myamar
Saturday, June 14, 2014
Wednesday, June 4, 2014
ပဲခူးတိုင်း ဆင်မြီးဆွဲမြို့ ကြို့ကုန်းကျေးရွာမှာ တနင်္လာ ညနေပိုင်းက ကိုအောင်ဇော်မင်း လို့ အမည်ရတဲ့ အသက်(၃၈) နှစ် အရွယ် ကျွဲကျောင်းသားတဦး မိုးကြိုးဒဏ်ခံရပြီး သေဆုံးသွားပါတယ်။
~
ပဲခူးတိုင်း ဆင်မြီးဆွဲမြို့ ကြို့ကုန်းကျေးရွာမှာ တနင်္လာ ညနေပိုင်းက ကိုအောင်ဇော်မင်း လို့ အမည်ရတဲ့ အသက်(၃၈) နှစ် အရွယ် ကျွဲကျောင်းသားတဦး မိုးကြိုးဒဏ်ခံရပြီး သေဆုံးသွားပါတယ်။
ရွာအပြင်ဘက် လယ်ကွင်းထဲ ကျွဲကျောင်းနေတုန်း အဲဒီလို ဖြစ်ခဲ့တဲ့အကြောင်း သူနဲ့ နာမည်ဆင်တူတဲ့ သူ့ သူငယ်ချင်း ကိုဇော်မင်းက ရှင်းပြပါတယ်။
“ ကျနော်က အရှေ့ချောင်းနား ခဏ သွားနေတုန်း မိုးကြိုးပစ်သံကြားလိုက်တယ်။
နောက်ပြန်လှည့်ကြည့်လိုက်တော့ ဒီကောင် မရှိတော့ဘူး။ ...
ချုံထဲများ ပုန်းနေသလားဆိုပြီး လိုက်ရှာတော့ ချုံအစပ်မှာ သေနေတာမြင်ရတာပဲ။
သေချာကြည့်လိုက်တော့ မိုးကြိုးပစ်ခံရတယ်ဆိုတာ သိလိုက်ရတာ”
အဲဒီနောက်မှာတော့ သူငယ်ချင်းဖြစ်သူရဲ့အခြေအနေနဲ့ ပတ်သက်ပြီး ရွာကို အကြောင်းကြား၊ ရဲကို လှမ်းခေါ်လိုက်တာပဲလို့ သူက ရှင်းပြပါတယ်။
ရုပ်အလောင်းကို အဲဒီနေရာကနေ ဒေသခံ နာရေးအသင်းရဲ့ ထော်လာဂျီနဲ့ သယ်သွားတာ တွေ့ခဲ့ရပါတယ်။
ဆင်မြီးဆွဲရဲစခန်း တာဝန်ရှိသူတဦးကတော့ ... ကျွဲကျောင်းနေတုန်း မိုးကြိုးပစ်ခံရပြီး သေဆုံးတာဖြစ်ပေမယ့်လည်း လုပ်ထုံးလုပ်နည်းအရ ဒီအမှုကို စစ်ဆေးနေတယ်လို့ ဧရာဝတီကို ပြောပါတယ်။
အမှုတွဲအမှတ် ပ/ ၃/ ၂ဝ၁၄ ဖြစ်ပါတယ်။
ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်မဟုတ် သိရဖို့ ဆင်မြီးဆွဲမြို့ဆေးရုံကို ပို့ဆောင်စစ်ဆေးထားတယ်လို့ သူက ပြောပြပါတယ်။ ဆင်မြီးဆွဲက ပြည်မြို့အနီး တည်ရှိတဲ့ မြို့လေးတမြို့ဖြစ်ပါတယ်။
ကောင်းမြတ်မင်း .
