အလုပ်သမား မှတ်ပုံတင်ကတ် အွန်လိုင်းမှ ထုတ်ပေးရန် စီစဉ် မန္တလေး၊ သြဂုတ် ၂၇ အလုပ်သမား မှတ်ပုံတင် ကတ်များနှင့် အလုပ်အကိုင် လျှောက်ထားခြင်းကို ယခုနှစ်အတွင်း အွန်လိုင်းမှ တစ်ဆင့် လုပ်ဆောင်နိုင်ရန် စီစဉ်လျက် ရှိကြောင်း မန္တလေးတိုင်းဒေသကြီး အလုပ်သမား ညွှန်ကြားမှု ဦးစီးဌာန တာဝန်ရှိသူထံမှ သိရသည်။ ပြည်တွင်း အလုပ်အကိုင် တိုးတက်စေရန် အရွယ်ရောက်သူ၊ အလုပ် လုပ်ကိုင်နိုင်သူတိုင်း သင့်လျော် ကောင်းမွန်သော အလုပ် ရစေရန်နှင့် မူလ အလုပ်အကိုင်များအပြင် အလုပ်သစ်များ ရရှိစေရန်၊ ကျွမ်းကျင် လုပ်သား များ ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ အွန်လိုင်းမှ အလုပ်အကိုင် ရှာဖွေနိုင်စေရန် ရည်ရွယ်ခြင်း ဖြစ်ကြောင်း မန္တလေးမြို့တော်တွင် သြဂုတ်လ ၂၃ ရက်နေ့က ကျင်းပခဲ့သော အလုပ်အကိုင်နှင့် အခွင့်အလမ်း ရှာဖွေပွဲတွင် အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးအေးမြင့်က ပြောကြားသည်။ အဆိုပါ Labour exchange management system (LEO system) ပြင်ဆင်နေသည်မှာ တစ်နှစ်ကျော်ခန့် ရှိပြီ ဖြစ်ပြီး ယခုနှစ်ကုန်ပိုင်း တွင် အင်တာနက်မှတစ်ဆင့် အလုပ်သမားများ အနေနှင့် အလုပ်သမား ကတ်များ ပြုလုပ်ခြင်း၊ အလုပ် လျှောက်ထားခြင်းများကို Website မှ တစ်ဆင့် ဆောင်ရွက်နိုင်တော့မည် ဖြစ်ကြောင်း အဆိုပါရုံး တာဝန်ရှိသူထံမှ သိရသည်။ “မန္တလေးတိုင်းဒေသကြီး အလုပ်သမား ရုံးတွေ အားလုံးက အချက်အလက်တွေ အကုန် ရောက်ရှိနေ ပါပြီ။ အချက်အလက်တွေ အားလုံးကို ရုံးချုပ်ကို ပို့ဆောင်ပေးဖို့ပဲ ကျန်ပါတော့တယ်။ လိုအပ်တဲ့ အချက်အလက်တွေကို အင်တာနက် ဝက်ဘ်ဆိုက် ရေးဆွဲတဲ့အခါ ထည့်သွင်းသွားမယ်” ဟု ၎င်းက ဆိုသည်။ မန္တလေးတိုင်းဒေသကြီး အလုပ်သမား ညွှန်ကြားမှု ဦးစီးဌာနတွင် အလုပ်အကိုင် ရှာဖွေရေး ရုံးများ ဖွင့်လှစ်ထားပြီး အလုပ်သမားများကို အလုပ်သမားကတ် ပြုလုပ်ပေးခြင်းနှင့် အလုပ်အကိုင် ရှာဖွေပေးရေးတို့ကို လုပ်ဆောင်ပေးလျက် ရှိကာ အလုပ်သမားများ အနေနှင့်လည်း အလုပ်သမား ညွှန်ကြားမှု ဦးစီးဌာန တိုင်းဒေသကြီး ရုံးတွင် အလုပ်သမားကတ် လုပ်ဆောင် ရန်သာ မဟုတ်ဘဲ အလုပ်အကိုင် ရရှိရန်အတွက် လျှောက်ထားနိုင်ကြောင်း အဆိုပါ တာဝန်ရှိသူက ထပ်မံ ပြောကြားသည်။ မန္တလေးမြို့တော်တွင် သြဂုတ်လ ၂၃ နှင့် ၂၄ ရက်နေ့က ကျင်းပခဲ့သော အလုပ်အကိုင်နှင့် အခွင့်အလမ်း ရှာဖွေပွဲတွင် အလုပ် လာရောက် လျှောက် ထားသူ ၁၉၁၃ ဦးမှ အလုပ် ရရှိသွားသူ ၈၉၉ ဦးအထိ ရှိခဲ့ကြောင်း အဆိုပါ ပွဲအရ သိရသည်။ အေးချမ်းမွန် Credit To > The Voice Weekly < Thanks Re-posted By ACM 28-8-2013 https://www.facebook.com/excellencemedia mrcopy
No comments:
Post a Comment