဲ့မှတပ်ဖွဲ့ဝင်များသည် သတင်းအရ သက်သေများနှင့်အတူ ကော့သောင်းမြို့နယ်၊ ဘန်းကချွန်ကျေးရွာနေ သိန်းဇော်(ခ)လားပု(၂၉)နှစ်၏နေအိမ်အား ၀င်ရောက်ရှာဖွေခဲ့သည်။ ထိုသို့ရှာဖွေရာ သိန်းဇော်(ခ)လားပုမှာ ထွက်ပြေးသွားကာ ကော့သောင်းမြို့၊ အေးမြကန်သာရပ်ကွက်၊ အင်းယားမြိုင်လမ်းသွယ်နေ အောင်မျိုးမင်း(ခ) မျိုးမျိုး(၂၅)နှစ်အား တွေ့ရှိရပြီး နေအိမ်အိပ်ခန်းအတွင်းမှ ဘိန်းစာမှုန့်(၅၀)ဂရမ်၊ တူးမီးသေနတ် ၁ လက်၊ လုပ်သေနတ် ၁ လက်နှင့် ပွိုင့် ၂၂ ကျည်(၄)တောင့်တို့အား တွေ့ရှိသိမ်းဆည်းရမိသဖြင့် အောင်မျိုးမင်း(ခ)မျိုးမျိုးနှင့်သိန်းဇော်(ခ)လားပုတို့ ၂ ဦးအား ကော့သောင်းမြို့ရဲစခန်း မယ(ပ)၄၀/၂၀၁၃၊ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေပုဒ်မ ၁၅/၁၉(က)/၂၂(ခ)/၂၁ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။ MrCopy Blogaway
No comments:
Post a Comment