Wednesday, August 28, 2013

ဆိုင်ကယ်ခိုးမှု(၁၁)မှု မှ တရားခံများအား ဖမ်းဆီးအရေးယူ နေပြည်တော်၊ သြဂုတ် ၂၈

ဆိုင်ကယ်ခိုးမှု(၁၁)မှု မှ တရားခံများအား ဖမ်းဆီးအရေးယူ နေပြည်တော်၊ သြဂုတ် ၂၈ မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး၊ မှုခင်းအကူဌာနစိတ်မှတပ်ဖွဲ့ဝင်များသည် မန္တလေးမြို့တွင်ဖြစ်ပေါ်ခဲ့ သော ဆိုင်ကယ်ခိုးမှုများဖော်ထုတ်နိုင်ရေး သတင်းစုံစမ်းနေစဉ် ပြည်ကြီးတံခွန်မြို့နယ်၊ စက်မှုဇုံ(၁)၊ လမ်း၆၀တွင် နေထိုင်သူ အောင်ကြီး(ခ)အောင်ကိုမင်းသည် ယခင်ကဆိုင်ကယ်ခိုးမှုဖြင့် ပြစ်ဒဏ်ကျခံဖူးသူဖြစ်ပြီး ယခုအချိန်တွင်ဆိုင်ကယ်များအား ကာလပေါက်ဈေးထက်လျော့ကာမကြာခဏရောင်းချနေကြောင်း သတင်းအားအတည်ပြုစုံစမ်းခဲ့ရာမှန်ကန်သဖြင့် ၁၃-၂-၂၀၁၃ရက်နေ့ (၁၅၃၀)အချိန် ပြည်ကြီးတံခွန်မြို့နယ်၊ စက်မှုဇုံ(၂)၊ လမ်း၆၀ အေလမ်းပေါ်တွင်တွေ့ရှိ၍ သက်သေများရှေ့ခေါ်ယူစစ်ဆေးခဲ့ပါသည်။ ထိုသို့စစ်ဆေးခဲ့ရာမှ ဆိုင်ကယ်(၁၁)စီးခိုးယူခဲ့ကြောင်းစစ်ဆေးပေါ်ပေါက် ခဲ့သည်။ အောင်ကြီး(ခ)အောင်ကိုမင်းသည် ၂၀၀၉ခုနှစ်(၉)လပိုင်းခန့်က ပြည်ကြီးတံခွန်မြို့နယ်၊ ဂျပန်ဘုရားအနီး ထက်ကျော်လက်ဖက်ရည်ဆိုင်မှ စူပါကပ်အစိမ်းရောင်ဆိုင်ကယ်(၁)စီးအား ခိုးယူခဲ့သဖြင့် ထောင်ဒဏ်(၁)နှစ်နှင့်(၆)လ ကျခံဖူးကြောင်း၊ အိုးဘိုထောင်တွင် (၇)လခန့်နေပြီး နောင်ချိုမြို့၊ ကျူအင်းရဲဘက်စခန်းပို့ခံခဲ့ရပြီး ၂၀၁၂ခုနှစ်(၇)လ ပိုင်းတွင် ထောင်မှပြန်လည်လွတ်မြောက်လာကြောင်း၊ ထောင်မှလွတ်ပြီးနောက် အောင်သန်းထွန်း(ခ)အကြင်နာ ၂၄နှစ်၊ တမုတ်စိုးရွာ၊ အမရပူရမြို့နေသူနှင့်ခင်မင်ရင်းနှီးခဲ့ပြီး ၄င်းလာရောက်ရောင်းချသည့်ဆိုင်ကယ်များအား ၀ယ်ယူ၍ မြင်းခြံမြို့နေ အောင်မျိုးသူ(ခ)မျိုးသူ၊ ၂၁နှစ်၊ အိုင်မကျေးရွာ၊ မြင်းခြံမြို့နေသူထံတစ်ဆင့် ပြန်လည်ရောင်းချကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်။ ၄င်းတို့(၃)ဦးမှာ အောက်ပါဆိုင်ကယ်ခိုးမှု(၁၁)မှုကျူးလွန်ခဲ့ကြောင်းပေါ်ပေါက်ခဲ့သည် - ၁။အောင်သန်းထွန်း(ခ)အကြင်နာသည် နေ့ရက်မမှတ်မိလွန်ခဲ့သော ၂၀၁၂ ဒီဇင်ဘာလခန့်က မဟာအောင်မြေ မြို့နယ်၊ လမ်း ၈၀၊ ၃၅x၃၆လမ်းကြား လမ်းဘေးတွင်ရပ်ထားသောတရုတ်နိုင်ငံလုပ် NEW ANBO 125 အနက်ရောင် ဆိုင်ကယ်(၁)စီးအားခိုးယူခဲ့ပြီး အောင်ကိုမင်း(ခ)အောင်ကြီးထံ ၁၈၀၀၀၀ိ/-ဖြင့်ရောင်းချခဲ့ကြောင်း၊ အောင်ကိုမင်း (ခ)အောင်ကြီးမှ အဆိုပါဆိုင်ကယ်အား မြင်းခြံမြို့နေ အောင်မျိုးသူ(ခ)မျိုးသူထံ ၂၃၀၀၀၀ိ/-ဖြင့် ပြန်လည်ရောင်းချ ထားကြောင်း၊ အောင်မျိုးသူ(ခ)မျိုးသူမှတဆင့် ဦးညွန့်ဝင်းထံ ငွေ ၂၆၅၀၀၀ိ/-ဖြင့်ထပ်မံရောင်းချခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သဖြင့် အမှတ်(၉)နယ်မြေရဲစခန်း(ပ)၁၁၃/၂၀၁၃ ပြစ်မှုပုဒ်မ ၃၇၉/၅၄ အမှုအားကျူးလွန် ကြောင်းစစ်ဆေးပေါ်ပေါက်သည်။ ၂။အောင်သန်းထွန်း(ခ)အကြင်နာသည် လွန်ခဲ့သော ၂၀၁၃ ဇန်န၀ါရီလခန့်က နေ့အချိန် မဟာအောင်မြေမြို့ နယ်၊ မန်းမြို့ဈေးအရှေ့ပေါက်လမ်းပေါ်တွင်ရပ်ထားသော တရုတ်နိုင်ငံလုပ် KNBO 125 အမျိုးအစား CZI နီနက် ရောင်ဆိုင်ကယ်(၁)စီးအားခိုးယူပြီး အောင်ကိုမင်း(ခ)အောင်ကြီးထံ ၂၈၀၀၀၀ိ/-ဖြင့်ရောင်းချခဲ့ကြောင်း၊ အောင်ကိုမင်း (ခ)အောင်ကြီးမှတဆင့်အဆိုပါဆိုင်ကယ်အား မြင်းခြံမြို့နေ အောင်မျိုးသူ(ခ)မျိုးသူထံ ၃၀၀၀၀၀ိ/-ဖြင့် ပြန်လည်ရောင်း ချထားကြောင်း၊ အောင်မျိုးသူ(ခ)မျိုးသူမှတဆင့် ဦးဖိုးသိန်းထံ ငွေ ၃၇၀၀၀၀ိ/-ဖြင့်ထပ်မံရောင်းချခဲ့ကြောင်း စစ်ဆေး ပေါ်ပေါက်ခဲ့သဖြင့် အမှတ်(၉)နယ်မြေရဲစခန်း(ပ)၁၁၄/၂၀၁၃ ပြစ်မှုပုဒ်မ ၃၇၉/၅၄အမှုအားကျူးလွန် ကြောင်းစစ်ဆေးပေါ်ပေါက်သည်။ ၃။အောင်သန်းထွန်း(ခ)အကြင်နာသည် လွန်ခဲ့သော ဇန်န၀ါရီလခန့်က နေ့အချိန် မဟာအောင်မြေမြို့နယ်၊ ၆၉လမ်း၊ ၃၅x၃၆လမ်းကြား လမ်းဘေးရပ်ထားသော တရုတ်နိုင်ငံလုပ် ANBO 110 WAVE အဖြူရောင်ဆိုင်ကယ် (၁)စီးအားခိုးယူခဲ့ပြီး အောင်ကိုမင်း(ခ)အောင်ကြီးထံ ၂၅၀၀၀၀ိ/-ဖြင့်ရောင်းချခဲ့ကြောင်း၊ အောင်ကိုမင်း(ခ)အောင်ကြီး မှ အဆိုပါဆိုင်ကယ်အား (၁)လခန့်စီးနင်းအသုံးပြုပြီးနောက် ၁၃-၂-၂၀၁၃ရက်နေ့တွင် မြင်းခြံမြို့နေသူ အောင်မျိုးသူ (ခ)မျိုးသူထံ ၂၀၀၀၀၀ိ/-ဖြင့်ပြန်လည်ရောင်းချထားကြောင်းစစ်ဆေးပေါ်ပေါက်ခဲ့သဖြင့် အမှတ်(၉)နယ်မြေရဲစခန်း (ပ)၁၁၅/၂၀၁၃ ပြစ်မှုပုဒ်မ ၃၇၉/၅၄ အမှုအားကျူးလွန် ကြောင်းစစ်ဆေးပေါ်ပေါက်သည်။ ၄။အောင်သန်းထွန်း(ခ)အကြင်နာသည် လွန်ခဲ့သော ၂၀၁၃ ဇန်န၀ါရီလခန့် ကနေ့အချိန် မဟာအောင်မြေ မြို့နယ်၊ လမ်း ၆၀၊ ပြည်ကြီးမျက်ရှင်ကားကြီးဝင်းအနီး လမ်းဘေးတွင်ရပ်ထားသော တရုတ်နိုင်ငံလုပ် PINBO အမျိုးအစား အနက်ရောင်ဆိုင်ကယ်(၁)စီးအားခိုးယူခဲ့ပြီး အောင်ကိုမင်း(ခ)အောင်ကြီးထံ ၁၈၀၀၀၀ိ/-ဖြင့် ရောင်းချခဲ့ကြောင်း၊ အောင်ကိုမင်း(ခ)အောင်ကြီးမှ အဆိုပါဆိုင်ကယ်အား မြင်းခြံမြို့နေ သက်နောင်ဆိုသူထံ ၂၂၀၀၀၀ိ/-ဖြင့်ထပ်မံရောင်းချခဲ့သဖြင့် အမှတ်(၉)နယ်မြေရဲစခန်း(ပ)၁၁၆/၂၀၁၃ ပြစ်မှု ပုဒ်မ ၃၇၉/၅၄ အမှုအားကျူးလွန်ခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်သည်။ ၅။အောင်သန်းထွန်း(ခ)အကြင်နာသည် လွန်ခဲ့သော (၂၀)ရက်ခန့်ညအချိန် မဟာအောင်မြေမြို့နယ်၊ မဟာ မြတ်မုနိဘုရားကြီးဈေးလမ်းမြောက်ဘက်တွင် ရပ်ထားသော တရုတ်နိုင်ငံလုပ် ZONGSHEN 110 အမျိုးအစား အနက်ရောင်ဆိုင်ကယ်(၁)စီးအားခိုးယူခဲ့ပြီး အောင်ကိုမင်း(ခ)အောင်ကြီးထံ ၂၆၀၀၀၀ိ/-ဖြင့်ရောင်းချခဲ့ကြောင်း၊ အောင်ကိုမင်း(ခ)အောင်ကြီးမှ အဆိုပါဆိုင်ကယ်အား မြင်းခြံမြို့နေ အောင်မျိုးသူ(ခ)မျိုးသူထံ ၂၈၀၀၀၀ိ/-ဖြင့် ပြန်လည် ရောင်းချထားကြောင်း၊ အောင်မျိုးသူ(ခ)မျိုးသူမှတဆင့် ဦးကံချွန်ထံ ငွေ ၄၁၀၀၀၀ိ/-ဖြင့်ထပ်မံရောင်းချခဲ့ကြောင်း သဖြင့် အမှတ်(၉)နယ်မြေရဲစခန်း(ပ)၁၁၉/၂၀၁၃ ပြစ်မှုပုဒ်မ ၃၇၉/၅၄ အမှုအားကျူးလွန်ခဲ့ကြောင်း စစ်ဆေး ပေါ်ပေါက်သည်။ ၆။အောင်သန်းထွန်း(ခ)အကြင်နာသည် လွန်ခဲ့သော (၂၀)ရက်ခန့် နံနက်(၈)နာရီအချိန်ခန့် ပြည်ကြီးတံခွန် မြို့နယ်၊ (စ)ဈေးအရှေ့ပေါက်တွင်ရပ်ထားသော တရုတ်နိုင်ငံလုပ် ZOUNGSHEN 110 အမျိုးအစားဆိုင်ကလုန်း အနက်ရောင်ဆိုင်ကယ်(၁)စီးအား ခိုးယူခဲ့ပြီး အောင်မျိုးသူ(ခ)မျိုးသူထံ ၂၀၀၀၀၀ိ/-ဖြင့်ရောင်းချခဲ့ကြောင်း၊ အောင်မျိုးသူ (ခ)မျိုးသူမှ အဆိုပါဆိုင်ကယ်အား