ဧရာဝတီ Facebook / ဧရာဝတီ Twitter
မြန်မာအစိုးရ၏ System & Structure စနစ်နှင့်အကောင်ထည်ဖေါ်ခြင်း
မြန်မာအစိုးရ၏ System & Structure စနစ်နှင့်အကောင်ထည်ဖေါ်ခြင်း (အခြေခံဥပဒေ) ဇာနီကြီး ဇွန် ၄၊ ၂၀၁၄ ကာတွန်း – လမင်း (လေးထောင့်ကန်) ကျွန်တော်ကတော့ လူသားအရင်းမြစ် အခြေခံသမားဖြစ်လို့ စနစ်နဲ့အကောင်ထည်ဖေါ်မှု ဒီ ၂ ခုကို အသေးစိတ်မရေးတော့ပါဘူး။ လူတော် လူကောင်းအများစု ဦးဆောင်တယ်ဆိုရင် နိုင်ငံတိုးတက်ပါမယ်..လို့ခံယူပါတယ်။ တစ်ချိုက လူကိုမပြောပဲ စနစ်ကိုတိုက်ခိုက်ပြီး စည်းရုံးရေးလုပ်သင့်တယ် ပြောကြပါတယ်။ သေချာတာကတော့ အာဏာရထားပြီးရင် တွန်းမချမချင်း ထိုင်ခုံကမဆင်းကြပါဘူး။ တွန်းချဖို့နည်းလမ်းကတော့ ပြည်သူလူထု အင်အားပဲဖြစ်ပါတယ်။ စနစ်တစ်ခုကို တည်ထောင်ချင်ရင် အခြေခံအဆောက်အဦကို အရင်ပျိုးထောင် (အကောင်ထည်ဖေါ်ခြင်း) လုပ်ရပါတယ်။ စနစ် System ကတော့ သီအိုရီဆန်ပါတယ်။ အကောင်ထည်ဖေါ်မှု Structure ကတော့ လက်တွေ့လုပ်ဆောင်မှုဖြစ်ပါတယ်။ လက်ရှိမြန်မာနိုင်ငံဖွဲ့စည်းပုံဥပဒေဟာ ပြည်နယ်/တိုင်း ဒေသအစိုးရကို အာဏာလုံးဝနီးပါး ပေးမထားပါဘူး။ ဗဟိုဦးစီးစနစ်နဲ့ ပြည်နယ်/တိုင်းများကို အထွေထွေအုပ်ချုပ်ရေးဌာနက၊ ဌာနဆိုင်ရာများနဲ့အုပ်ချုပ်နေဆဲဖြစ်ပါတယ်။ စနစ်တစ်ခုကိုအကောင်ထည်ရာမှာ လူထုမပါပဲလုပ်တာမျိုးတွေ အဘက်ဘက်က အလွန်နစ်နာပါတယ်။ အမေရိကန်နိုင်ငံ အခုခေတ်ဘိုးအေ အအောင်မြင်ဆုံးဒီမိုကရေစီနိုင်ငံကြီးကို စစ်ဗိုလ်ချုပ်ကြီး ဂျော့ဝါရှင်တန် ဦးဆောင်တည်ထောင်ခဲ့ပါတယ်။ ပြည်သူနဲ့ တစ်သားတည်းကျတဲ့ အစိုးရဖြစ်တော့၊ အင်္ဂလိပ်ကိုလိုနီကို စစ်နိုင်ပြီးတဲ့နောက်ပိုင်း ဖွဲ့စည်းပုံအခြေခံဥပဒေကိုဆွဲပါတယ်။ ပညာရှင်များက ၁၇၈၉ နှစ်မှာ ၈လအတွင်းအတွင်းရေးဆွဲပြီး အခုချိန်ထိ ၂၄ကြိမ်ပြင်ဆင်ခဲ့ပြီးဖြစ်ပါတယ်။ ထိုင်းနိုင်ငံ အိမ်နီးခြင်းထိုင်းနိုင်ငံမှာ ဘုရင်စနစ်ကိုပယ်ဖျက်ပြီးတဲ့ ၁၉၃၂ခုနောက်ပိုင်း ဖွဲ့စည်းပုံအခြေခံဥပဒေပေါင်း ၁၈ခု အသစ်ရေးဆွဲပြဌာန်းခဲ့ပါတယ်။ နောက်ဆုံးအသစ်ရေးဆွဲတာကတော့ ၂၀၀၇ခုနှစ် စစ်တပ်အာဏာသိမ်းပြီးချိန်မှာပါ။ အခု ၂၀၁၄မှာ စစ်တပ်အာဏာထပ်သိမ်းပါတယ်။ ထိုင်းနိုင်ငံကတော့ အခြေခံဥပဒေ ၁၉၉၂ကတော့ အကောင်းဆုံးလို့ပြောနိုင်ပါတယ်။ ဘွဲ့တစ်ခုရမှ အမတ်ဖြစ်ရမယ် ကန့်သတ်ထားပါတယ်။ ၂၀၀၇မှာ စစ်တပ်အာဏာသိမ်းပြီး ဖျက်သိမ်းခဲ့ပါတယ်။ ထိုင်းနိုင်ငံကတော့ မြန်မာအိမ်နီးချင်း အဓိကစီးပွားနိုင်ငံလည်းဖြစ်။ မြန်မာလူမျိုး ၄သန်းကျော် သွားရောက်အလုပ်လုပ်နေတဲ့ နိုင်ငံလည်းဖြစ်တော့ ထိုင်းနိုင်ငံရဲ့လွှမ်းမိုးမှုတွေ မြန်မာစစ်အာဏာပိုင်တွေမှာ အများဆုံးရှိပါတယ်။ အရှေ့တောင်အာရှနိုင်ငံများ အင်ဒိုနီးရှားဖွဲ့စည်းအုပ်ချုပ်ပုံကတော့ ၁၉၄၅ခုနှစ် ဒုတိယကမ္ဘာစစ်ပြီးတဲ့နောက် ရေးဆွဲအတည်ပြုခဲ့ပြီး၊ အခုချိန်ထိ ပြင်ဆင်တာတွေပဲရှိပါ တယ်။ အင်္ဂလိပ်လက်အောက်နေခဲ့တဲ့ စင်ကာပူ၊ မလေးရှားနိုင်ငံများရဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေတွေလည်း အသစ်ရေးဆွဲစရာမလိုခဲ့ပါ။ ဥပဒေဘောင်အတွင်းကပဲ ပြုပြင်ပါတယ်။ ဖိလစ်ပိုင်နိုင်ငံကတော့ အာဏာရှင်စစ်ဗိုလ်ချုပ်က သူစိတ်ကြိုက်ဖွဲ့စည်းပုံအသစ်ရေးဆွဲခဲ့တာကြောင့် ၁၉၈၇ခုနှစ် လူထုအုံကြွဖြုတ်ချခံရပြီး ဖွဲ့စည်းအုပ်ချုပ်ပုံအသစ်ရေးဆွဲ အတည်ပြုခဲ့ပါတယ်။ တရုတ်နှင့် အိန္ဒိယ မြန်မာနိုင်ငံရဲ့ အကြီးမားဆုံးအိမ်နီးချင် နိုင်ငံကြီး၂ခုဖြစ်ပြီး၊ အထူးသဖြင့် တရုတ်စီးပွားရေး၊ နိုင်ငံရေး လွမ်းမိုးမှုကို မြန်မာ့ခေါင်းဆောင်များ ခံစားနေရပါတယ်။ တရုတ်နိုင်ငံမှာ ကွန်မြူနစ်စနစ်ခေတ် ၁၉၅၂မှာ ဖွဲ့စည်းပုံအခြေခံဥပဒေဆွဲခဲ့ပြီး၊ ပြည်သူ့တော်လှန်ရေးနောက်ပိုင်း ၁၉၈၈မှာ စီးပွားပြုပြင်ပြောင်းလဲမှုနဲ့လိုက်လျောညီတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ အသစ်ဆွဲခဲ့ပါတယ်။ ၃ကြိမ် ပြင်ဆင်ခဲ့တာ ၂၀၀၄မှာ နောက်ဆုံးပြင်ဆင်ခဲ့ပါတယ်။ အိန္နိယမှာတော့ အင်္ဂလိပ်ထံမှလွတ်လပ်ရေးရပြီးနောက် ၁၉၄၉မှာ အတည်ပြုခဲ့ပါတယ်။ အသစ်ရေးဆွဲစရာ မလိုပဲ ယခုအချိန်ထိ ပြင်ဆင်မှုပေါင်း ၁၂၀ လုပ်ခဲ့ပြီးဖြစ်ပါတယ်။ တစ်နှစ်မှာ ၂ခါ ပြင်ဆင်နေတဲ့ အိန္နိယဖွဲ့စည်းပုံအခြေခံဥပဒေဖြစ်ပါတယ်။ တောင်ကိုးရီးယား ဒါနဲ့ လက်ရှိမြန်မာနိုင်ငံ သမ္မတဖြစ်သူ အမေရိကားခရီးစဉ်တုံးက ပြောခဲ့ပါတယ်။ သူအလွန်အားကျတဲ့ အာရှတိုက်က စစ်ဗိုလ်ချုပ်၊ တောင်ကိုးရီးယားသမ္မတပတ်ချုံဟီး ဆိုသူအကြောင်းပါ။ စစ်ဗိုလ်ချုပ်တွေ အလွန်အာဏာရှိတာ လူတိုင်းလက်ခံပါတယ်။ လူတော်လူကောင်း ဗိုလ်ချုပ်တွေလည်း မြန်မာပြည်မှာအများကြီးရှိပါတယ်။ လက်ရှိသမ္မတလည်း သမိုင်းမျာတော့ လူတော်လူကောင်းစာရင်းဝင်ဖို့ လမ်းများပါတယ်။ တောင်ကိုးရီးယားမှာ သမ္မတပတ်ချုံဟီး […]
တစ်ခါတုန်းကပေါ့ အရမ်းကိုအောင်မြင်နေတဲ့ ရုပ်မြင်သံကြားဌာနတစ်ခုကနေပြီး စီးပွားရေးမှာ ထူးချွန်လို့နာမည်ကြီးနေတဲ့ လူငယ်တစ်ဦးကို အင်တာဗျူးပါတယ် ။
တစ်ခါတုန်းကပေါ့ အရမ်းကိုအောင်မြင်နေတဲ့ ရုပ်မြင်သံကြားဌာနတစ်ခုကနေပြီး စီးပွားရေးမှာ ထူးချွန်လို့နာမည်ကြီးနေတဲ့ လူငယ်တစ်ဦးကို အင်တာဗျူးပါတယ် ။ အင်တာဗျုးတွေရဲ့နောက်ဆုံးအဆုံးသတ်စကားအတိုင်း မေးတဲ့သူက လူငယ်ကို “ အောင်မြင်မှုအတွက် ဘယ်အရာကအရေးပါဆုံးလို့ ထင်ပါသလဲ ” လို့မေးခဲ့ပါတယ် ။ လူငယ်က ခဏစဉ်းစားပြီး အဖြေကို တိုက်ရိုက်မပြောပဲ သူ့ကိုပုံပြင်လေးတစ်ပုဒ်ပြောသွားခဲ့တယ် ။
