မြန်မာ-ဘင်္ဂလားဒေ့နယ်စပ်တွင် သြဂုတ်လ(၁၄)ရက်နေ့က စတင်ပြီး မြန်မာနယ်စပ်လုံခြုံရေးတပ်ဖွဲ့နှင့်  ရိုဟင်ဂျာ RSO လက်နက်ကိုင်အဖွဲ့တို့ နှစ်ရက်ကြာ အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း သတင်းများတွင် ဖတ်ရှုခဲ့ရသည်။ ၂၆ ရက်နေ့ကလည်း ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ်နှင့် ဟိုင်းကြီးကျွန်းမြို့နယ်ခွဲအနီးမှာ ဘင်္ဂါလီလူမျိုး ၃၂၇ ယောက်ကို ဖမ်းဆီးရမိကြောင်းကြားရပြန် ပါသည်။ မလေးရှားသို့ အသွား လှေဝမ်းကွဲလို့ ကမ်းကပ်ရသည်ဟုကြားပါသည်။ မည်သို့ပင်ဆိုစေ သတိထားရမည်မှာ အမှန်ပင်ဖြစ်ပေသည်။ နိုင်ငံတကာတွင် ဖြစ်ပွားနေသောတိုက်ပွဲများအား ဆန်းစစ်ကြည့်ပါက အစ္စလာမ်မစ် အစွန်းရောက်အဖွဲ့များကြောင့် ဖြစ်ပွားရသော တိုက်ပွဲ မှာ အခြားတိုက်ပွဲများထက်ပိုမိုများပြားကြောင်း မြင်သာပါသည်။ မည်သည့်လူမျိုး၊ မည်သည့်ဘာသာတွင်မဆို လူကောင်းရှိသလို လူဆိုးလဲရှိမည်ဖြစ်ပါသည်။ သဘောထားဆိုးသလို သဘောထားကောင်းသူလဲ ရှိပါသည်။ ခံယူချက်မှန်သလို ခံယူချက်မှားသူလဲ ရှိနိုင်ပါသည်။ ဘင်္ဂလာနယ်စပ်တွင်ဖြစ်ပွားခဲ့သော ၁၄ ရက်နေ့ တိုက်ပွဲအရ ယင်း ရိုဟင်ဂျာအမည်ခံ ဘင်္ဂါလီအဖွဲ့ အနေဖြင့် မြန်မာနိုင်ငံအား သွေးတိုးစမ်းသည့်သဘော ဖြစ်သည်ဟု သုံးသပ်မှုများလည်းကြားရပါသည်။ ယင်းရိုဟင်ဂျာအမည်ခံ ဘင်္ဂါလီ လက်နက်ကိုင်အဖွဲ့ကို နိုင်ငံတကာရှိ အစ္စလာမ်မစ် အကြမ်းဖက်အဖွဲ့အစည်းများမှ လူအင်အား၊ လက်နက်အင်အား၊ နည်းပညာအကူအညီများ လာရောက် မပေးနိုင်ဟု မည်သူမျှ မပြောနိုင်ပေ။ ထိုသို့ နိုင်ငံတကာ အကြမ်းဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်းမိပြီဆိုပါက မြန်မာနိုင်ငံသည် ခေတ်မီဖွံ့ဖြိုး တိုးတက်၍ စည်းကမ်းပြည့်ဝသော ဒီမိုကရေစီနိုင်ငံ တော်သစ်ဆီသို့ မရောက်မီ လမ်းခုလတ်တွင် ယင်းအဖွဲ့အစည်းများအား ဖြေရှင်းနေရသည်နှင့် ပန်းတိုင်သို့ရောက်ရှိရန် ခက်ခဲသွားနိုင်ပါသည်။ ယင်းအစ္စလာမ်မစ် အစွန်းရောက်အဖွဲ့များ၏အန္တရာယ် မည်မျှကြီးမားသည်ကို ကမ္ဘာပေါ်တွင် အင်အားအကြီးဆုံး စစ်တပ်ပိုင်ရှင်၊ နည်းပညာနှင့် စွမ်းရည်ပြည့်ဝသော ခေတ်မီစစ်တပ်ပိုင်ရှင်၊ ဒီမိုကရေစီဘိုးအေ အမေရိကန်နိုင်ငံတောင် ၎င်းတို့ အကြမ်းဖက်မှုဒဏ်ကို အလူးအလဲ ခံခဲ့ရ၊ ခံနေရကြောင်း တွေ့မြင်နိုင်ပါသည်။ နိုင်ငံတကာတွင်လည်း ယင်းအဖွဲ့အစည်းများ၏ နိုင်ငံ ခွဲထွက်ရေး တိုက်ပွဲများကြောင့် ၎င်းတို့အားလက်ခံခဲ့မိ သောအိမ်ရှင်နိုင်ငံအနေဖြင့် ဒုက္ခပေါင်းစုံ ခံနေကြရပါသည်။ အနီးစပ်ဆုံး အမေရိကန်၏ အထောက့်အပံ့ရရှိပြီး တိုးတက်နေသော ထိုင်းနိုင်ငံ တောင်းပိုင်းတွင် ခွဲထွက်ရေးတိုက်ပွဲများ ဖြစ်ပွားနေပါသည်။ မြန်မာနိုင်ငံကဲ့သို့ ဖွံ့ဖြိုးတိုးတက်စ၊ ပြောင်းလဲကာစ ဒီမိုကရေစီနိုင်ငံ၊ ပြည်တွင်းစစ် မငြိမ်းသေးသော၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် အပြီးသတ် ငြိမ်းချမ်းရေး မဆွေးနွေးနိုင်သေးသော၊ နိုင်ငံရှိ ကိုယ်ကျိုးရှာ ယောင်ခြောက်ဆယ် နိုင်ငံရေးသမား သောင်းခြောက်ထောင် ရှိသော၊ မိမိနိုင်ငံတော်ဘာဖြစ်ဖြစ် မိမိအကျိုးမယုတ်လျော့လျှင်ပြီးရော နိုင်ငံသားမဟုတ်သူများကို နိုင်ငံသားသတ်မှတ်ပေးချင်သော နာမည်ကျော် နိုင်ငံရေးသမားများပေါများသော မြန်မာနိုင်ငံအနေဖြင့် ထို အစ္စလာမ်မစ်အစွန်းရောက်ခွဲထွက်ရေးသမားများ အားရင်ဆိုင်ဖြေရှင်းရမည်ဆိုပါက မည်သို့ဖြစ်မည်ကို မတွေးဝံ့စရာပင်။ ထိုသို့ ယင်း ဘင်္ဂါလီ RSO အဖွဲ့အနေဖြင့် မြန်မာနိုင်ငံ အားအကြမ်းဖက်မှုများပြုလုပ်ပါက မြန်မာနိုင်ငံရှိ လူမျိုးမရွေး၊ ဘာသာမရွေးတို့၏ အသက်အိုးအိမ်စည်းစိမ်များ ဆုံးရှုံးရမည်ဖြစ်ပါသည်။ ၎င်းတို့အကြမ်းဖက်ပါက ဗုဒ္ဓဘာသာ၊ အစ္စလာမ်ဘာသာ၊ ခရစ်ယာန်ဘာသာ စသည်ဖြင့်ခွဲ့ခြားနေမည်မဟုတ်ဘဲ အားလုံးဒုက္ခရောက်ကြမည်မှာ ယုံမှားသံသယမရှိပါ။ ထို့ကြောင်း ဘင်္ဂါလီ RSO အဖွဲ့အား နိုင်ငံတကာရှိ အကြမ်းဖက်အဖွဲ့များနှင့် ပူးပေါင်းခြင်းမရှိခင်၊ လူအင်အား လက်နက်အင်အား နည်းပညာအင်အား ကြီးထွားမလာခင် အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် လျှင်မြန်စွာ ဖြေရှင်းသင့်ပါသည်။ ထို့ကြောင့် ယင်း ဘင်္ဂါလီ အရေးအား အိမ်နီးချင်း ဘင်္ဂလာဒေ့ရှ်နိုင်ငံ၊ ဒေသတွင်းအာဆီယံနိုင်ငံများ၊ နိုင်ငံတကာနှင့် ပူးပေါင်းအဖြေရှာ နှိမ်နင်းဆောင်ရွက် သွားသင့်ပါကြောင်း ယင်းပြဿနာအား ရတက်မအေး ပူပေးနေသော မြန်မာနိုင်ငံသားတစ်ဦးမှ ရေးသားတင်ပြလိုက်ရပေသည်။ Thawdar Soe >>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>> “ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်း၊သုတ၊ရသ၊ဆောင်းပါးများ ပေးပို့လိုပါက >>>hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ နေရပ်လိပ်စာတို၊ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) mrcopy
No comments:
Post a Comment