မြင်းခြံမြို့နေ ပြည့်ဖြိုးအောင်ဆိုသူထံ ငွေ၃၅၀၀၀၀ိ/-ဖြင့် ထပ်မံရောင်းချခဲ့ဖြင့် ပြည်ကြီးတံခွန်မြို့မရဲစခန်း (ပ)၇၇/၂၀၁၃ ပြစ်မှုပုဒ်မ ၃၇၉/၅၄ အမှုအားကျူးလွန်ခဲ့ကြောင်း စစ်ဆေးပေါ်ပေါက် သည်။ ၇။အောင်သန်းထွန်း(ခ)အကြင်နာသည် လွန်ခဲ့သော(၁၅)ရက်ခန့် နေ့အချိန် မဟာအောင်မြေမြို့နယ်၊ ၇၃လမ်း ၃၇x၃၈လမ်းကြား လမ်းပေါ်တွင်ရပ်ထားသော တရုတ်နိုင်ငံလုပ် KENBO 125 အနက်ရောင်ဆိုင်ကယ်(၁)စီးအား ခိုးယူခဲ့ပြီး အောင်ကိုမင်း(ခ)အောင်ကြီးထံ ၂၄၅၀၀၀ိ/-ဖြင့်ရောင်းချခဲ့ကြောင်း၊ အောင်ကိုမင်း(ခ)အောင်ကြီးမှ အဆိုပါ ဆိုင်ကယ်အား မြင်းခြံမြို့နေ အောင်မျိုးသူ(ခ)မျိုးသူထံ ၂၇၀၀၀၀ိ/-ဖြင့်ပြန်လည်ရောင်းချခဲ့ကြောင်း၊ အောင်မျိုးသူ(ခ) မျိုးသူမှတဆင့် ဇေယျာအောင်ထံ ၄၁၀၀၀၀ိ/-ဖြင့်ထပ်မံရောင်းချခဲ့သဖြင့် အမှတ်(၉) နယ်မြေရဲစခန်း(ပ)၁၂၂/၂၀၁၃ ပြစ်မှုပုဒ်မ ၃၇၉/၅၄ အမှုအားကျူးလွန်ခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်သည်။ ၈။အောင်သန်းထွန်း(ခ)အကြင်နာသည် လွန်ခဲ့သော(၁၅)ရက်ခန့်နေ့အချိန် မဟာအောင်မြေမြို့နယ်၊ ၃၇x၃၈ လမ်းကြား၊ မန်းမြို့ဈေးအနောက်ပေါက်လမ်းဘေးတွင်ရပ်ထားသော တရုတ်နိုင်ငံလုပ် ZONGSHEN 110 အမျိုး အစား ဆိုင်ကလုန်းအနက်ရောင်ဆိုင်ကယ်(၁)စီးအားခိုးယူခဲ့ပြီး အောင်ကိုမင်း(ခ)အောင်ကြီးထံ ၂၄၅၀၀၀ိ/-ဖြင့် ရောင်းချခဲ့ကြောင်း၊ အောင်ကိုမင်း(ခ)အောင်ကြီးမှအဆိုပါဆိုင်ကယ်အား မြင်းခြံမြို့နေ အောင်မျိုးသူ(ခ)မျိုးသူထံ ၂၇၅၀၀၀ိ/-ဖြင့်ပြန်လည်ရောင်းချထားကြောင်း၊ အောင်မျိုးသူ(ခ)မျိုးသူမှတဆင့် သက်နောင်ထံ ၄၀၀၀၀၀ိ/-ဖြင့် ထပ်မံရောင်းချခဲ့သဖြင့် အမှတ်(၉)နယ်မြေရဲစခန်း(ပ)၁၂၂/၂၀၁၃ ပြစ်မှုပုဒ်မ ၃၇၉/၅၄ အမှုအားကျူးလွန်ခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်သည်။ ၉။အောင်သန်းထွန်း(ခ)အကြင်နာသည် လွန်ခဲ့သော (၂)ပတ်ခန့် ည(၉)နာရီအချိန်ခန့် ချမ်းမြသာစည်မြို့နယ်၊ ၆၂လမ်း၊ မနော်ဟရီလမ်းနှင့်ခိုင်ရွှေဝါလမ်းကြားရှိ ကင်းတိုးဆိုင်ရှေ့လမ်းဘေးတွင်ရပ်ထားသော တရုတ်နိုင်ငံလုပ် YINXIANG 125 အမျိုးအစား