“ ဟိုးလွန်ခဲ့တဲ့ ၁၂ နှစ်တုန်းကပေါ့ လူငယ်တစ်ဦးက ကျောင်းပြီးတာနဲ့ နိုင်ငံခြားကိုထွက်သွားပြီး အလုပ်တစ်ဖက် ကျောင်းစာတစ်ဖက်နဲ့ ပညာဆက်လက်သင်နေခဲ့တယ် ။ သူသွားတဲ့နိုင်ငံက ပြင်သစ်နိုင်ငံတဲ့ ။ အဲဒီပြင်သစ်ကိုရောက်ပြီးမကြာခင်မှာပဲ လူငယ်လေးဟာ ပြင်သစ်က ကားဂိတ် ၊ ရထားဂိတ်တွေမှာ လက်မှတ်စစ်တွေ လက်မှတ်ပြရတဲ့နေရာမရှိကြောင်း သတိထားမိသွားတယ် ။ ကားတွေ ရထားတွေပေါ်မှာလဲ လက်မှတ်စစ်တွေလာစစ်တာ အင်မတန်နည်းကြောင်း သတိထားမိပြန်တယ် ။ တကယ်လို့ လာစစ်ခဲ့မိရင်လဲ အဖမ်းခံရမယ့် အခြေအနေဟာ လူတစ်သောင်းမှာမှ တစ်ယောက်တောင်မရှိဘူးလို့ သူတွေးမိလိုက်တယ် ။ အဲဒီလိုနဲ့ သူဟာ ကားစီးတိုင်းမှာ လက်မှတ်မ၀ယ်ပဲစီးခဲ့တယ် ။ ကိုယ်ကိုယ်ကိုယ်လည်း အလုပ်လုပ်ပြီး ကျောင်းတတ်နေရတာဖြစ်တဲ့အတွက် ငါဟာတတ်နိုင်သမျှ ချွေတာနိုင်သမျှ ချွေတာမယ်လို့ တွေးလိုက်တယ် ။
အဲဒီလိုနဲ့အချိန်ကာလ ၄ နှစ်ကုန်သွားခဲ့တယ် ။ နာမည်ကြီးတက္ကသိုလ်တစ်ခုရဲ့ကျောင်းသား တစ်ဦးအဖြစ် အကျင့်စာရိတ္တကောင်းမွန်တဲ့ကျောင်းသားတစ်ဦးအဖြစ် သူဟာဘွဲ့ရခဲ့တယ် ။ ပြီးတဲ့အခါ အဲဒီပြင်သစ်နိုင်ငံပဲရစ်မြို့မှာရှိတဲ့နိုင်ငံခြားကုမ္မဏီတွေမှာ သူအလုပ်လျှောက်ခဲ့တယ် ။ သူ့ကိုယ်သူယုံကြည်မှုအပြည့်နဲ့ပေါ့ ။ ဒါပေမယ့် အလုပ်တိုင်းလိုလိုမှာ သူဟာ အပယ်ခံထိခဲ့တယ် ။ အလုပ်စလျှောက်တော့ ကုမ္ပဏီတွေက သူ့ကို ၀မ်းသာအားရကြိုဆိုကြပြီး အင်တာဗျုးတွေမေးကြပေမယ့် နောက်ဆုံးတော့ သူ့ကို ပယ်ပစ်ခဲ့ကြတယ် ။ ဘာအကြောင်းကြောင့် ပယ်တာလဲ ဆိုတာကိုသူလည်းအတော့်ကို သိချင်နေခဲ့တယ် ။ နောက်ဆုံးကုမ္ပဏီတစ်ခုကိုတော့ သူ စာပို့ပြီးအပယ်ခံရတဲ့အကြောင်းကိုမေးခဲ့ပါတယ် ။ မကြာခင်မှာ ပဲ ပြန်စာသူ့ဆီရောက်လာခဲ့တယ် ။
စာထဲမှာရေးထားတာက . . မိတ်ဆွေရဲ့ ပညာအရည်အချင်း ၊ ဥာဏ်ရည်ဥာဏ်သွေးနဲ့ ထူးချွန်မှုကို ကျွန်တော်တို့ သဘောကျခဲ့တယ် ။ ဒါပေမယ့် ကိုယ်ကျင့်တရားနဲ့ယုံကြည်မှု အတိုင်းအတာကို ကျွန်တော်တို့ပြန်စစ်ဆေးကြည့်တော မိတ်ဆွေဟာ လက်မှတ်မပါပဲ ကားခိုးစီးမှုအတွက် ဒါဏ်ငွေ ၃ ကြိမ်ဆောင်ခဲ့ရကြောင်းကို ကျွန်တော်တို့ ၀မ်းနည်းစွာ သိခဲ့ရတယ် ။ ဒီတော့ ကျွန်တော်တို့ ဆုံးဖြတ်ခဲ့တာက မိတ်ဆွေဟာ
- စည်းကမ်းမလိုက်နာသူ
