Friday, September 13, 2013

အီရန်လူမျိုးနည်းပြအား အမြဲတမ်းနည်းပြအဖြစ် ကရာတေးဒိုအဖွဲ့ချုပ် ခန့်အပ်မည် သတင်း / 50 mins ago

  မြန်မာနိုင်ငံ ကရာတေးဒိုအဖွဲ့ချုပ်သည် ၂၇ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် အောင်မြင်မှု ရရှိစေရန်  ... မြန်မာနိုင်ငံ ကရာတေးဒိုအဖွဲ့ချုပ်သည် ၂၇ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် အောင်မြင်မှု ရရှိစေရန် အီရန်လူမျိုး ကုမိတဲ့ နည်းပြဆရာ အလီရာဇက်အား အမြဲတမ်းနည်းပြအဖြစ် ခန့်အပ်မည်ဖြစ်ကြောင်း ကရာတေးဒိုအဖွဲ့ချုပ် အတွင်းရေးမှူး ဦးစိုးဝင်းက မဇ္ဈိမသို့ ပြောသည်။ အစောပိုင်းက အီရန်နည်းပြ အလီရာဇက်သည် မြန်မာနိုင်ငံသို့ နှစ်လတစ်ကြိမ်လာရောက်၍ ကရာတေးဒို အားကစား သမားများအား သင်ကြားပေးခဲ့ပြီး လာမည့် အောက်တိုဘာ ၁ ရက်မှ စတင်ကာ ၎င်းနည်းပြအား အမြဲတမ်းနည်းပြ အဖြစ်ခန့်အပ်မည်ဖြစ်သည်။ အတွင်းရေးမှူး ဦးစိုးဝင်းက “အဓိကက ဆီးဂိမ်းမှာ မြန်မာအသင်းအောင်မြင်ဖို့နဲ့ပြိုင်ပွဲက နီးကပ်လာပြီဖြစ်တဲ့အတွက် နည်းပြဆရာရဲ့ ညွှန်ကြားပြသမှုက ပိုအရေးကြီးလာပါတယ်။ ဒါကြောင့် ခုလိုအမြဲတမ်း နည်းပြအဖြစ် ခန့်အပ်ဖို့ စီစဉ်ခဲ့တာပါ” ဟု ပြောကြားခဲ့ သည်။ လက်ရှိအချိန်တွင် မြန်မာနိုင်ငံ ကရာတေးဒိုအဖွဲ့ချုပ်၌ နိုင်ငံခြားသားနည်းပြများအဖြင့် မလေးရှားလူမျိုး ခတနည်းပြ ၊ အီရန်လူမျိုးကုမိတဲ့ နည်းပြ နှင့် ဂျပန်လူမျိုး ခတ နည်းပြတစ်ဦးတို့မှ သင်ကြားလျက် ရှိသည်။ အောက်တိုဘာ ၁ ရက်တွင် အမြဲတမ်းနည်းပြအဖြစ် ခန့်အပ်မည့် အီရန်နည်းပြဆရာအား လစာငွေအဖြစ် တစ်လလျှင် အမေရိကန်ဒေါ်လာ ၁၀,၀၀၀ ပေးရမည် ဖြစ်ပြီး ကရာတေးဒိုအဖွဲ့ချုပ်မှ အမေရိကန်ဒေါ်လာ ၅၀၀၀ နှင့် အားကစား ၀န်ကြီးဌာနတို့မှ အမေရိကန်ဒေါ်လာ ၅၀၀၀ စီကျခံမည်ဖြစ်သည်။ လက်ရှိအချိန်တွင် ကုမိတဲ့ (အတိုက်) ကစားသမား ၂၃ ဦးနှင့် ခတ (အက) ကစားသမားကိုးဦး စုစုပေါင်း ၃၂ ဦးဖြင့် စခန်းသွင်းလေ့ကျင့်လျက်ရှိသည်။ ကရာတေးဒို အားကစားအဖွဲ့သည် စက်တင်ဘာ ၇ ရက်က ပြုလုပ်ခဲ့သည့် ထိုင်း အလွတ်တန်း ကရာတေးဒို ဖိတ်ခေါ်ပြိုင်ပွဲတွင် ရွှေတံဆိပ် ခုနှစ်ခု၊ ငွေတံဆိပ် သုံးခု နှင့် ကြေးတံဆိပ် ခြောက်ခုရရှိခဲ့ပြီး ၂၀၁၁ ခုနှစ် အင်ဒိုနီးရှား ဆီးဂိမ်းတွင် ငွေတံဆိပ် တစ်ခုနှင့် ကြေးတံ ဆိပ် နှစ်ခုရရှိခဲ့သည်။ ထို့ပြင် သြဂုတ်လက ကျင်းပခဲ့သည့် ဆီးဂိမ်းအကြို ကရာတေးဒို ပြိုင်ပွဲတွင် မြန်မာ ကရာတေးဒို အားကစားအဖွဲ့သည် ရွှေတံဆိပ် ခုနှစ်ခု၊ ငွေတံဆိပ် ခြောက်ခုနှင့်ကြေးတံဆိပ်နှစ်ခု ရရှိခဲ့သည်။ Post by Mizzima - News in Burmese. Visit website 

http://pktkmk.blogspot.com/?m=1

No comments:

Post a Comment