CZI ခဲ+နက်ရောင်ဆိုင်ကယ်(၁)စီးအားခိုးယူခဲ့ပြီး အောင်ကိုမင်း(ခ)အောင်ကြီးထံ ၂၄၀၀၀၀ိ/-ဖြင့်ရောင်းချခဲ့ကြောင်း၊ အောင်ကိုမင်း(ခ)အောင်ကြီးမှ အဆိုပါဆိုင်ကယ်အား မြင်းခြံမြို့နေ အောင်မျိုးသူ (ခ)မျိုးသူထံ ၂၇၅၀၀၀ိ/-ဖြင့်ပြန်လည်ရောင်းချခဲ့ပြီး အောင်မျိုးသူ(ခ)မျိုးသူမှတဆင့် ချစ်စမ်းမောင်ထံ ၃၀၀၀၀၀ိ/- ဖြင့် ထပ်မံရောင်းချခဲ့သဖြင့် အမှတ်(၁၁)မြို့မရဲစခန်း(ပ)၁၃၉/၂၀၁၃ ပြစ်မှုပုဒ်မ ၃၇၉/၅၄ အမှုအားကျူးလွန်ခဲ့ကြောင်း စစ်ဆေး ပေါ်ပေါက်သည်။ ၁၀။အောင်သန်းထွန်း(ခ)အကြင်နာသည် လွန်ခဲ့သော(၁၀)ရက်ခန့်ညအချိန် မဟာအောင်မြေမြို့နယ်၊ ၆၂လမ်း၊ မနော်ရမ်္မံဥယျာဉ်ကစားကွင်းအနီးလမ်းဘေးတွင်ရပ်ထားသော တရုတ်နိုင်ငံလုပ် KANBO 125 အမျိုးအစား CZI နီ+နက်ရောင်ဆိုင်ကယ်(၁)စီးအားခိုးယူခဲ့ပြီး ကျော်ဝင်းသန်းထံ ၁၀၀၀၀၀ိ/-ဖြင့်ပေါင်နှံထားရှိကြောင်း၊ ကျော်ဝင်းသန်း မှတဆင့် ကျော်မင်းထွန်းထံ ၂၂၀၀၀၀ိ/-ဖြင့်ရောင်းချထားကြောင်း၊ ကျော်မင်းထွန်းမှတဆင့်ဒေါ်ပိုပိုထံ ၂၈၀၀၀၀ိ/- ဖြင့်ထပ်မံရောင်းချထားသဖြင့် အမှတ်(၉)နယ်မြေရဲစခန်း(ပ)၁၂၃/၂၀၁၃ ပြစ်မှုပုဒ်မ ၃၇၉/၅၄ အမှုအား ကျူးလွန်ခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်သည်။ ၁၁။အောင်သန်းထွန်း(ခ)အကြင်နာသည် လွန်ခဲ့သော (၁)ပတ်ခန့်နေ့အချိန် မဟာအောင်မြေမြို့နယ်၊ ဘုရားကြီး ဈေး၊ ၄၁x၄၂လမ်းကြား၊ ၈၂x၈၄လမ်းကြားရှိ ကုန်စုံဆိုင်ရှေ့တွင် ရပ်ထားသော တရုတ်နိုင်ငံလုပ် TURBO STAR အမျိုးအစား CZI ခဲ+နက်ရောင်ဆိုင်ကယ်(၁)စီးအားခိုးယူခဲ့ပြီး အောင်ကိုမင်း(ခ)အောင်ကြီးထံ ၂၄၀၀၀၀ိ/- ဖြင့်ရောင်းချခဲ့ကြောင်း၊ အောင်ကိုမင်း(ခ)အောင်ကြီးမှ အဆိုပါဆိုင်ကယ်အား မြင်းခြံမြို့နေ သက်နောင်ထံ ၂၉၀၀၀၀ိ/- ဖြင့်ထပ်မံရောင်းချခဲ့ကြောင်းပေါ်ပေါက်ခဲ့သဖြင့် အမှတ်(၉)နယ်မြေရဲစခန်း(ပ)၁၂၄/၂၀၁၃ ပြစ်မှုပုဒ်မ ၃၇၉/၅၄ အမှုအားကျူးလွန်ခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်သည်။

http://www.pktsgg.blogspot.com/ feeds/posts/default

No comments:

Post a Comment