- ယုံကြည်ဖို့မထိုက်တန်တဲ့သူ ဖြစ်နေတယ်ဆိုတာပါပဲ ။ အဲဒီ ၂ ချက်ကြောင့် ကျွန်တော်တို့ကုမ္ပဏီကနေ ၀မ်းနည်းစွာ ပယ်ခဲ့ရခြင်းဖြစ်ပါတယ် ။ စာကိုဖတ်ပြီးတဲ့အခါ ဘွဲ့ရလူငယ်ဟာ ရုတ်တရက်အိပ်မက်ဆိုးထဲကနေ လန့်နိုးလာသလို တုန်လှုပ် ခြောက်ခြားနေခဲ့တယ် ။ စာရဲ့နောက်ဆုံးမှာလည်းအောက်ပါအတိုင်းရေးထားပါသေးတယ် ။
“ စဉ်းစားဆင်ခြင်နိုင်စွမ်းရဲ့အားနည်းချက်ကို ကိုယ်ကျင့်တရားက အမြဲတမ်းလိုက်ပြီးဖြည့်ဆည်းပေးတယ် ဒါပေမယ့် ကိုယ်ကျင့်တရားရဲ့အားနည်းချက် ချို့ယွင်းမှုကိုတော့ စဉ်းစားဆင်ခြင်နိုင်တဲ့အသိက ဘယ်တော့မှလိုက်မဖြည့်ဆည်းပေးနိုင်ဘူး ”
အဲဒီပြန်စာရပြီး နောက်ရက်မှာလူငယ်ဟာ သူ့နိုင်ငံသူပြန်သွားခဲ့တယ် ။ ကျွန်တော်ပြောချင်တာကတော့ဒါပါပဲလို့ လူငယ်က အင်တာဗျုးမေးတဲ့သူကိုဖြေလိုက်တယ် ။
လူငယ်ရဲ့စကားအဆုံးမှာ အင်တာဗျူးတဲ့သူတွေ ခဏလောက်တိတ်ဆိတ်သွားပါတယ် ။ ပြီးတော့ထပ်မေးတယ် “ ဒါဟာ အောင်မြင်မှုအတွက်အရေးပါတဲ့အချက်လို့ပြောနိုင်ပါသလား ”
“ ဟုတ်ကဲ့ပြောနိုင်ပါတယ် ဘာလို့လည်းဆိုတော့ အဲဒီပုံပြင်ထဲကလူငယ်က ကျွန်တော်ဖြစ်နေခဲ့လို့ပါပဲ ကျွန်တော်ဒီနေ့အောင်မြင်လာရခြင်းဟာ မနေ့က ဖြစ်ခဲ့တဲ့ မနေ့ကပြုလုပ်ခဲ့တဲ့ အမှားတွေ အားနည်းချက်တွေကို ဒီနေ့အတွက် သင်ခန်းစာယူပြီးအကောင်းဆုံးကြိုးစားနိုင်ခဲ့လို့ပါပဲ ။
----------------------------------------------------
ဘယ်သူမှ မသိဘူး ဆိုပြီးကိုယ့်ရဲ့ကိုယ်ကျင့်တရားကိုဖောက်ဖျက်လိုက်ခြင်းဟာ တကယ်တော့ ကိုယ့်အတွင်းစိတ်ကိုကိုယ်သတ်ပစ်လိုက်ရခြင်းနဲ့တူပါတယ် ။ မနေ့ကပြုလုပ်ခဲ့တဲ့အမှားတွေနောင်တတွေကို ဒီနေ့အထိသယ်ဆောင်လာခဲ့ရမှာမဟုတ်ပါဘူး ။ ဖြစ်ခဲ့သမျှကို အကောင်းဆုံးသင်ခန်းစာယူလို့ ဘ၀အတွက် ကြီးမားတဲ့ အောင်မြင်မှုကို လက်လှမ်းယူကြရမှာဖြစ်ပါတယ် ။ အသိဥာဏ်ကို မြင့်မားအောင် တည်ဆောက်ပါ ကိုယ်ကျင့်တရားကို မပျက်ယွင်းပါစေနဲ့ နိမ့်ပါးတဲ့အသိဥာဏ်ကို ကောင်းမွန်တဲ့ကိုယ်ကျင့်တရားက ကာကွယ်ဖြည့်ဆည်းပေးပါလိမ့်မယ် ။
သက်တန့်ချို
Interview with the success man အား ခံစားဘာသာပြန်သည် ။
ပည်သူလူထုခေါင်းဆောင်ကို အဆုံးအရှုံး မခံနိုင်လို့  ပြောရခြင်းပါ။
ဒေါ်အောင်ဆန်းစုကြည်အနေနဲ့  လုံခြုံရေးစီမံမှု အကြံပြုမှုနဲ့  တားမြစ်မှုများကို လေးလေးစားစား လိုက်နာသင့်ပါတယ်။ လုံခြုံရေးတာဝန် ယူထားသူများအနေနဲ့ လည်း လုံခြုံရေးစီမံမှု အကြံပြုမှုနဲ့  တားမြစ်မှုများ ထိထိရောက်ရောက် ပြုလုပ်သင့်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့  အသက်အန္တရာယ်နဲ့  ဘေးရန်ကင်းရှင်းဖို့  လုံခြုံရေးတာဝန် ယူထားတဲ့သူတွေ ဒေါ်အောင်ဆန်းစုကြည် သွားချင်တိုင်း တွေ့ ဆုံချင်တိုင်း သွားတာ တွေ့ ဆုံတာထက် အသက်အန္တရာယ်ရှိနိုင်တယ် ဘေးအန္တရာယ်ရှိနိုင်တယ်ဆိုရင် ဒေါ်အောင်ဆန်းစုကြည်ကို မသွားသင့်ကြောင်း မတွေ့ ဆုံသင့်ကြောင်း ပြောပြရမယ်။ တာဝန်အရ အကျိုးအကြောင်း ဆီလျော်စွာ ပြောကြားရမယ်။
