၂၇ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် မြန်မာနိုင်ငံသည် လာမည့်ဆီးဂိမ်းတွင် ... ၂၇ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် မြန်မာနိုင်ငံသည် လာမည့်ဆီးဂိမ်းတွင် အင်ဒိုနီးရှားဆီးဂိမ်းထက် ကစားသမားနှစ်ဆယ်ကျော် ပိုမိုဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်သည်။ မြန်မာအားကစားအဖွဲ့သည် ပြီးခဲ့သည့် ၂၀၁၁ ခုနှစ် အင်ဒိုနီးရှားနိုင်ငံတွင် ကျင်းပခဲ့သည့် ၂၆ ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် အားကစားနည်း ၂၂ နည်း နှင့် အားကစားသမား စုစုပေါင်း ၄၇၇ ဦး ၀င်ရောက်ယှဉ်ပြိုင်ခဲ့သည်။ သို့သော် အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် ယခုဆီးဂိမ်းတွင် အားကစားနည်း ၃၁ နည်းစလုံး ၀င်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး အားကစားသမားစုစုပေါင်း ၉၀၀ နှင့် ၁၀၀၀ ကြား ၀င်ရောက် ယှဉ်ပြိုင်မည်ဟု သိရသည်။ ဆီးဂိမ်းပြိုင်ပွဲ ကျင်းပရေးတာဝန်ရှိသူတစ်ဦးက “ဆီးဂိမ်းမှာ ကစားသမား ဘယ်လောက် ၀င်ပြိုင်မလဲဆိုတာ အတိအကျတော့ မထွက်သေးပါဘူး။ သေချာတာတစ်ခုက အိမ်ရှင်ဖြစ်တဲ့အတွက် ကစားနည်း အားလုံးကို အင်ပြည့်အားပြည့် ၀င်ပြိုင်မှာပါ။ ကစားသမား စုစုပေါင်း အယောက် ၉၀၀ နဲ့ ၁၀၀၀ ကြားဖြစ်ဖို့ များပါတယ်။ အုပ်ချုပ်နည်းပြကတော့ ခန့်မှန်းခြေ ၄၀၀ လောက်ရှိမှာပါ” ဟု ပြောကြားခဲ့သည်။ ၂၀၁၁ ခုနှစ် အင်ဒိုနီးရှားဆီးဂိမ်းတွင် အိမ်ရှင် အင်ဒိုနီးရှားအသင်းက အားကစားသမား စုစုပေါင်း ၁၀၅၉ ဦးဖြင့် အများဆုံး ၀င်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ထိုင်းအသင်းက အားကစားသမားစုစုပေါင်း ၈၈၂ ဦးဖြင့် ဒုတိယအများဆုံး ၀င်ရောက် ယှဉ်ပြိုင်ခဲ့သည်။ Post by Mizzima - News in Burmese. Visit website http://pktkmk.blogspot.com/?m=1
No comments:
Post a Comment