Friday, September 6, 2013

ယနေ့ကစားမည့် မြန်မာနှင့်ပွဲတွင် အနိုင်ရမည်ဟု ဟောင်ကောင်အသင်းနည်းပြ ယုံကြည်နေ သတင်း / 2 hours ago

  ဟောင်ကောင်လက်ရွေးစင် ဘောလုံးအသင်းနည်းပြ ခမ်ပန်ဂွန်က မြန်မာအသင်းနှင့်ကစားမည့် ချစ်ကြည်ရေး ခြေစမ်းပွဲတွင်  ... ဟောင်ကောင်လက်ရွေးစင် ဘောလုံးအသင်းနည်းပြ ခမ်ပန်ဂွန်က မြန်မာအသင်းနှင့်ကစားမည့် ချစ်ကြည်ရေး ခြေစမ်းပွဲတွင် အိမ်ရှင် မြန်မာအသင်းအားအနိုင်ကစားနိုင်မည်ဟု ယုံကြည်ကြောင်း ပွဲကြို သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။ ဟောင်ကောင်အသင်းသည် လက်ရှိအချိန်တွင် အာရှဖလားခြေစစ်ပွဲဝင်ရောက်ယှဉ်ပြိုင်နေပြီး ခြေစစ်ပွဲ အောင်ရန် အခြေအနေ ကောင်းလျက်ရှိသည်။ နည်းပြခမ်ပန်ဂွန်က “အရင်တုန်းက မြန်မာအသင်းက အာရှမှာအသင်းကောင်းတစ်သင်းပါ။ အခုချိန်မှာလဲ မြန်မာအသင်းရဲ့ ကစားဟန်က တိုက်စစ်လျင်လျင်မြန်မြန်ရှိပြီး မာကြောတောင့်တင်းတဲ့အသင်းပါ။ မနက်ဖြန် မြန်မာအသင်းကို အနိုင်ရမယ်လို့ ယုံကြည်ပါတယ်။ ဒါပေမယ့် မြန်မာအသင်းကို တလေးတစားနဲ့ ယှဉ်ပြိုင်သွား မှာပါ။ မြန်မာအသင်းနဲ့ပွဲပြီးရင် စင်ကာပူအသင်းနဲ့ ထပ်ခြေစမ်းဖို့ ရှိပါတယ်။ မြန်မာ၊ စင်ကာ ပူတို့နဲ့ ခြေစမ်းပွဲတွေက ယူအေအီးအသင်းနဲ့ ကစားရမယ့် အာရှဖလားခြေစစ်ပွဲအတွက် အထောက်အကူ တစ်ခုဖြစ်လာမှာပါ” ဟု ပြောကြား ခဲ့သည်။ မြန်မာလက်ရွေးအသင်းနှင့် မလေးရှားအသင်းတို့သည် စက်တင်ဘာ ၆ ရက် (ယနေ့)ညနေ ၅း၀၀ နာရီတွင် သုဝဏ္ဏကွင်း၌ချစ်ကြည်ရေးခြေစမ်းပွဲကစားမည်ဖြစ်သည်။ မြန်မာ့လက်ရွေးစင် အသင်းနည်းပြ ဦးဆန်းဝင်းက “ဟောင်ကောင်အသင်းနဲ့ ပတ်သက်ပြီး သိပ်မသိပါဘူး။ ဒါပေမယ့် ဟောင်ကောင်အသင်းက အသင်းကောင်းတစ်သင်းပါ။ ဟောင်ကောင် အသင်းကို အနိုင်ရမှ ဖီဖာကမ္ဘာ့အဆင့် တက်မှာပါ။ဒါကြောင့် မနက်ဖြန်ပွဲမှာ ဟောင်ကောင်အသင်းကိုအနိုင်ရဖို့ အကောင်းဆုံးကြိုးစားသွားမှာပါ” ဟုပြောကြားခဲ့သည်။ မြန်မာလက်ရွေးစင်အသင်းသည် စက်တင်ဘာ ၁ ရက်က မြန်မာယူ -၂၃ အသင်းနှင့် ခြေစမ်းခဲ့ပြီး ၃-၀ ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည်။ Post by Mizzima - News in Burmese. Visit website 

http://pktkmk.blogspot.com/?m=1

No comments:

Post a Comment