အသက်အန္တရာယ်ရှိနိုင်တဲ့ ဘေးအန္တရာယ်ရှိနိုင်တဲ့အခြေအနေတွေ သတင်းတွေကို ကြိုတင်လေ့လာ စုံစမ်းထားရမယ်။ လိုအပ်ရင် လမ်းကြောင်းမှာ ကြိုတင်ထားရှိသင့်တာတွေ ထားထားရမယ်။ ဒေါ်အောင်ဆန်းစုကြည် သွားတဲ့နေရာအတိုင်း ဘေးက ခြံရံလိုက်ပါနေရုံနဲ့  ဘေးအန္တရာယ်ကင်းနိုင်တယ်လို့  ယူဆလို့  မရဖူး။
ဒီပဲယင်းတုန်းက ညဘက်အချိန်သွားခဲ့တာ အန္တရာယ်ကြီးမားတဲ့အချိန်ဆိုတာ သိသိကြီးနဲ့  သွားခဲ့လို့  မထင်မှတ်ဘဲ ကြုံရလို့ ဖြစ်စေ ကြိုတင်သိနေလို့ ဖြစ်စေ အသက်အန္တရာယ်ထိခိုက်လုအောင် ကြုံတွေ့ ခဲ့ရတယ်ဆိုတာ သင်ခန်းစာ ယူသင့်တယ်။
ပြည်သူလူထုမို့  အလေးထားပြီး တွေ့ ဆုံပြောဆိုဆက်ဆံဖို့  မငြင်းသင့်ဖူး၊ မပစ်ပယ်သင့်ဖူးဆိုတာ အခြေအနေ အချိန်အခါရယ် လုံခြုံရေးအနေအထားရယ်ဆိုတာ ချိန်ဆဖို့  သင့်ပါတယ်။
ယခု တပ်ကုန်းမှာ ဖြစ်ခဲ့တဲ့ လတ်တစ်လောအဖြစ်အပျက်ကို သုံးသပ်ရရင် ဒေါ်အောင်ဆန်းစုကြည် လိုက်ပါစီးနင်းတဲ့ကားဟာ ရှေ့ ဆုံးက မဖြစ်သင့်သလို နောက်ဆုံးကလည်း မဖြစ်သင့်ဖူး၊ မိတ်ဆွေလား ရန်သူလား မသိနိုင်တဲ့သူ သိမြင်နေရရင်လည်း မိမိပါဝင်တဲ့ ကားက အရင်ရပ်ပြီး တိုက်ရိုက်ချက်ချင်း တွေ့ ဆုံတာမျိုး မဖြစ်သင့်ဖူး။ ယခုလို လူမျိုးနဲ့  စကားအပြန်အလှန်ပြောလိုက်လို့  မိမိဘက်တို့ ဘက်က နိုင်ငံရေးအမြတ်လို့  သုံးသပ်တာဟာ သင့်တော်လောက်တဲ့ နိုင်ငံရေးအမြတ်ကြီးရတာ မဟုတ်ဖူး။ နိုင်ငံရေးအမြတ်လို့  ဆောင်ရွက်ချင်ရင် ဒီထက်ကောင်းမွန်တဲ့ ပုံသဏ္ဍန်ကျကျ လုပ်သင့်တယ်။ မသင့်တော်တာ လုပ်လို့  ကြုံလိုက်ရမယ့် ပေးဆပ်မှုဟာ ကြီးမားသွားနိုင်တယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့  လုံခြုံရေးအတွက် စီမံဆောင်ရွက်မှုမှာ တကယ်တမ်းကြတော့ ဘေးအန္တရာယ်ကြီးကြီးမားမား ရင်ဆိုင်ရရင် လုံလောက်တဲ့ အကာအကွယ် အဟန့် အတား ထိုးဖောက်ခြေဖျက်နိုင်တဲ့ အနေအထား မရှိဖူး။ လူအင်အားအနည်းငယ်နဲ့ လက်ချိတ်ဆွဲ ကိုယ်ခန္ဓာနဲ့ ကာဆီးပေးနိုင်တဲ့ အနေအထားထက် ပိုတဲ့ အခြေအနေ မရှိဖူး။ ကိုယ့်ရဲ့ လုံခြုံရေးပမာဏအတိုင်းအတာဟာ ဒီလောက်အခြေအနေဘဲ ရှိတယ်ဆိုရင် အဲ့ဒီပမာဏထက် ကျော်လွန်နိုင်တဲ့ ဘေးအန္တရာယ်ဖြစ်နိုင် ကျရောက်နိုင်မှုတွေကို ရှောင်ရှားဖို့  သင့်တယ်။ အထူးသဖြင့် ရွေ့ လျားခရီးစဉ်တွေကို လမ်းခရီးစဉ်တွေကို ပိုမို သတိထားသင့်တယ်။ လူထုဟောပြောပွဲတွေလို