Wednesday, August 28, 2013

မိတ်ဆွေတွေကို ရန်သူဖြစ်အောင် မလုပ်ကြဖို့ …

အယ်ဒီတာ့လက်ရေး (၂၇) မိတ်ဆွေတွေကို ရန်သူဖြစ်အောင် မလုပ်ကြဖို့ … မောင်ရစ်၊ သြဂုတ် ၂၈၊ ၂၀၁၃ ဆရာကြီး ဒဂုန်တာရာ သြဂုတ်လမှ ကွယ်လွန်တယ်။ သူ့မှာတမ်းထဲက တခုကတော့ “ရန်သူကို မိတ်ဆွေဖြစ်အောင် လုပ်ကြဖို့”  ဖြစ်ပါတယ်။ သြဂုတ်လဟာ အမှတ်တရတွေ ၀မ်းနည်းပူဆွေးမှုတွေ၊ အလေးညွတ်ရတဲ့ သူရဲကောင်းတွေ၊ အရေးတော်ပုံတပ်သားတွေရဲ့ စွန့်လွှတ်မှု၊ အနစ်နာခံမှု၊ ပေးဆပ်မှုတွေကို ဂုဏ်ပြုအောက်မေ့ရတဲ့ သြဂုတ်လအဖြစ် မော်ကွန်းထိုးခဲ့ရပါတယ်။ ဆရာကြီးကွယ်လွန်သွားတော့ ဆရာကြီးမှာကြားခဲ့တဲ့ “နိုင်ငံရေးမှာ ရန်သူကို မိတ်ဆွေ ဖြစ်အောင်လုပ်ကြ …” ဆိုတဲ့ စကားကို နှောင်းလူတွေက လက်ဆက်ကမ်းသယ်ဆောင် ဖောက်လုပ်ရမယ့် သြ၀ါဒလမ်းစဉ်ပဲလေလားလို့ တွေးနေမိတယ်။ လက်တွေ့မှာတော့ ကျနော်တို့တတွေအချင်းချင်းကြားထဲမှာ လက်ခုတ်သံ တဖြောင်းဖြောင်းထက် လက်ခမောင်း ခတ်သံတွေ တဖောင်းတဖောင်းတွေက များလွန်လွန်းလို့ “မိတ်ဆွေတွေကို ရန်သူဖြစ်အောင် မလုပ်ကြနဲ့” ဆိုပြီး “ဒဂုံမောင်ရစ်” ကနေ စာပေလွှာ ပါးရမလို ဖြစ်နေပြီ ထင်ပါရဲ့။ မည်သို့ပင် ဖြစ်စေကာမူ … အရေးတော်ပုံငွေရတု အခမ်းအနားကြီးလည်း ပြီးသွားပါပြီ။ လူပုဂ္ဂိုလ်အသီးသီး၊ အဖွဲ့အစည်းအစုံစုံ တက်ရောက်ကြလို့ ရှေ့ဆက်ရမယ့် သဘောထားလုပ်ငန်းစဉ်တွေ ဘာတွေလည်း ချမှတ်ကြေညာခဲ့နိုင်ပါပြီ။ ရန်ကုန်မှာသာမက မန္တလေးနဲ့တကွ မြန်မာနိုင်ငံတလွှား၊ ပြည်ပအနှံ့အပြားမှာ ၈လေးလုံး အထိမ်းအမှတ်များစွာလည်း အောင်မြင်စွာ လက်ချင်းချိတ်လို့ ကျင်းပနိုင်ခဲ့ကြပါပြီ။ ဒါ့အပြင် လမ်းမတွေပေါ်မှာ လက်ပံတောင်းဒေသအပါအ၀င် အလုပ်သမား လယ်သမားတွေရဲ့ သပိတ်တိုက်ပွဲ မျက်နှာစာတွေမှာလည်း ၈လေးလုံး အရေးတော်ပုံ စိတ်ဓာတ်နဲ့ ခွပ်ဒေါင်းအလံတော်ကို အမြင့်မားဆုံး လွှင့်ထူပြီးတော့ မပြီးသေးသော အရေးတော်ပုံခရီးရှည်ရဲ့ မှတ်တိုင်တွေ စိုက်ထူပြသနိုင်ခဲ့ပါပြီ။ သြဂုတ်လ မိုးရေစက်တွေအောက်မှာ ကျဆုံးသွားခဲ့ကြတဲ့ ပြည်သူတွေအတွက် အောက်မေ့ ဂုဏ်ယူမှုတွေ ပြသခဲ့ကြသလို ဒီနှစ်သြဂုတ်လမှာ ကွယ်လွန်ဆုံးရှုံးလိုက်ရတဲ့ မြန်မာစာပေနဲ့ နိုင်ငံရေးစာမျက်နှာရဲ့ သောက်ရှူးကြယ်ကြီးဖြစ်တဲ့ ဆရာကြီး ဒဂုန်တာရာနဲ့တကွ စာရေးဆရာ အနုပညာသယ်များကိုလည်း ဈာပနအခမ်းအနားများနဲ့ ခွဲခွာနှုတ်ဆက်ခြင်းများ ပြုလုပ်ခဲ့ကြရပါပြီ။ သည်တော့ သည်အချိန်ကာလသာမယမှာ ကျနော်တို့ မိတ်ဆွေတွေ အချင်းချင်းကြားမှာ မသေကောင်း မပျောက်ကောင်း ကျန်ရစ်ခဲ့ကြသူတွေကြားမှာ၊ အရေးတော်ပုံစိတ်ဓာတ်ကို လက်ဆင့်ကမ်းသယ်ဆောင်ဖို့ အားသစ်ခွန်သစ်နဲ့ လက်တွဲချိတ်ဆက်လာတဲ့ ခွပ်ဒေါင်းသွေးသစ်လောင်းလာတဲ့ မျိုးဆက်သစ်တွေ ကြားထဲမှာ ရန်စကား၊ ရန်သူစကားတွေ မပြောကြပါနဲ့လား။ ငြိမ်းချမ်းစွာ၊ လွတ်လပ်စွာ၊ အကြမ်းဖက် ရန်လိုချင်း ကင်းစွာနဲ့ သဘောထားကွဲကြဖို့၊ စိတ်ကူးလမ်းစဉ် မတူတာ တူတာတွေ ပွင့်လင်းစွာ ထုတ်ပြန်လို့ မိတ်ဆွေတွေပီပီ တူတာ တွဲလုပ်၊ မတူတာကို နားလည်မှုပေးထားဖို့ မလိုအပ်ပါလား ခင်ဗျားလို့ ရွှေနားတော် သွင်းလိုက်ချင်ပါရဲ့။ ရန်သူတွေ မိတ်ဆွေဖြစ်ဖို့ နေနေသာသာ၊ မိတ်ဆွေတွေ ရန်သူဖြစ်ကုန်တာကတော့ ‘ကိုယ်တွေ့ဟေ့ ငါ့ ကိုယ်တွေ့” လို့ မောင်ရစ်ကိုယ်တိုင် ၀န်ခံပါရဲ့။ အနှစ်အစိတ်လုံးလုံး ခံယူချက်တွေ၊ ယုံကြည်ချက်တွေကို ပတ်ဝန်းကျင်က စိန်ခေါ်မှုကျောက်ပြင်ပေါ် တင်တင်ပြီး အသွေးခံခဲ့ရတာ လိမ်းကျံစရာ ရနံသင်းတဲ့ သနပ်ခါးမဖြစ်ဘဲ ကိုယ်တိုင်က လုံးပါးပါးပြီး ရွာပြင်ထွက်နေရတဲ့ အဖြစ်တွေ၊ သင်ခန်းစာတွေက များလွန်းလှသကိုး မင်းကြီးများ လို့ပဲ ညီးရမလို ဖြစ်နေလို့ပါ။ ဟော … လာပြန်ပြီ ပွဲတပွဲ ဆိုလို့ ဗေထိ ဆိုတာနဲ့ မောင်ရစ်တို့ ဗမာတွေက ဟက်တက်ကြီး […]

http://www.pktsgg.blogspot.com/ feeds/posts/default

No comments:

Post a Comment