နေရာမျိုးမှာ ပြည်သူလူထုအင်အားရှိလို့  တော်ရုံတန်ရုံ အန္တရာယ်မပြုနိုင်တာတောင် အနီးကပ်စက်ကွင်းတွင်မှာတောင် သတိထားရတာရှိသေးရင် ကျန်တဲ့ခရီးသွားလာမှု အနေအထား အခြေအနေတွေဟာ လုံခြုံရေးဘက်ကကြည့်ရင် အန္တရာယ်ပြုနိုင်သူတွေအတွက် ပိုပြီး အခွင့်အရေးရှိနေတယ်ဆိုတာ သတိရှိစေချင်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ကလည်း လုံခြုံရေးအရ သတိပေး တားမြစ်တာကို လက်ခံသင့်ရင် လက်ခံရမယ်။ နိုင်ငံတကာ ခရီးစဉ်တွေမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေးအတွက် ဘယ်လောက်အချိန်ယူ ဘယ်လောက်အင်အားအတိုင်းအတာတွေနဲ့  ဘယ်လိုတိတိကျကျ စီမံတယ်ဆိုတာ တွေ့ မြင်သိမှာပါ။ နိုင်ငံတကာခရီးစဉ်မှာ သက်ဆိုင်ရာအစိုးရပိုင်းက အထူးစီစဉ်တဲ့ လုံခြုံရေးစီမံမှု တားမြစ်မှုတွေအပေါ် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် လိုက်နာပေးရတာတွေ ရှိတယ်ဆိုတာ သိရှိမှာဖြစ်တဲ့အတွက် မြန်မာပြည်တွင်း ခရီးစဉ်မှာလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ ချူပ်ရဲ့  သက်ဆိုင်ရာ လုံခြုံရေးတာဝန်ယူထားသူတွေက တင်ပြပေးတဲ့ လုံခြုံရေးဆိုင်ရာ စီမံမှု အကြံပေးမှု တားမြစ်မှုတွေကို ဒေါ်အောင်ဆန်းစုကြည်အနေနဲ့  လိုက်နာပေးပါလို့  အထူးမေတ္တာရပ်ခံပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့  လုံခြုံရေးအတွက် မကြခဏဆိုသလို ပြည်သူလူထုဘက်က စိုးရိမ်စိတ်တစ်ခုတဲနဲ့  တင်မဟုတ်ဘဲ ကြိုတင်သတိပေးတာတွေ ကြားသိမှာပါ။
ဒေါ်အောင်ဆန်းစုကြည်ကို မိမိကိုယ်တိုင်တောင်မှ မိမိမပိုင်တဲ့ ပြည်သူလူထုခေါင်းဆောင်ဖြစ်နေတာမို့  လုံခြုရေးဆိုင်ရာ ပြောရခြင်းကို လက်ခံနားလည်ပေးပါလို့  အထူးမေတ္တာရပ်ခံပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့  အသက်အန္တရာယ်နဲ့  ဘေးရန်ကင်းရှင်းဖို့  လုံခြုံရေးတာဝန် ယူထားတဲ့သူတွေအနေနဲ့ လည်း ပြည်သူလူထုကိုယ်စား လုံခြုံရေးအရ ဒေါ်အောင်ဆန်းစုကြည်ကို အန္တရာယ်ရှိနိုင်တဲ့အခြေအနေမှန်သမျှကို သုံးသပ်ပြီး လေ့လာပြီး စုံစမ်းပြီး ဒေါ်အောင်ဆန်းစုကြည်ကို တားမြစ်သင့်ရင် တားမြစ်ရဲရပါမယ်။ အန္တရာယ်ကျလာမှ အကာအကွယ်ပေး အသက်ပေးတာလောက်ဟာ လုံခြုံရေးတာဝန် ကျေပွန်တာ မဟုတ်ပါဖူး။ ဘေးအန္တရာယ်ကို ကြိုတင်ရှောင်ရှားနိုင်အောင် စီမံခန့် ခွဲမှု ပီပီပြင်ပြင် ဆောင်ရွက်နိုင်တာက အဓိက ပိုကျပါတယ်။
ဒီပဲယင်း လုပ်ကြံခံရမှုဟာ ပထမအကြိမ်နဲ့  နောက်ဆုံးအကြိမ်ဘဲ ဖြစ်ပါစေလို့  … ဆုသာတောင်းရတယ် ရန်သူက ကျားချောင်းမဟုတ်ဘဲ ဖွတ်ချောင်းချောင်းနေတာ ..
ပြည်သူလူထုခေါင်းဆောင်ကို အဆုံးအရှုံး မခံနိုင်လို့  ပြောရခြင်းပါ။
လေးစားလျက် -
နစ်နေမန်း။
Monday, June 2, 2014
ဒေါင်းလိုက်ပါ လိုင်းကောင်းအောင်
Recommended Android Apps:2G|3G|4G Fast Internet Browser (from #Mobo Market# http://www.moborobo.com/app/mobomarket.html) ဒေါင်းလိုက်ပါ
လိုင်းကောင်းအောင် Recommended Android Apps:2G|3G|4G Fast Internet Browser (from #Mobo Market# http://www.moborobo.com/app/mobomarket.html
pktsgg.blogger Posted via Blogaway
တစ်ခါတုန်းကပေါ့ ဈေးလေးတစ်ခုထဲမှာ နုံနုံအအ လူတစ်ယောက်ကျင်လည်ကျက်စားနေခဲ့ပါတယ် ။
တစ်ခါတုန်းကပေါ့ ဈေးလေးတစ်ခုထဲမှာ နုံနုံအအ လူတစ်ယောက်ကျင်လည်ကျက်စားနေခဲ့ပါတယ် ။ လူတွေက သူ့ကို ၀ိုင်းပြီးအမျိုးမျိုးစနောက်ကြတယ် ။ လူတွေအမြဲစနောက်တဲ့နည်းကတော့ လက်ဖ၀ါးပေါ်မှာ ၁၀ တန်နဲ့ ၂၀ တန် ကိုတင်ပြီး နုံအတဲ့ လူကို ရွေးယူစေတဲ့နည်းဖြစ်ပါတယ် ။
နုံအတဲ့လူက အမြဲတမ်းပဲ တစ်ဆယ်တန်ပဲရွေးချယ်ပြီးယူခဲ့တယ် ။ လူတွေက သူ့ကို ၀ိုင်းလှောင်လေ့ရှိကြတယ် ။ ဆယ်တန်နဲ့ ၂၀ တန်မှာ တန်ဖိုးပိုကြီးတဲ့ ၂၀တန်ကိုမယူပဲ ၁၀ တန်ကိုပဲရွေးယူတဲ့အတွက် ဒီလောက်တောင်နုံအရသလားဆိုပြီးပျက်ရယ်ပြုလေ့ရှိကြတယ် ။ ဈေးထဲကိုလာတဲ့လူတိုင်းလိုလိုက သူ့ကို အဲဒီနည်းအသုံးပြုပြီး အမြဲပဲ စနောက်မှုတွေလုပ်ခဲ့ပြီးလှောင်ရယ်ခဲ့ကြတယ် ။
တစ်နေ့တော့ လူတစ်ယောက်က အဲဒီလူနုံလူအကို သိလိုစိတ်နဲ့မေးလိုက်တယ်
“ ခင်ဗျား တကယ်ပဲ ဆယ်တန်နဲ့ နှစ်ဆယ်တန်ကိုမခွဲတတ်ဘူးလားဗျ ”
အဲဒီအခါ လူအ က ပြုံးပြီးပြောလိုက်တယ် “ တကယ်လို့သာ ကျွန်တော်က နှစ်ဆယ်တန်ကို ယူလိုက်ရင်နောက်တစ်ခါ သူတို့က ကျွန်တော့်ကို အဲဒီလို စကြတော့မှာမဟုတ်ဘူးဗျ ”
------------------------------------------
ဘရာဇီးသားတွေပြောလေ့ရှိတဲ့ပုံပြင်လေးတစ်ပုဒ်ရှိတယ် “ လူနုံလူအတွေက ပိုက်ဆံပေးပြီးသင်ယူတယ် ။ လူတော်တွေက အဲဒီလူနုံလူအတွေရဲ့ ပိုက်ဆံနဲ့ပြန်သင်ယူ တယ် ” တဲ့
ကိုယ့်ကိုယ်ကို တော်လှပြီထင်နေတဲ့သူတွေက တကယ်တော့ လူနုံလူအတွေဖြစ်နေတတ်ကြပြီး လူနုံလူအလို့ အများက ထင်မြင်နေကြတဲ့သူတွေဟာ တခါတရံမှာ လူတော်တွေဖြစ်နေတတ်ကြတယ် ။
သက်တန့်ချို
The wise and fool အား ခံစားဘာသာပြန်သည် ။
pktsgg.blogger Posted via Blogaway
စစ်ကိုင်းကျောက်ပုတီးဝိုင်း ဈေးကွက်ပျက်နေပါတယ်
စစ်ကိုင်းကျောက်ပုတီးဝိုင်း ဈေးကွက်ပျက်နေပါတယ်
ဝယ်သူတွေက ရောင်းသူတွေ ထံမှ ကျောက်အလုံး
1000 ရောင်းရင် 100 လုံးကို အလကားယူပါတယ်
နောက်ပြီး ရောင်းရတဲ့ ငွေထဲက နေ 100000 ကို 5000 ယူပါတယ် ဒါမဖြစ်သင့် ဈေးကွက်ပါ ဒါတွေကို
ဘယ်လူကြီးတက်လာလာ ပ ပျောက်အောင် မလုပ်
ပေးနိုင်ကြပါဘူး တရုတ်တွေ လုပ်တိုင်းလုပ် ၀ယ်ချင်
သလိုဝယ် ပဲလှော်ဈေးကမှ ကောင်းပါသေးတယ်
ကျောက်မျက် ရတနာဈေးက ပဲလှော်ဈေးလောက်
တောင် တန်ဖိုးမရှိသလောက် ဖြစ်နေပါတယ်
စီးပွါးရေးကွက် ဒီလိုပျက်တယ်ဆိုတော့ ကျောက်လုပ်ငန်း
လုပ်ကိုင် သူများအခက်တွေ့နေပါတယ်
pktsgg.blogger Posted via Blogaway